Part(17)

27.1K 1.3K 28
                                    


ယိ့ဖန်တစ်ယောက်မင်းသားလေး
၏လက်ထက်ပွဲသို့သွားချင်စိတ်မရှိ
သောကြောင့်သခင်မဟွာယွန်ကို
စောင့်ကြည့်မည်ဟုအကြောင်းပြ
ကာရှောင်နေလိုက်သည်။
အ့လောက်တော့ငြင်းပိုင်ခွင့်ရှိ
တယ်မလား။ကိုယ်ချစ်တ့ဲသူက
ိုတစ်ခြားတစ်ယောက်န့ဲပျော်နေ
တာကိုမမြင်ရက်နိုင်တာမလွန်လောက်ပါ
ဘူးနော်။ယခုသခင်မဟွာယွန်န့ဲ
သူကတော့တည်းခိုခန်းမှာဘဲ
ဆက်လက်တည်းနေခြင်းဖြစ်သည်။
ချင်နိုင်ငံပြန်ခေါ်ပေမ့ဲမင်းသားဝမ်ချောင်
နှင့်သခင်မတို့ကတောက်ကစဖြစ်တာ
ကြောင့်မင်းသားကတည်းခိုခန်းမှာဘဲ
ထားကာစောင့်ကြည့်ခိုင်းသည်။
ယိ့ဖန်ပြတင်းပေါက်မှကောင်းကင်
သို့မော့ကြည့်နေရင်း
အားချင်မျက်နှာဖောင်းဖောင်းလေး
သာပြန်မြင်ယောင်နေမိသည်။
ကံကြမာရယ်လွဲရက်လိုက်တာ။
...
"ချွတ်..."

-----
"ဟင်"
ခါးမှဓားဆီသို့လက်အသင့်တင်မိသည်။
တည်းခိုခန်းအပြင်ဘက်မှလူတစ်
ယောက်ရိပ်ခနဲဖြတ်သွားရာ
မြတ်ခြေမပြတ်အောင်အပြေး
လိုက်မိသည်။
ညအချိန်ကြီးမှောင်ရိပ်ခိုကာချည်းကပ်
လာသောကြောင့်လူကောင်း
တော့မဖြစ်နိုင်။
တစ်ဖြည်းဖြည်းတောအုပ်ထဲ
အရောက်မျက်ခြေပြတ်သွား
သည်။ယိ့ဖန်သတိနှင့်
တစ်လှမ်းခြင်းလှမ်းကာပတ်
ဝန်းကျင်ကိုစူးစမ်းကြည့်မိသည်။
"ချွင်"
အပေါ်မှဓားနှင့်ခုတ်ချသံကြား
လိုက်သောကြောင့်ဓားထုတ်ကာ
အလျှင်အမြန်ကာမိသည်။
အပီအပြင်တိုက်ရန်အတွင်းအား
ထုတ်မိချိန်မြင်လိုက်ရသော
မျက်နှာသေးသေးလေးကြောင့်
တုန့်သွားသည်။
"ပေါက်စလေး"
"ကျစ်..ဘာပေါက်စလေးတာလဲ
ကင်မ်ဂျုံရှစ်..နာမည်ရှိတယ်
နာမည်ခေါ်ပါဆိုဗျာ"
"ဟား...ဟုတ်ပါပြီကွာ..ဒီချိန်
နန်းတော်ထဲမှာရှိနေရမှာမဟုတ်
ဘူးလား..လက်ထက်ပွဲပြီးတာမှ
တစ်ရက်ဘဲရှိသေးတာကို"
"အဖေက..ခင်ဗျားဖို့ဆေးပေး
လိုက်တယ်..သက်သာပေမ့ဲ
အတွင်းအားထိထားတာ
ပေါ့လု့ိမရဘူးတ့ဲ"
ဂျုံရှစ်ဆေးထုပ်အားပစ်ပေးလိုက်
ပြီး..ဝါးရုံရင်းတွင်ဝင်ထိုင်လိုက်သည်။
ဓားအိမ်ထဲသို့ဓားပြန်ထည့်ကာသူ
ပေးသောဆေးထုပ်ကိုကြည့်နေသည့်
လူသား။...
လွမ်းလိုက်တာ  ....
လုပ်ကြံတ့ဲနေ့တုန်းကမြင်တယ်
ခဗျားကိုတမင်လွှတ်ပေးလိုက်တာ။
"ဟိတ်..ပေါက်စဘာတွေအ့ဲလောက်
တွေးနေတာလဲ"
ဘေးတွင်လာထိုင်ကာခေါ်လိုက်မှ
သတိဝင်လာသည်။
"ခဗျားသိသင့်တယ်ထင်လို့လက်မထက်ခင်ညက..မင်းသားလုပ်ကြံခံရတယ်"
"ဘာ!!!!...အားချင်ဘာဖြစ်သွားသေးလဲ
ဘယ်သူလုပ်တာလဲသိပြီလား
လီဝမ်ယွန်ကရောငြိမ်နေတာလား"
ပုခုံးကိုအကြမ်းပတမ်းလှုပ်ခါ၍
မေးနေသောသူအားတစ်ချက်ကြည့်
ကာလက်ကိုပုတ်ထုတ်လိုက်မိသည်။
"အရှင်ကငြိမ်နေပါ့မလား
လက်ဆက်ပွဲရှိလို့
အကုန်လုံးပိုက်စိပ်တိုက်ပြီးရှာတာမှ
ကျွန်တော့်ကိုလဲ..တစ်ချက်မှအနားပေး
တာမဟုတ်ဘူး...ဪဒါလေးတစ်ချက်
လောက်ကြည့်ပေး..ကျွန်တော်ရောက်
သွားတော့..သေနေတ့ဲလုပ်ကြံသူတွေ
ဖုံးထားတ့ဲမျက်နှာဖုံးတွေ"
ယိ့ဖန်အလျှင်အမြန်ဆွဲယူကာ
ကြည့်မိသည်။တွေ့လိုက်ရသည်က
ငွေရောင်လခြမ်းပုံအမှတ်အသား
ဟင်....ဒါ..ငွေလရောင်ဂိုဏ်းက
ဟာဘဲ။
-----

ချစ်သောအရှင်Season(1)CompletedTempat cerita menjadi hidup. Temukan sekarang