Part(23)

25.6K 1.3K 31
                                    


"စဉ်းစားပေးတော်မူပါ​ မင်းကြီး!!!"
ညီလာခံအတွင်းအမတ်များ၏ တိုက်တွန်းစကားသံ
အဆုံးဝမ်ယွန်မျက်ခုံးနှစ်ခုကိုပူးကာစိတ်ရူပ်ထွေးရင်း
လက်နှင့်ထောက်ထားလိုက်မိသည်။
ဖြစ်ပုံကဤသို့ပင်...
မွန်ဂိုနှင့်ဂိူဂူလျောပူးပေါင်းသည့်အထိန်းအမှတ်အနေ
ဖြင့်မွန်ဂိုမင်းသမီးချူးစစ်လန်အားတတိယမိဖုရား
နေရာချီးမြှောက်ပေးဖို့ပြောခြင်းပင်။
မွန်ဂိုအိမ်ရှေ့မင်းသားကျူးစီယွမ်ကတော့
ခမည်းတော်တို့လုပ်သည့်ကိစ္စအားမကျေနပ်။
စီယွမ်ရှောင်ချင်ကိုစိတ်ပူတာပိုပါမည်။ အရှင်သာ
မြှောက်လိုက်ရင်အနည်းန့ဲအများတော့သူလေး
စိတ်ထိခိုက်မိမှာဘဲ။ ဒီကိစ္စကိုစီယွမ်မသိခ့ဲ
ပြန်ခါနီးကျမှခမည်းတော်အမိန့်ဟုဆိုကာညီမဖြစ်
သူအားထိုးကြွေးခြင်းဖြစ်သည်။
"မင်းသားစီယွမ်"
"မှန်လှပါ"
"ကိုယ်တော်တို့ဆွေးနွေးဖို့လိုပြီထင်တယ်"
စီယွမ်အရိုအသေပေးကာသက်ပြင်းခပ်ဖွဖွချ
မိသည်။
ညီလာခံပြီးတော့စာကြည့်ဆောင်သို့လာရန်
အထိန်းတော်တစ်ဦးကလာပြောလေသည်။
စီယွမ်အသာခေါင်းညှိမ့်ပြလိုက်ပြီးနောက်
ငိုနေသောညီမလေးအားနှစ်သိမ့်ပေးလိုက်
သည်။
" ကိုကို​ ခမည်းတော်တို့မတရားဘူး
စစ်လန်ယောကျာ်းလုံးဝမယူနိုင်ဘူးနော်
စစ်လန်သတ်သေပစ်မှာ"
"လန်အော်​ ကိုကိုလဲမယူစေချင်ပါဘူးကွာ
အ့ဲလိုတစ်ဇွတ်ထိုးမလုပ်န့ဲ
အခုမင်းကြီးန့ဲကိုကိုဆွေးနွေးမယ်
မင်္ဂလာကိစ္စဖျက်ပေးမယ်နော်
မငိုန့ဲ"
"တကယ်နော်"
"တကယ်ပေါ့​ ကိုကိုကလန်အော်လေးကို
သိပ်ချစ်တာဘယ်ညာမလဲကိုကို့ကိုယုံနော်"
" ဟင့်​  အ့ဲဘုရင်ကိုမယူရအောင်
လုပ်ပေးရမယ်​ "
" ဟုတ်ပါပြီ​ ကဲ​  ကိုကိုသွားမယ်
နန်းတော်ထဲမှာလျှောက်မသွားရဘူး
နော်​ ကိုယ့်တိုင်းပြည်မဟုတ်ဘူး"
" ဟုတ်"
စီယွမ်​ ဂါဝန်ကြီးမကာလုံးလုံးလုံးလုံးနှင့်ပြေးထွက်
သွားသောညီမဖြစ်သူအားကြည့်ကာ
ခမည်းတော်တို့ကိုအပြစ်တင်မိသည်။
ဘယ်လိုကြည့်ကြည့်မိန်းကလေးန့ဲတစ်စက်မျှ
မတူ။ ယောကျာ်းလေးတွေလိုသိုင်းကျင့်
မြင်းစီးပြီးရင်ဘောင်တန်းလာသောညီမအား
လက်ဆက်ပေးရန်ဘယ်လိုများတွေးယူကြသလဲ။
ဂါဝန်ဝတ်ဖို့ဝေးစွဆံထုံးပင်ကြာကြာမထုံးနိုင်
သိမ့်မွေ့ဖို့ဆိုဝေးရော။ အခုတောင်
သူများတိုင်းပြည်မို့အင်မတိအင်မတန်
ထိန်းယူနေရခြင်း။
မိဖုရားတစ်ယောက်လိုနူးနူးည့ံည့ံသာ
နေထိုင်ရမည်ဆိုလျှင်.....။
လန်အော်မပြောန့ဲစီယွမ်ပင်ခေါင်းခဲမိသည်။
ယခုလောလောဆယ်မင်းကြီးနှင့်တိုင်ပင်
ပြီးအခုကိစ္စကိုငြင်းရမည်သာ....။
..
