Part{28}

23.5K 1.4K 65
                                    

"မဖြစ်နိုင်တာ"
"ကျွန်တော်မျိုးမနားန့ဲဆက်ဆက်ကြားခ့ဲ
ရတာပါမားမား"
"အကိုတော်​  ပြောေ​တာ့အဆင်ပြေတယ်ဆို"
"အေးလေ​  ငါတို့ဘက်ကသမားတော်ကိုယ်
တိုင်စမ်းသပ်ပြီးပြီဘဲပျက်ကျတာအသေအချာကို​
ဘာလို့ပြန်ပြီး"
"အားးးးးးးးး!!!"
အော်သံအဆုံးရေနွေးကရားနှင့်အကြမ်း
ရည်ခွက်ကလေးတို့မှာစားပွဲပေါ်မှလက်ဖြင့်
ပုတ်ထုတ်ခြင်းခံလိုက်ရကာပျက်ဆီးခြင်း
သို့ရောက်ရှိရလေသည်။
" လျိုရှောင်ချင်!!  မရရအောင်ဖျက်စီး ပြစ်
မယ်​  ခုချက်ချင်းအ့ဲအပျိုတော်ကိုသတ်ပြစ်စမ်း
အသုံးမကျတာဒင်းကြောင့်"
" စိတ်အေးအေးထားနည်းလမ်း
တွေအများကြီးရှိတယ်အိ​န္ဒြေကိုထိန်းစမ်း"
မျက်ရည်များကျလျှက်အသားများ
တုန်ရင်နေသောညီမဖြစ်သူအားကြည့်
ကာယန်စစ်သူကြီးခေါင်းတခါခါနှင့်ပင်
အဆောင်အပြင်သို့ထွက်သွားလေတော့
သည်။

            - - - - - - - - - - - -
ရှောင်ချင်မူးနောက်နောက်ခံစားချက်နှင့်အတူ
မနေနိုင်စွာမျက်လွှာတို့အားဖွင့်မိသည်။
အချိန်တော်တော်စောင်းနေပြီဖြစ်ရာ
မိုးပင်ချုပ်လုနီးနီးဖြစ်နေလေ၏။
"သတိရပြီလား"
အနောက်ဘက်မှသိုင်းဖက်ထား
သောလက်တို့ကိုယခုမှပင်သတိပြုမိ
လေသည်။ဟုတ်ပေသားဘဲ သူအဆောင်ရှေ့မှာ
သတိလစ်သွားတာ။
"သက်သာလားပင်ပန်းနေမှာဘဲ
ကလေးလေးရောက်နေပြီဆိုတော့
များများအနားယူ"
ဖျက်ကနဲလက်ကိုလာဆုပ်ကိုင်သော
အားချင်အားဂရုနာသက်စွာကြည့်လိုက်
သည်။ မျက်ဝန်းတို့မှတစ်ဆင့်မယုံကြည်
နိုင်ခြင်းမသေချာခြင်းတို့ယှက်နွယ်နေသည့်
အကြည့်တို့ကြောင့်သူလေးဘယ်ဘက်
လက်ဖျံပေါ်သို့ညာဘက်လက်လေးကိုအသာတင်
ပေးလိုက်မိသည်။
" ကလေးလေးပြန်ရောက်နေတယ်"
တင်းခနဲဖြစ်သွားသောခန္ဓာကိုယ်လေး
မကြာလိုက်ပါ။ လက်ဖျံသွေးကြောလေး
အားမယုံကြည်နိုင်စွာစမ်းလျှက်မျက်ရည်များ
ကျလာလေသည်။
"မငိုရဘူးတိတ်​  အထဲကကလေးလေးစိတ်
မကောင်းဖြစ်လိမ့်မယ်"
"မရှိတော့ဘူးထင်နေတာ​ မ  မကာကွယ်
နိုင်လိုက်ဘူးထင်နေတာ​   အင့်"
ရှိုက်သံသ့ဲသ့ဲနှင့်အတူစကားတို့ပွင့်
အံထွက်လာပြန်သည်။
"ပင်ပန်းတယ်ကွာတိတ်တော့မျက်ရည်
မကျန့ဲတော့ခုကိုယ်တို့ကလေးလေးလဲ
ပြန်ရောက်လာပြီဘဲမလားဒီနေ့ဒီအချိန်က
စပြီးဘယ်သူ့ကိုမှမယုံတော့ဘူးမင်းန့ဲကလေးန့ဲ
