ယွီးးးးးးးးးးး
"အားချင်ရောက်ပြီဈေးကို"
"ဟုတ်အကိုယိ့ဖန်"
အသင့်ရောက်နေသောချင်းစူးကိုပါခေါ်ကာ
" အကိုယိ့ဖန်ဒီမှာခနစောင့်နေနော်
ကျွန်တော်မှာစရာရှိလို့"
အားချင်အရင်ဦးဆုံးသွားမိတာကမွန်ဂိုလူမျိုးကုန်
သည်ရှိရာ" နတ်ပန်းလွှာ"ကုန်စည်ဌာန...
"ဝေ ဒီဗျပ်စောင်းလေးဘယ်လောက်လဲ"
"သခင်လေးကမြင်တတ်လိုက်တာဒါကျောက်စိမ်း
အစစ်တွေမြုပ်ထားတ့ဲစောင်းပါ"
အားချင်ကုန်သည်အားသတင်းပို့ခိုင်းပြီးနောက်
စောင့်နေစဉ်ဘာရယ်မဟုတ်တစ်ဖက်မှကျောက်စိမ်း
ဗျပ်စောင်းဆိုသောကြောင့်လှည့်ကြည့်မိသည်။
ဟင်... ဒါကျောက်စိမ်းတွေမှမဟုတ်တာ ပယင်းတွေကို
ဟိုလူအလိမ်မိတော့မှာဘဲ။
" အဟမ်း ဒီကမိတ်ဆွေကျောက်စိမ်းဆိုတာသေချာ
ရဲ့လားအရောင်ကပယင်းဘက်ပါနေတယ်နော်
ပြီးတော့.... ခနတီးကြည့်လို့ရမလားစမ်းကြည့်
ချင်လို့"
ကျင်းစီယွမ်ဘေးမှကောင်လေးအားကြည့်မိသည်။
သူလဲသိတယ်ပယင်းဘက်ပါနေတယ်ညာရောင်းနေ
တယ်ဆိုတာဒါပေမ့ဲဒီကောင်လေးတတ်တတ်တတ်တတ်
န့ဲဝင်ပြောနေတာကိုတငေးတမော
ကြည့်ချင်၍ သာငြိမ်နေခြင်းပင်။
" ရမလားအကို"
" ရ ရတာပေါ့စမ်းကြည့်ပါ"
ထိုကောင်လေးတစ်ချက်ပြုံးကာစတင်တီးခတ်လိုက်
ချိန်ဖယောင်းသွယ်လိုပျော့ပျောင်းတ့ဲလက်ကလေးတွေ
ကြိုးကိုလှုပ်ခတ်သွားတာကြည့်ပြီးသူ့နှလုံးသားပါ
တုန်ခါသွားလေပြီ။။။
"ကြိုးလည်းလျော့နေတယ်ရော်....ဒီကအကိုမဝယ်သင့်ဘူးဒီဟာထက်အရည်သွေးမြင့်တာရှာသင့်တယ်"
" သခင်လေးခေါင်းဆောင် န့ဲတွေ့လို့ရပါပြီ"
"အင်းကောင်းပြီ ငါလာခ့ဲမယ်"
"ခွင့်ပြုပါဦး"
"ခဏ ခဏလေး ကျေးဇူးတင်ပါတယ်ဗျာအခုလို
ကူညီတာ အပန်းမကြီးရင်နာမည်သိခွင့်ရှိမလား
ဒီကညီလေး"
" ရှောင်ချင်.... လျိုရှောင်ချင်"
ထိုစကားကြားသောအခါညာရောင်းနေသော
ဆိုင်ရှင်မှာသွေးမရှိတော့သဖွယ်မျက်နှာဖြူစုပ်
သွားလေသည်။ တိုင်းပြည် ဧကရီန့ဲမှတည့်တည့်တိုး
ရတယ်လို့။ အခုလေးတင်ကျိန်ဆဲနေတာစိတ်ထဲကနေ။
မင်းကြီးသာသိရင်ငါခေါင်းပြုတ်တော့မှာဘဲ။ထိုစဉ်အားချင်ရင်ထဲတမျိုးဖြစ်လာလေသည်။ ခေါင်းတစ်ချက်လောက်ယမ်းလိုက်မိကာ
ဆက်သွားမိသော်လဲမဟန်နိုင်သောကြောင့် ပစ်လဲကျသွားရတော့သည်။
စီယွမ်လဲကျလာသောခန္ဓာကိုယ်
လေးအားအသာထိန်းကာ
ပွေ့လိုက်သည်။
"သမားတော်အမြန်ခေါ်!!"
