Part(14)

31.1K 1.6K 25
                                    


ရှောင်ချင်မြည်းလှည်းပေါ်တွင်ဘေးမှ
ကပ်ပါလာသောအရှင့်အားတစိမ့်
စိမ့်ကြည့်နေမိသည်။သူတို့အခုဂိုဂူလျော
နိုင်ငံန့ဲချင်နိုင်ငံနယ်နမိတ်ဖြစ်တ့ဲ
ဟူနန်ပြည်ကိုခရီးဆက်နေကြခြင်း
ဖြစ်သည်။
"အားချင်"
ခပ်ဖွဖွခေါ်သံနှင့်အတူစောင်းင့ဲ
ကြည့်လာသောနှလုံးသားအရှင်
"ကိုယ်တော့်ကိုအ့ဲလောက်ကြည့်
မနေနဲ့လေ ကိုယ်တော်ချောတာ
ကိုယ်တော်သိပါတယ် ကွယ့်"
"ဟင်"
အားချင်ပြူးကြည့်နေတာကိုကြည့်ကာ
အသည်းတွေယားလာသည်။
ထို့ကြောင့်အနားတိုးကာနဖူး
လေးကိုတစ်ချက်တောက်လိုက်မိသည်။
"အ့."
"ကိုယ်စိတ်ထိန်းနေတာနော်..လမ်းမှာ
ပြီးတော့ကိုယ်ရံတော်တွေအထိန်းတော်
တွေတစ်သီကြီးပါလာလို့ ဟွန်း..မဟုတ်
လို့ကတော့"
အားချင်ကိုယ်လေးကျုံ့သွားကာ
တစ်ဖက်ပြေးကပ်မိသည်။
"ဘယ်..ဘယ်သူက.ကြည့်.
ကြည့်နေလို့လဲ..ကိုယ့်ဘာသာကိုယ်
ဘေးကရှုခင်းတွေကိုကြည့်နေတာ"
နှုတ်ခမ်းထော်ထော်ထော်ထော်နှင့်ပြန်ပြော
ကာမျက်နှာကြီးနီနေသောကလေးပေါက်စ။
ဝမ်ယွန်တစ်ချက်ရီကာ.အပြင်
ကိုအကဲလှမ်းခက်လိုက်သည်။
လုပ်ကြံသူတွေ၏အရိပ်အခြေကိုလည်းသူစောင့်ကြည့်နေရသည်လေ။
...
...
...
နေ့ဝက်ကြာအောင်ခရီးဆက်ပြီးမှဟူနန်ပြည်သို့ရောက်
တော့သည်။
"မင်းကြီး ခရီးရောက်ပါပြီ"
"အင်း သိပြီ"
ပုခုံးပေါ်သို့ခေါင်းတင်ကာအိပ်ပျော်နေသောအားချင်ကိုပွေ့ချီလိုက်သည်။ဒဏ်ရာကသိပ်ကျက်သေးတာ
မဟုတ်ဘူး။
....
....
"မင်းသား မင်းသားလေးရှောင်ချင်တို့ရောက်
လာပါပြီ"
သတင်းလာပို့သောဆက်သားကို
ဝမ်ချောင်ခေါင်းငြိမ့်ပြလိုက်သည်။
သူ့၏ညီငယ်လေးသက်သာပါရ​ဲ့လား။
တွေးရင်းနှင့်တဲအပြင်ထွက်လိုက်တော့
မြင်းလှည်းပေါ်မှအားချင်ကိုပွေ့ကာ
ဆင်းလာသောအနှီဘုရင်။
အားချင်ဇောနှင့်အပြေးရောက်သွားမိသည်။
"အားချင်လေး...အားချင်သက်သာလား"
ဒီကိစ္စကဖုံးထားတာလေ။
ဝမ်ချောင်ကဘယ်လိုသိတာလဲ။
အားချင်လဲသဝဏ်လွှာထဲမှာထည့်ရေးပေးလိုက်တယ်မပြောပါဘူး။
ဝမ်ယွန်အနည်းငယ်အ့ံသြောစွာကြည့်နေရင်းသဘောပေါက်လိုက်သည်။အားချင်ဘာကြောင့်
အသက်န့ဲလဲဖုံးထားတာလဲသိလိုက်ရပြီထင်တယ်။
"သက်သာတယ် အဆိပ်ကဖယ်ပြီး
ပြီမြှားဒဏ်ရာဘဲကျန်တော့တယ်
စိတ်မပူပါန့ဲ ကျုပ်အားချင်ကိုအဆုံးရှုံးမခံပါဘူး"
တစ်လုံးချင်းစိုက်ကြည့်ကာပြောချလိုက်ပြီးနေရမည့်အဆောင်တဲသို့ထွက်လာခ့ဲသည်။
အဆောင်တဲထဲရှိမွေ့ယာထက်ငြင်
