Part(16)

28.8K 1.3K 36
                                    


"ဘာ!!!!!မအောင်မြင်ဘူး  ဟုတ်လား"
"ဟုတ်ပါတယ်  လွှတ်လိုက်တ့ဲဂိုဏ်းသားဆယ်ယောက်လုံးကရုပ်ပျက်ဆင်းပျက်ကိုသေသွားကြရတာပါ"
"ခွမ်းးး!!!"
"မယ်မယ်စိတ်ထိန်းတော်မူပါ"
"ဒါဆိုသူတို့ကိုရှင်းပြစ်စရာမလိုတော့ဘူးပေါ့"
သူမနဖူးသို့အသာလက်ဖြင့်တောက်ကာစဥ္းစားနေမိသည်။လျိုရှောင်ချင်ကရှင်းပစ်ဖို့တော်တော်ခက်တာဘဲ။ဒါမှမဟုတ်အရှင့်ရဲ့သွေးသားကိုငါအရင်လွယ်ပေးလိုက်ရင်ရော။ဘယ်လိုဘဲဖြစ်ဖြစ်သူ့သွေးသားကိုမွေးပေးထားတ့ဲငါ့ကိုတော့အရင်ကထက်ပိုကြင်နာပေးမှာဘဲ။အရှင်န့ဲသူမရဲ့သွေးသား။တွေးကြည့်လိုက်ရုံန့ဲတင်ပြုံးမိသွားသည်။ဟုတ်တယ်အ့ဲဒီ့အတွေးကိုအရင်အကောင်အထည်ဖော်ရမယ်။
"မယ်မယ် ပွဲချိန်နီးနေပါပြီ"
"ကောင်းပြီ  သွားကြစို့။

======

ဝမ်ယွန်ပွဲ၌ထိုင်မရထမရဖြစ်နေသော
သူလေးအားကြည့်ကာရီချင်စိတ်ကို
မနည်းထိန်းထားရသည်။ရိုးရာအလိုက်
ပွဲစီစဉ်တာဖြစ်သောကြောင့်ခေါင်းပေါ်
တွင်ဆံထုံးအကြီးကြီးတင်ကာဝတ်ရုံရှည်
အထပ်ထပ်ဝတ်ထားရသည်ကိုစိတ်ကျည်း
ကျပ်နေပုံရသည်။
"အားချင်"
ပုလ္လင်ဘေးတွင်ယှဉ်ထိုင်နေသော
အနီရောင်အရိပ်ကလေးအားခေါ်မိတော့
"ဟုတ်"
"လေးတယ်မလားဆံထုံးကြီးက"
သူလေးမျက်နှာရှုံမ့ဲကာဖြင့်
"ဟုတ်တယ်အရှင်...အဝတ်ကြီး
ကလဲအလေးကြီး..ပြီး..ပြီးတော့
အောင့်နေသေးတယ်..ဖိထိုင်လို့
မရဘူး"
မျက်ရည်လေးလည်ကာပြောသော
ကြောင့်ဝမ်ယွန်စိတ်မကောင်း...။
ညကလ​ဲနှစ်ယောက်သားမိုးမမြင်လေမမြင်
ပေါင်းစည်းထားကြတာကြောင့်
သနားချစ်ပိုသွားမိသည်။
တောင်းပန်ပါတယ်အားချင်ကိုယ်တော်
ချစ်တာနဲနဲလွန်သွားတယ်...။
ပွဲအခြေအနေကိုသေချာစောင့်ကြည့်နေပြီးဝတ်ရုံအတွင်းမှဓားကိုသေချာကိုင်ထားမိ၏။
အကယ်၍တစ်စုံတစ်ခုများဖြစ်ခ့ဲသည်ရှိသော်  အားချင်ကိုသူကာကွယ်ပေးနိုင်ရမည်ဟုစိတ်ဆုံးဖြတ်ထားသည်။

ဝမ်ချောင်ရှေ့မှသေရည်အိုးကို
သာအာရုံစိုက်ထားလိုက်သည်။
မယ်တော်ကြည့်နေရဲ့လားဟင်
အားချင်လေးကထိမ်းမြားလက်ထက်သွား
ပြီ...မယ်တော်.။ဟွာယွန်န့ဲလဲအဆင်
မပြေဘူး..သူကသားတော်စကားဆို
နားမထောင်ဘူး အမြဲကျွန်တော်န့ဲဆန့်ကျင်ဘက်တွေကြီးလုပ်တယ်။
ဝမ်ချောင်စိတ်ညစ်ညစ်နှင့်သာ
သေရည်အိုးကိုမော့နေမိသည်။
အားချင်မှာသူ့အကိုကိုကြည့်၍စိတ်
မကောင်းတော့ပေ။.ဤသည်ကိုဧကရာဇ်က
ရိပ်မိကာ...
"ဝမ်ချောင်...ထိန်းစမ်း..ဘယ်လိုဖြစ်
နေရတာလဲအားချင်မျက်နှာငယ်အောင်
လုပ်မလို့လား.ဒါသူများတိုင်းပြည်နော်"
"သားတော်..နားလည်ပါပြီ
တောင်းပန်ပါတယ်"
သူပြောပြီးနောက်အားချင်လေးအား
လှမ်းကြည့်တော့ဝမ်းသာအားရပြုံး
ပြနေသည်။ဝမ်ချောင်မျက်ရည်တွေ
လည်လာခ့ဲသည်။တကယ်ပါညီလေး
ရယ်မင်းကလေးလေးဘဲရှိသေးတာပါ .ငါ့ညီလေးရာ။

ချစ်သောအရှင်Season(1)CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