...
...
စစ်လန်ဂါဝန်ကြီးအားစိတ်အိုက်စွာ
မတင်ရင်းလျှောက်ကြည့်မိလေသည်။
ဘယ်ဆိုးလို့လဲဂိူဂူလျောက
တော်တော်လေးလဲလှတာဘဲ။
ဟိုဘုရင်မာန်တက်နေတာမဆန်းပါ
ဘူးလေ။ ခုနကညီလာခံမှာလဲငါ့ကိုလက်ဆက်
ရမှာသေလောက်အောင်ကြောက်နေပုံရ
တယ်။ ဝေါ့့........
သူ့လို၂၅နှစ်အဖိုးကြီးငါကဘာလို့ယူရမှာလဲ။
အရပ်ကဖြင့်မိုးထိတော့မယ်ထန်းပင်ကြီး။
အိုကြီးအိုမကြီးကိုမြန်း..။
ဟွင့်။ ဒီသောက်စကတ်ကလဲရှုပ်လိုက်တာ
ဆွဲသာဖြဲပလိုက်ရရင်တော့.. ငါနော်....
တစ်ကိုယ်ထဲပွစိပွစိပြောကာဗျပ်စောင်း
သံသ့ဲသ့ဲကြားလိုက်မှသတိဝင်လာသည်။
အထိန်းတော်တွေလဲမပါတစ်ယောက်ထဲ
ရယ်။ ငါလမ်းပျောက်ပြီထင်ပါတယ်.. ဒုက္ခပါဘဲ။
စိတ်ပျက်လက်ပျက်ညီးတွားနေမိချိန်
ကြားရသောဗျပ်စောင်းသံမှာပို၍ ပင်ချိုသာ
လာသယောင်ယောင်။
စစ်လန်အသံကြားရာသို့ဖြေးညှင်းစွာ
လျှောက်လာမိသည်။
အိုက်ယားဖြူဖြူဖွေးဖွေးပိစိလေး
ချစ်ဖို့ကောင်းလိုက်တာဟယ်။
လူကြီးလေးကျနေဘဲပုချိလေးရယ်
ဗျပ်စောင်းလေးတီးနေပုံက.... အို
ငါချစ်လိုက်တာ...
"ဘယ်သူလဲ!!!"
ထိုကလေးလေးနောက်မှအစေခံ
ကပိတ်အော်လိုက်ရာစစ်လန်ချောင်း
ကြည့်နေသောချုံပုတ်ထဲမှလန့်ကာ
အပြင်သို့ဖင်ထိုင်ကျလေသည်။
ကိုယ်ရံတော်များမှာလဲ
ဓားများတရွှမ်းရွှမ်းထုတ်ကာစစ်လန်ဘက်
ဆီသို့ချိန်ထားကြသည်။
"အားရိုးးးးသေပါပြီ"
"ဘယ်သူလဲ​  အတင့်ရဲလို့ဧကရီရှောင်ချင်
ဗျပ်စောင်းတီးချိန်ချဉ်းကပ်လာရသလား
ပြောစမ်း​ ဘယ်သူလွှတ်လိုက်တာလဲ"
"ဟေ့​ ဟေ့​ စကားကိုဆင်ဆင်ခြင်ခြင်ပြော
ငါ့ပုံကအ့ဲလိုပုံပေါက်နေလို့လား"
ထိုစဉ်
"အားလန်"
အိုက်ယားလူလေးတင်မကအသံလေးကပါချစ်ဖို့
ကောင်းလိုက်တာ။
" ဒီကမင်းသမီး​  လမ်းပျောက်နေတာ
န့ဲတူတယ်"
ဟင်ငါမင်းသမီးမှန်းဘယ်လိုသိတာလဲ။
" ဟုတ်​  ဟုတ်က့ဲ​ ကိုကိုန့ဲစကား
ပြောပြီးထွက်လာရင်း​ မမှတ်မိတော့တာဟင့် 
အီးဟီးးး!"
