Part{27}

25.8K 1.5K 98
                                    

"မင်းသမီးလေးနောက်နေ့မှသွားတာ
ကောင်းပါလိမ့်မယ်  ဧကရီလေးကိုအချိန်ပိုပေးသင့်တယ်ထင်ပါတယ်"
စစ်လန်ကိုကိုအားချင်စီသွားချင်ပေမ့ဲ
အထိန်းတော်ကြီးစကားကြောင့်ပြန်ထိုင်လိုက်သည်။
ဟုတ်ပါရဲ့ကိုကိုလဲစိတ်ထိခိုက်နေမှာဘဲ။သူမရဲ့
သူလျှိုတွေဆီကသတင်းအပြည့်အဝကို
လဲသူမသိပြီးပြီဖြစ်သည်။
"ဒုန်းးးး !!!ဒီကောင်မ  ဒီကောင်မကစစ်သူကြီးန့ဲကြိုက်
နေတာအထိန်းတော်ကြီးစစ်လန်အကုန်သိပြီးပြီ
နောက်ကွယ်ကဘယ်သူကြိုးကိုင်နေတာလဲဆိုတာ
အသိသာကြီးကို  လီဝမ်ယွန်ကဘာလုပ်နေတာလဲ ။
အဆိပ်ခတ်တ့ဲလူကိုအသေသတ်ပစ်ရမယ်
လုံးဝအလွတ်မပေးနိုင်ဘူး"
စစ်လန်မျက်လုံးများအရောင်လ့ဲလာလေသည်။
"မိဖုရားဟီဘင်ဆီကိုသွားရအောင်  သြော်ပြီးတော့
နတ်ပန်းတစ်ရာအမွှေးမှုန့်ယူလာခ့ဲ"
"ဟုတ်က့ဲ"
===
"မယ်မယ် မွန်ဂိုမင်းသမီးကတွေ့ခွင့်တောင်းနေပါတယ်"
"ဝင်လာခိုင်းလိုက်"
"ဟီဘင်မယ်မယ်ကိုဂါရဝပြုပါတယ်"
"ထပါ  ဘာကိစ္စများရှိလို့လဲ  မင်းသမီး  အာ 
အခုညီမလေးလို့ခေါ်ရမလားမိဖုရားဖြစ်လာ
တော့မယ်ဆိုတော့"
စစ်လန်ဂါဝန်ကိုတင်းနေအောင်ဆုပ်ကိုင်လိုက်မိကာ
"မင်းကြီးက  ဘွဲ့န့ဲတကွမကြေညာသေးသ၍
ကျွန်မကမွန်ဂိုပြည်ရဲ့မင်းသမီးပါဘဲမယ်မယ်"
"နတ်ပန်းတစ်ရာအမွှေးန့ံကိုမယ်မယ်ကြိုက်
မယ်ထင်ပါတယ်"
အထိန်းတော်လာဆက်သသောအမွှေးဘူးလေးအား
ဖွင့်ကြည့်လိုက်တော့သင်းသင်းလေးထွက်လာသော
ရန့ံကြောင့်သူမနှစ်သက်သွားသည်။ဒီကလေးမက
ငါ့ဆီကဘာလိုချင်လို့လဲ။နောက်ငါမိဖုရားကြီးဖြစ်
ရင်သူ့ကိုအလွတ်ပေးစေချင်လို့လား။
"မယ်မယ်နှစ်သက်ပါရဲ့လား မွန်ဂိုရဲ့ထိပ်တန်း
အမွှေးရန့ံမို့  သဘောကျမယ်လို့မျှော်လင့်ပါတယ်"
"ကျေးဇူးပါဘဲ  သဘောကျပါတယ်"
စစ်လန်ကြိတ်ပြုံးလိုက်မိသည်။အတန်ကြာစကား
ပြောပြီးနောက်မိမိအဆောင်သို့ပြန်လာခ့ဲသည်။
"မင်းသမီးလေး"
"ဟင်"
"နတ်ပန်းတစ်ရာကို  ဘာလို့ပေးရတာလဲ"
"ကျွန်မပေးလိုက်တာနတ်ပန်းတစ်ရာတင်မဟုတ်ဘူး
အထိန်းတော်ကြီး  ဖူရှားလဲပါတယ်"
"ဖူရှား!!! မင်းသမီးလေး"
"မစိုးရိမ်ပါန့ဲ  သွေးအန်ရုံလောက်ဘဲလက္ခဏာပြမှာ
ပြီးရင်တဖြည်းဖြည်းကျောက်ကပ်ကိုလှိုက်စားပြီး
ဘာရောဂါန့ဲသေမှန်းတောင်သိမှာမဟုတ်ဘူး"
ကြည့်ရတာသူမရဲ့မင်းသမီးလေးကလူကြီး
လေးဖြစ်လာပြီထင်ပါရဲ့။
လက်ကိုနောက်ပြစ်ပြီးကောင်းကင်မှလမင်းကြီးကို
စစ်လန်မော့ကြည့်လိုက်သည်။
လီဝမ်ယွန်ထပ်အချိန်ဆွဲနေရင် ရှင့်ကိုပါသတ်ပြစ်ပြီး 
ကိုကိုအားချင်ကိုကျွန်မတိုင်းပြည်ခေါ်သွား
လိုက်မှာနော်။
စောက်အဖိုးကြီး တစ်ရန်ရှင်းပေးထားတာမို့
ကိုကိုအားချင်ကို
ခေါင်းပေါ်တင်ပြီးဖူးဖူးမှုတ်ထားလိုက်စမ်း။
===

ချစ်သောအရှင်Season(1)CompletedWo Geschichten leben. Entdecke jetzt