Part(1)

120K 2.9K 31
                                    


တစ်လွင့်လွင့်တိုက်ခက်နေသော
လေအဝေ့တွင်ဆံနွယ်တို့က
အသာအယာယိမ်းနွဲ့နေကြသည်။
သာယာငြိမ့်ညောင်းသောသံစဥ္
တစ်ပုဒ်ကိုတီးခတ်နေရင်း
မိမိရှေ့မှလူသားအားကြည့်မိတော့
မျက်ဝန်းအစုံအားအသာမှိတ်ကာ
သံစဥ္အလိုက်စီးမျောနေလေသည်။
သာမန်ဗျပ်စောင်းတီးသူ
တစ်ယောက်အနေန့ဲ ပထမဦးဆုံး
နှလုံးသားပုံအပ်လိုက်မိသူက
မိမိတိုင်းပြည်ကရှင်ဘုရင်ဖြစ်နေမှန်းး
သိလိုက်ရသည့်အချိန် မိမိအမကိုပင်
မိဖုရားတော်ကောက်လိုက်သည်တ့ဲလေ။

ချစ်ရသူန့ဲကွေကွင်းခ့ဲရတ့ဲ
အမဟွာယွန်န့ဲသူ့ကိုလုံးဝမင့ဲညှာဘဲ
ဒီလုပ်ရပ်ကိုအရှင်ပြုလုပ်လိုက်ခြင်းပင်။
ဘုရင့်အမိန့်တော်ဟုဆိုကာ
အိမ်အတွင်းမှမမကိုအတင်း
ဆွဲခေါ်သွားကြသော
နန်းတွင်းအမှုထမ်းတွေကို
ဟွာယောင်းမတားမိ။
အမခင်ပွန်းကိုမျက်နှာပြောင်တိုက်ပြီး
မေတ္တာထားရအောင်ထိဟွာယောင်း
မရူးသွပ်နိုင်။
"တုန်..!!!!.."
သူကိုယ်တိုင်တီးခတ်နေသောစောင်းကြိုးငယ်က
သခင့်ဆုံးဖြတ်ချက်ကိုရိပ်မိသယောင်ယောင်
တိခနဲပြတ်ထွက်သွားလေတော့
လက်ညိုးတွင်သွေးစအနည်းငယ်
ကနေရာယူသွားကြ၏။

"အ့"
"ဟွာယောင်းး ကိုယ်တော့်ကိုပြ
ဘာဖြစ်သွားသေးလဲ"
"အဆင်ပြေပါတယ် အရှင် ကျွန်တော်မျိုး
ပြန်ပါတော့မယ် ပြီးတော့ဒါ
နောက်ဆုံးအကြိမ်အရှင့်ကိုဖျော်ဖြေပြီး
အခစားဝင်ခြင်းပါ"
"ဟွာယောင်း"
"အရှင့်ရဲ့မိဖုရားကင်မ်ဟွာယွန်ဟာ
ကျွန်တော်မျိုးရဲ့အမဆိုတာ
အရှင်သိပြီးသားဖြစ်ပါလိမ့်မယ်
ကျွန်တော်မမိုက်မဲပါရစေန့ဲ"
"မဟုတ်ဘူး ဟွာယောင်းကိုယ်ရှင်းပြပါ့မယ်"
"ခွင့်ပြုပါဦး"
"ဟွာယောင်း ဟင့်အင်းကိုယ်ခွင့်မပြုနိုင်ဘူး
ကိုယ့်ကိုထားမသွားရဘူး"
လက်သွယ်သွယ်ကိုခေါင်းမာစွာ
အတင်းဆွဲထားမိတော့
"အရှင့်ရဲ့ရှေ့ကထာဝရပျောက်
ကွယ်သွားစေချင်ရင်
ဒီလက်ကိုဆက်ပြီးဆွဲထားလိုက်ပါ"
ဝမ်ယွန်ထိုသူလေးမျက်ဝန်းအစုံ
မှပြတ်သားမှု၏အရိပ်အယောင်တို့ကို
မြင်လိုက်ရတ့ဲအချိန်အခိုက်အတန့်။
မင်းနိုင်ပါတယ် ....

တင်းခနဲတစ်ချက်ဖြစ်ညှစ်ပေးလိုက်ကာ
လက်အစုံကိုရင်နာနာန့ဲပင်
လွှတ်ပေးလိုက်ရသည်။
မျက်ဝန်းထောင့်မှမြင်နေရသည့်
သစ်ပင်အကွယ်ကချိန်နေတ့ဲ
လေးသမားလဲလေးပြန်သိမ်းသွားမှန်း
လီဝမ်ယွန်သိသည်။
မယ်တော့်ရဲ့အာဏာစက်က
ရှုန်းထွက်နိုင်တ့ဲအချိန်ထိ
ကိုယ့်ကိုစောင့်ပေး စောင့်နေပေးပါ။
ခုတော့သွယ်လျလျနောက်ကျောပြင်ကို
ငေးရင်းန့ဲဘဲ ကိုယ့်နှလုံးသားအစုံကို
ချခင်းပေးလိုက်ပါ့မယ်။
ပေါက်ခနဲကျလာတ့ဲမျက်ရည်စက်က
ကိုယ်ပျော့ညံ့လို့မဟုတ်ဘူး
မင်းထိခိုက်သွားမှာစိုးလို့။
---

ချစ်သောအရှင်Season(1)CompletedOù les histoires vivent. Découvrez maintenant