ရုတ်တရတ်ကြီးထငိုသောအခါရှောင်ချင်ပင်
လန့်ကြောင်ကြောင်သွားရသည်။
"အ့ဲတာကို​ လူကိုလုပ်ကြံသူလေး
ဘာလေးန့ဲဒီမှာကြောက်လို့သေတော့
မယ်​  "
အားချင်အားနာသွားမိသည်။
ပုံစံကြည့်လိုက်ယုံနှင့်
တိုင်းတစ်ပါးသားမှန်းသိသာ
တာမို့ မွန်ဂိုခေါင်းဆောင်းပါတွေ့လိုက်ရ
တော့အားချင်မင်းသမီးမှန်းတန်းသိခြင်းပင်ဖြစ်
သည်။ ထအော်သူအားလန်မှာလဲခြေမကိုင်မိ
လက်မကိုင်မိ။
" မ​  မသိဘူးလေ​  ငါ​ ငါလဲအသံကြားလို့
စိုးရိမ်သွားတာလေဟာ"
ထိုကလေးမလေးကအားချင်အားကြည့်ကာ
လက်မြှောက်ပေးလေသည်။ ဆိုလိုသည်ကသူ့
ကိုထူပေါ့။
လုံးလုံးကစ်ကစ်လေးနှင့်အသက်တစ်ဆယ့်ခြောက်
လောက်ပင်ရှိဦးမည်။ အားချင်လဲလက်လှမ်းပေး
လိုက်တော့ပါးချိုင့်လေးတွေပေါ်အောင်ပြုံးကာ
စပ်ဖြီးဖြီးလုပ်ပြသည်။
" ဒီကကိုကိုက​ အရမ်းချစ်ဖို့ကောင်းတာဘဲ
ပါးလေးတွေကလေရဲပြီးတော့ကိုက်ဆွဲချင်
စရာလေး​ သိလား"
အားချင်မျက်နှာအားမော့ကြည့်ကာ
တစ်ခုချင်းလိုက်ပြောနေလေသည်။
"ဒီမှာရှင့်  ကျွန်မတို့ဧကရီလေးချစ်ဖို့ကောင်း
တယ်ဆိုတာ​ သိပါတယ်ရှင့်ကျေးဇူးပြု၍
ဟောဒီ့လက်ကလေးကိုဟောသလိုဖြုတ်ပြီး
အဆောင်တော်ကိုပြန်ကြွပေးပါလားရှင့်"
အားချင်ရှေ့မှအားလန်နှင့်မင်းသမီးအားကြည့်
ကာမရီဘဲမနေနိုင်တော့။
"ထားလိုက်ပါ​ အားလန်ရယ်​ ဒီကမင်းသမီး
လေးကိုလက်ဖက်ရည်သောက်ဖို့ဖိတ်ခေါ်ပါရစေ "
စစ်လန်ထိုကမလေးအားအောင်နိုင်သူအနေနှင့်မျက်
နှာချီပြလိုက်ကာ
" စစ်လန်လက်ခံပါတယ်​ ကိုကို​ အဲ​ ဧကရီ"
" ဒါဆိုသွားရအောင်"...
....
..
" ဧကရီလေး​ သမားတော်ရောက်ရှိ
ကြောင်းပါ"
အားချင်စစ်လန်အားရေနွေးင့ှဲပေးခိုက်
သမားတော်ရောက်ရှိလာခြင်းပင်။
" ဝင်ခိုင်းလိုက်"
" ဧကရီကိုဂါရဝပြုပါတယ်"
"ထပါ"
စန်လန်ကိုကိုအားချင်၏ လက်အား
စမ်းသပ်နေသောသမားတော်ကိုဘု
ကြည့်ကြည့်နေလိုက်သည်။
သူမနှင့်အတန်ငယ်စကားပြောပြီးနောက်
ကိုကိုကပို၍ ချစ်ဖို့ကောင်းလာကာရင်းနှီး
လာလေသည်။
"အားလုံးပုံမှန်ပါဘဲ​ ဧကရီ​ ညနေပိုင်း
လေးလောက်လမ်းလျှောက်ထွက်ပေး
ပါ​ သန္ဓေသားအတွက်ကျနော်မျိုးဆေး
ဖော်စပ်ထားပါတယ်"
သမားတော်ဆက်သသောဆေးအား
အဆိပ်ရှိမရှိစစ်ဆေးသောအပျိုတော်မှ
အရင်အနည်းငယ်သောက်ပြရလေသည်။
ပြီးမှအားလန်ကယူလာပေးသည်။
"ကိုကိုအားချင်မှ​ာ​ ကလေးလေးရှိတာလား"
ရှောင်ချင်ဆေးတို့အားကုန်အောင်သောက်
လိုက်ကာ
" အင်း​  ဟုတ်တယ်​ ကလေးလေး. ရှိတယ်"
" ဟိုဘုရင်လုပ်တာပေါ့နော်"
" အဟွတ်​!!!"