သာစွာချပေးကာစောင်လေးခြုံပေး
လိုက်သည်။
"သေချာစောင့်ရှောက်ထားလိုက်
အစောင့်၂ဆချထား"
"ဟုတ်က့ဲပါ မင်းကြီး"
အစောင့်တွေကိုအမိန့်ပေးကာ
ချင် ဧကရာဇ်ရှိရာအဆောင်တဲသို့
လှမ်းခ့ဲသည်။
.....
....
....
"ဂိုဂူလျောပြည့်ရှင်...လီဝမ်ယွန်
ချင် ဧကရာဇ်ကိုနှုတ်ခွန်းဆက်သ
အပ်ပါတယ်"
"ကြွပါ.  ကြွပါ.ကြိုဆိုပါတယ်"
စားပွဲအသီးသီးတွင်ဝင်ထိုင်လိုက်
ကြရင်းအခါးရည်အရင်သောက်ကြ
သည်။
"လိုရင်းဘဲပြောတော့မယ် လီဝမ်ယွန်
မင်းငါ့သားတော်ကိုတကယ်မေတ္တာစစ်
န့ဲမြတ်နိုးတာလားရှီလာဘတ်ဂျေပူးပေါင်း
လို့ချင်မျိုးစက်သွေးရောချင်တာလား
လုပ်ကြံတ့ဲကိစ္စတောင်ဖုံးထားတာဆို
တော့။"
ဝမ်ယွန်ပြုံးလိုက်သည်။အကုန်သိနေတာပါလား
သူတို့မဟုတ်လို့ဘယ်သူဖြစ်နိုင်မလဲလေ။
"စိတ်ချပါ..ကျွန်တော်အားချင်ကိုနိုင်င့ံ
ဧကရီမြှောက်ဖို့ရည်ရွယ်ထားခြင်းပါ ပြီးတော့လုပ်ကြံ
တ့ဲကိစ္စဖုံးပေးတာကလဲအားချင်
တောင်းဆိုလို့ကျုပ်ဖုံးထား​ေပးလိုက်တာပါ။... အားချင်ကိုမြတ်မြတ်နိုးနိုး ချစ်တာမို့စစ်တိုက်ယူမှရမယ်ဆိုလဲ
သေချာပေါက်တိုက်ယူပါ့မယ်"
ခနတာငြိမ်သက်သွားသော
အခန်းငယ်။ဝမ်ချောင်န့ဲ
ချင် ဧကရာဇ်တို့မှာရှေ့မှဝမ်ယွန်
ဆိုသောလူသားအားစူးစိုက်ကြည့်
နေကြသည်။
"ကောင်းတယ်!!..သိပ်ကောင်းတယ်
ယောကျာ်းကောင်းပီသတယ်
လိုချင်တာ ရအောင်ယူတတ်တယ်
.ငါသဘောကျတယ်..ဟား.ဟား
ဟား.ဟား"
ဧကရာဇ်ဆီမှချီးကျူးသံကြားလိုက်
ရစဉ်..ဝမ်ယွန့်စိတ်ထဲမှအလုံးကြီး
ကျသွားတော့သည်။အနည်းငယ်တော့သူပူပန်မိနေသည်မဟုတ်လား
ဟူးးးး.....
"လာ..သေရည်သောက်မယ်စိတ်ချမယ်နော်
.ကိုယ်တော့် သားတော်
လေးကိုဂရုစိုက်ပါ"
ငှဲ့ပေးလာသောသေရည်ကိုလက်နှစ်ဖက်ဖြင့်ရိုသေစွာခံယူရင်း သောက်လိုက်သည်။တဖန် ဧကရာဇ်ခွက်ထဲသို့ပြန်လောင်းထည့်ပေးရင်းစကားဆိုလိုက်သည်။
"ကျွန်တော့အသက်န့ဲလဲပြီး..ကာကွယ်ပါ့မယ်"
ဧကရာဇ်ကပုခုံးအားပြုံး၍၂ချက်လာပုတ်
လေသည်။ထို့နောက်သေရည်အားမော့ကာ
နေရာတွင်ပြန်ထိုင်လေသည်။ထို့နောက်
ပွဲအတွက်စီစဉ်စရာများကိုညှိနှိုင်း
ရင်းမိုးချုပ်သွားခ့ဲသည်။
.
"ကဲအချိန်လဲမလင့်တော့ဘူးဆိုတော့
ကျုပ်ပြန်လိုက်ပါဦးမယ်
အေးအေးချမ်းချမ်းနေရစ်ပါယောက္ခမတော်
"ဟား  ဟား ကောင်းပါပြီ သမက်တော်"
ဝမ်ယွန်အရိုအသေပေးပြီးနောက်နှုတ်ဆက်ကာနှလုံးသားလေးရှိရာအရပ်သို့ပြန်လာခ့ဲသည်။

ချစ်သောအရှင်Season(1)CompletedWhere stories live. Discover now