ကိုကိုယ့်အသက်ထက်ပိုတန်ဖိုးထားစောင့်
ရှောက်သွားမယ်ပျော်စရာတွေဘဲရောက်
လာတော့မှာကိုယ်သည်းမခံနိုင်တော့ဘူး
ဒီကိစ္စဒီအတိုင်းမထားဘူး​  ကိုယ်ကတိပေး
တယ်နော်​  အ့ဲတာကြောင့်တိတ်ပါတော့
မင်းမျက်ရည်ကျရင်ကိုယ်တော်မနေနိုင်လွန်း
လို့ချက်ချင်းဓားဆွဲပြီးသွားသတ်မိလိမ့်မယ်
တိတ်တော့နော်​  "
" အွန်း​  ကလေးလေးကိုဘယ်တော့မှ
အဆုံးရှံ​ုးမခံနိုင်တော့ဘူး​  အားချင်လဲ
ကတိပေးတယ်"
" ကိုယ်တော်တို့ဆီကံကောင်းခြင်း
တွေဘဲရောက်လာတော့မှာပူပင်မနေ
န့ဲစိတ်ချမ်းသာအောင်နေ"
နဖူးသားလေးအားခပ်ဖွဖွနမ်းရင်း
" ချစ်တယ်​  အားချင်"
ပိုမိုတိုးဝင်လာသောခန္ဓာကိုယ်လေးအား
ရင်ခွင်တွင်းလွတ်ထွက်သွားမတတ်ဖက်
ထားလိုက်မိသည်။
အချိန်တို့တစ်စတစ်စကုန်လွန်လာပြီး
ညလယ်သို့ရောက်လာချိန်
အားချင်စိတ်တို့ယောက်ယက်ခက်လာ
လေသည်။ နားထဲတွင်တစ်စုံ
တစ်ယောက်ခေါ်သံအတိုင်းသားကြား
နေရသည်။
"ဘယ်သူလဲ"
ရုတ်တရက်အေးစက်သွားသော
ပတ်ဝန်းကျင်နှင့်အတူရစ်ပတ်လာသော
အေးစက်စက်အလုံးအထည်တစ်ခုကြောင့်
လန့်သွားရကာအော်မည့်ဆဲဆဲ
"  ခမည်းတော် ကျွန်တော်ပါ"
ဟင်။
"ကျွန်တော်မရောက်ရောက်အောင်ပြန်လာ
တာ ခမည်းတော်ပျော်တယ်မလားဟင်"
ခါးထက်ရစ်ပတ်ထားသောနဂါး
အဖြူရောင်ကြီးမှလူစကားထွက်
လာသောကြောင့်အားချင်ကြောင်အကာ
စကားပင်မဟနိုင်တော့။
"ကြောက်သွားလားဟင်​  ခမည်းတော်
ကျွန်တော်လေ​ ခမည်းတော်ကိုတွေ့ချင်လွန်းလို့
လာတွေ့တာ​  လန့်မှာဆိုးလို့သွားမတွေ့ရ
ဘူးတ့ဲဘိုးဘိုးကြီးတွေက​  ဟီးဟီးအလစ်
ကိုလာတွေ့တာသူတို့ခုချိန်မရှိဘူး"
ပြေလျော့သွားသောရစ်ပတ်မှုတို့နှင့်
အတူအရှေ့၌အခွေလိုက်ကြီးရှိနေသော
ဤအရာကြီးက​ အားချင်အားစွံ့အ
စေသည်။
ချက်ချင်းဆိုသလိုပတ်ဝန်းကျင်
တခုလုံးရေလွှမ်းသွားရကာမြူ
မှုန်များရစ်သိုင်းလာချေသည်။
" ဒါ​  ဒါက"
ဖျက်ကနဲမျက်စိရှေ့၌ထတောက်လာသော
အဖြူရောင်မျက်လုံးနှစ်လုံးကြောင့်လန့်ကာ
ထအော်လိုက်မိသည်။
"အားးးးးးးးး"
"အားချင်​  ဘာဖြစ်တာလဲကလေး
ကိိုယ့်ကိုကြည့်စမ်း​ "
"န​  နဂါးကြီး"
"ဘယ်လို"
"အဖြူရောင်​   နဂါးကြီး"
တစ်ကိုယ်လုံးချွေးများစိုရွဲကာ
ပလုံးပထွေးပြောနေလေသည်။
တစ်ညလုံးသူလေးအိပ်ပျော်အောင်
စောင့်ကြည့်ပြီးအိပ်ပျော်သွားမိချိန်အော်