အားချင်ဆေးလက်ကျန်လေးများပင်
သီးသွားရသည်။
"လန်အော်​ ဘလိုကြီးမေးချလိုက်တာတုန်း"
"မဟုတ်တာကျနေတာဘဲ"
"---"
" ကိုယ်တော့်အားချင်လေးဘယ်ရောက်နေလဲ"
အရှင့်အသံကြားတော့ရှောင်ချင်ဖြေရန်ပါးစပ်လေး
ဟလိုက်သော်လည်း
" ထိုင်နေတယ်!!"
အရင်ထွက်သွားသည်ကထိုကလေးမ။
" ဟမ်"
ဝမ်ယွန်မျက်မှောင်ကျုံ့သွားသည်။
ဒီဟာလေးကဒီကိုဘယ်လိုရောက်နေတာလဲ။
" မင်း​က​ ဒီကိုဘယ်လိုရောက်နေတာလဲ"
" ဟွင်း​  ကိုကိုခေါ်လာတာ"
နှုတ်ခမ်းတစ်လန်ပန်းတစ်လန်န့ဲ
အားချင်လက်အားကိုင်ကာပြောတော့
ဝမ်ယွန်မျက်လုံးပြူးသွားသည်။
အားချင်လေးကြည့်တော့လဲပြုံး၍ သာ
နေနေသည်။
ဝမ်ယွန်ဆက်မပြောနိုင်တော့ဘဲ
"လာကြစမ်း​ မင်းသမီးကိုအဆောင်
တော်ပြန်ပို့လိုက်"
" ဟုတ်က့ဲ"
" မပြန်သေးဘူး​ ကိုကိုန့ဲနေဦးမှာ
အထဲကပေါက်စလေးန့ဲစကားပြော
မလို့"
ပြောရင်းဆိုရင်းအားချင်ဗိုက်လေးအား
ဖွဖွထိကိုင်တော့ဝမ်ယွန်ခေါင်းတစ်ခုလုံး
မိုးကြိုးအစင်းတစ်ရာပြစ်သွားလိုက်သလိုပင်။
"လန်အော်​ ပြန်လိုက်ဦးနော်​ အကိုစိတ်ပူ
နေလိမ့်မယ်နောက်နေ့မှထပ်လာခ့ဲနော်"
" ဟုတ်အ့ဲတာဆို​ လန်အော်ပြန်လိုက်ပါဦးမယ်"
ခုနကငါအမိန့်ပေးတာကျမပြန်ဘူး။ အားချင်ပြော
တော့ပြန်တယ်​  ဘယ်လိုဟာလေးလဲ။
ဝမ်ယွန်အရှေ့မှကလေးမအားမျက်လုံးစိမ်းတွေနှင့်
စိုက်ကြည့်ပေးလိုက်တော့ဟိုဘက်ကလဲမခေ
ခပ်တည်တည်ဘုဆက်ဆက်ပြန်ကြည့်လာ
လေသည်။
" ဟန့့်"
မျက်နှာကိုချီလျှက်သူ့ကိုဝင်တိုက်
သွားသောကြောင့်နောက်မှသာ
လက်ညိုးတစ်ထိုးထိုးနှင့်ကျန်ခ့ဲလေသည်။
"ခိခိခိ"
"ဘာရယ်တာလဲ"
"အရှင်ကချစ်ဖို့ကောင်းတယ်​  ဟီး"
"ခုနကဖြင့်ဗိုက်ပူပူလေးလာကိုင်တ့ဲလူကျ
ပြုံးပြုံးကြီးကြည့်နေပြီးတော့"
"ကောက်နေတာလား​ အရှင်"
"မကောက်ပါဘူး​ "
"ဪ​ ဟုတ်လား"
အရှင့်လက်လေးကိုထွက်စပြု
နေသောဗိုက်လေးပေါ်တင်ပေးလိုက်သည်။
"အထဲမှာ​ ကျွန်တော်တို့ကလေးလေးရှိ
တယ်လေဒီဖေဖေကကောက်နေတယ်
ကလေးရဲ့​ ချော့လိုက်ပါဦး"
ဝမ်ယွန်ပေစောင်းစောင်းကြည့်ပြီးမှ
အားချင်ခါးလေးအားသိမ်းဖက်လိုက်သည်။
" ခုနက​   မွန်ဂိုမင်းသမီး"
" အင်းသိတယ်"
" ကိုယ်မိဖုရားမြှောက်ရမှာ​ သူမကို"
အားချင်အ့ံအားသင့်စွာမော့ကြည့်မိသည်။
" မငယ်လွန်းဘူးလား​ သူမအသက်ကဆယ့်ခြောက်နှစ်
လောက်ဘဲရှိဦးမှာ"

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now