"ဟုတ်က့ဲ"
နောက်မှပါလာသောကိုယ်ရံတော်အားသမား
တော်ပင့်ခိုင်းကာကုန်သည်ခေါင်းဆောင်အခန်း
သို့ခေါ်ဆောင်သွားလိုက်သည်။
"မင်းသား"
" ခေါင်းဆောင်အခန်းခဏသုံးပါရစေ"
"ရ ရပါတယ်"
ဘာမပြောညာမပြောတွန်းဖွင့်ကာဇွတ်ဝင်သွားတော့
ခေါင်းဆောင်ကကြောင်အအ။။
"တစိတ်လောက်ရှင့် အ့ဲဒီ့လူကဘယ်သူများလဲရှင်"
အားလန်မသင်ငှာစွာမေးမိသည်။
"ကျွန်မတို့မွန်ဂိုအိမ်ရှေ့စံမင်းသားပါ"
အားလန်ပါးစပ်လေးဟခါဘာမျှမပြောနိုင်တော့။
ထို့နောက်သမားတော်ရောက်လာကာစမ်းသပ်
တော့သည်။
"ဂုဏ်ယူပါတယ် ဒီလူငယ်မှာရင်သွေးရှိနေပါပြီ"
စီယွမ်မျက်လုံးပြူးသွားမိသည်။ယောကျာ်းလေးကလေ။
"ရှင် တကယ်ပြောတာပါနော်ဆရာ"
သမားတော်ပြုံးကာခေါင်းညိမ့်ပြတော့အားလန်
ထခုန်လိုက်မိသည်။
အမလေးငါတို့မင်းသားလေးနန်းဦး
ကိုလွယ်လိုက်ရပြီဟိုမိဖုရားအယုတ်တမာမဘာတတ်
နိုင်သေးလဲငါပျော်လိုက်တာဟ့ဲ။
အကိုယိ့ဖန်တို့ရောက်လာတော့အိမ်ရှေ့စံဆိုသောသူ
အပြင်ထွက်သွားလေသည်။
"အားလန် ဘာဖြစ်တာလဲ သေချာဂရုမစိုက်
ဘူးလား အားချင်လေးကို"
ဘေးမှဂျုံရှစ်ရောအားလန်ပါယိဖန်ကိုမျက်စောင်း
ထိုးလိုက်ကြသည်။
"ဘာမှမဖြစ်ပါဘူးကိုယ်ဝန်ကြောင့်မေ့လဲသွားတာ။"
"ဘာ"
"ဘယ်လို"
၂ယောက်လုံးမျက်လုံးကြီးတွေပြူးကာ
ထပ်မေးလိုက်မိသည်။
အားလန်ကအားချင်လှဲနေသောကုတင်ဘေးနား
သွားထိုင်ကာဆံပင်လေးတွေသပ်တင်ပေးရင်း
ထပ်ပြောလိုက်သည်။
"မင်းသားလေးနန်းဦးလွယ်ထားရတယ်လို့
အမြန်ဆုံးနန်းတွင်းပြန်ရအောင် မင်းကြီးသိရင်
ဘယ်လောက်ပျော်လိုက်မလဲ"
....
...
...
"မင်း မင်းကြီး"
"ပြောစေ"
"ဧကရီပြန်ရောက်နေပါပြီ"
"မွန်းတည့်ဘဲရှိသေးတယ်ပြန်ရောက်ပြီလား
တူရိယာတွေအကြိုက်မတွေ့လို့များလား"
"ပြီးတော့ ဟို ဟို"
" လျှောက်စမ်းပါအထိန်းတော်ကြီးရယ်"
" ဧကရီသတိလစ်မေ့မျောနေပါတယ်"
" ဘာ"
STAI LEGGENDO
ချစ်သောအရှင်Season(1)Completed
Narrativa Storicaအရှင်ကကျွန်တော့အတွက်လှပတဲ့ဝဋ်ကြွေးလေးပါဘဲကျေကျေနပ်နပ်ကြီးကိုခံယူချင်မိပါတယ် ထာဝရအတွက်ပိုင်စိုးလှည့်ပါကျွန်တော့်ရဲ့ချစ်သောအရှင် Own Creation. Not translation ☺️