သံကြောင့်ဆက်ကနဲထထိုင်ကာ
စိုးရိမ်တကြီးမေးမိခြင်းပင်။
"မင်းကြီးဧကရီရဲ့ကိုယ်ဝန်ကပုံမှန်မဟုတ်ပါဘူး
အင်မတန်ဘုန်းကံကြီးတာမို့ ကျွန်တော်မျိုးမြင်
ရတ့ဲနက္ခက်အရနဂါးမျိုးနွယ်ဝင်စားတာ
ဖြစ်ပါတယ်မင်းကြီး"
ပုရောဟိတ်ကြီးစကားတို့ကိုဝမ်ယွန်ပြန်သတိရလိုက်မိသည်။
" ဒါဆို​  ကလေးလေးကခမည်းတော်ကို
တွေ့ချင်နေပြီပေါ့ဟုတ်လား"
စိတ်အနည်းငယ်သက်သာသွားရ
ကာယခင်နှင့်မတူလုံးလုံးလေးဖြစ်နေ
သောဗိုက်ကလေးအားခပ်ဖွဖွပွတ်ကာ
မေးလိုက်မိသည်။
"ဒါပေမ့ဲ​   ခမည်းတော်ကိုလန့်အောင်
တော့မလုပ်န့ဲပေါ့​  ကြည့်ပါဦးခမည်းတော်မှာ
ချွေးတွေန့ဲ​  ဒီဟာလေးတော့  တယ်"
" ကလေးကိုမဆူပါန့ဲ  သူများသားသမီး
ကို​   ဘာဖြစ်လဲတွေ့ချင်လို့လာတွေ့တာ"
နှုတ်ခမ်းသေးသေးလေးအားလုံးထော်ကာ
ချက်ချင်းပြန်ခံပက်လေတော့သည်။
"ဟား​   ဟား​  ဟား​  ဟား
ဟုတ်ပါပြီ​  အားချင်ရယ်"
စစ်လန်အဆောင်ရှေ့၌ပင်သကာရည်လောင်း
ထ​ားသောမျက်နှာနှင့်အထဲမှအသံတို့အား
တံ​ခါးနားကပ်ကာပေါ်တင်ပင်နားထောင်နေမိ
သည်။
" မင်းသမီးလေး​  အခုအနေအထားက
မသင့်တော်"
"ရှူးးးးတိတ်တိတ်နေစမ်းပါ"
တံခါးနားကိုကပ်လိုက်မျက်နှာကြီးဖြီး
လိုက်နှင့်သူတို့မင်းသမီးလေးအားနိုင်ပင်
မနိုင်တော့။ ညလယ်ကြီးမင်းသမီးလေးရယ်။
"အင့်"
ပွင့်လာသောအဆောင်တံခါးနှင့်အတူ
တစ်ခုသောရင်အုပ်ကြီးနှင့်ဝင်
ဆောင့်မိလေတော့သည်။
"ဘာလုပ်နေတာလဲ"
" ကိုကို့ဆီသွားမလို့"
" ဟေ့​  ဟေ့"
ကျော်တက်သွားသောဤကလေးမအား
ဂုတ်မှပြန်ဆွဲလာကာအဆောင်အပြင်
ထွက်လာလိုက်သည်။
"ငါ့ကလေးပင်ပန်းနေတယ်တွေ့ချင်နောက်နေ့မှတွေ့
ပြီးတော့အချိန်ကိုကြည့် "
"မရဘူး​  အခုတွေ့မှာ"
"ဟ့ဲ​  ငါ့လဲအရေးလုပ်ဦး​  ငါကတိုင်းပြည်ရှင်ဘုရင်
လေနဲနဲပါးပါးကြောက်ဦး"
" ဟွန်းးး   သိပြီ"
"အ့ဲတာဆိုလဲပြန်တော့လေ​  ဘာဆက်လုပ်နေတာလဲ"
"ဟွန်းးး "
မျက်စောင်းတနင့်တပိုးထိုးထည့်သွား
သောကလေးမအားအ့ံသြောမိိသည်။
ဘယ်လိုတောင်အကြောက်အလန့်မရှိ
ရာရာစစ။
===
နေရောင်ခြည်နွေးနွေးပက်ဖြန်းလာသည့်အချိန်ဝယ်
"အထိန်းတော်ကြီး"
"ဟုတ်က့ဲ"
" ဂျုံရှစ်ကိုသက်သေတွေအကုန်စုထား
လို့ပြောလိုက်​  ညီလာခံမှာတွေ့မယ်လို့"
" မှန်လှပါ"

ချစ်သောအရှင်Season(1)CompletedOnde histórias criam vida. Descubra agora