Part(10)

21.4K 755 7
                                    


ယိ့ဖန်ပွဲတော်ညကမင်းသားလေးထွက်ပြေးသွားသည့်တောအုပ်ထဲပြေးလိုက်ခ့ဲသည်။
သို့သော်မသင်္ကာဖွယ်အန့ံအသက်
တွေကိုသူရလိုက်၏။
ပုခုံးပေါ်ကျလာတ့ဲလက်ကြောင့်ကြည့်လိုက်တော့ဂိုဂူလျောဘုရင်။
"မင်းခံစားမိတယ်မလားမင်းကိုကူညီမ့ဲလူရှိတယ်ခုသူတစ်နေရာရာကနေစောင့်ကြည့်နေလိမ့်မယ်။
ပြန်ရောက်တ့ဲအချိန်
နန်းတော်ကနေ ကိုယ်ရံတော်
အဖွ့ဲလွှတ်ပေးလိုက်မယ်
ခနတောင့်ထား၂ယောက်"
.မင်းသားလေးတို့မိသားစုကို
ဒီအခြေနေရောက်အောင်တွန်းပို့
ခ့ဲတ့ဲဘုရင်ကအမိန့်လာပေး
နေသေးတယ်။ဓားဆွဲထုတ်ပြီး
နုတ်နုတ်ဆင်းလိုက်ရရင်တော့။
ဓားကိုကိုင်ထားသောလက်များတင်း
ကျပ်လာသည်။ဖြစ်နိုင်ရင်မင်းသား
လေးအားခေါ်ကာ၂ယောက်ပြန်လိုက်
ချင်သည်။သို့ပေမ့ဲမမှီတော့။
မသေချာ၍စောင့်ကြည့်သောအချိန်
ကြာ.မြင့်သွားကာဘေးပတ်ပတ်လည်
တွင်ဝိုင်းနေမှန်းလဲသိသည်။
ထို့ကြောင့်ယိ့ဖန်ခေါင်းတစ်ချက်
ဘဲညိတ်ပြလိုက်သည်။ထို့နောက်လက်ထဲ
သို့အထုပ်တစ်ထုပ်ပစ်ပေးလာကာ
"အရေးပေါ်သုံး ကိုယ်ပျောက်ငွေ့
ယူထား ဂျုံရှစ်ဖို့တစ်ထုပ် ရော့"
အတော်ဝေးဝေးရောက်တော့။
အင်္ကျီထဲထည့်ဝှက်ထားသော
ဓားမြှောင်နှင့်မင်းသားလေးတို့
နောက်လိုက်သွားသော
လုပ်ကြံသူ၁၀ယောက်အား
တစ်ချက်တားလိုက်သည်။
သစ်ပစ်သို့စိုက်သွားသောဓား
မြှောင်အားကြည့်ကာခေါင်းဆောင်
ဖြစ်သူအားတိုင်ပင်သံကြားလိုက်ရ
သည်။

"၁ယောက်ထဲ ဘဲ ၄ယောက်နေခ့ဲ
ငါတို့လိုက်သွားမယ်။
အပြတ်မရှင်းန့ဲသူက သံတမန်ရ့ဲကိုယ်ရံ
တော် နဲနဲဘဲလုပ်"
"၁ယောက်ထဲလို့ ဘယ်သူပြောလဲ"
ထိုအခိျန်မှဟို၁၀ယောက်လုံးရော
သူရောအသံကြားရာ အထက်သို ့
မော့ကြည့်မိသည်။သစ်ပင်ထက်တွင် ပုလွေတစ်ချောင်း
အားလက်ကပိုက်ထားသော
ကလေးလေးအားတွေ့လိုက်ရ
သည်။
လုပ်ကြံသူ၁၀ယောက်လုံးဝါး
လုံးကွဲရီလိုက်ကြသည်။
"ဟေး မင့်အသက်ဘလောက်
လဲ၁၇လား ၁၆ လား မသေချင်
ပြေးတော့လူကြီးတွေကိစ္စဝင်
မပါန့ဲ အသက်ငယ်ငယ်လေး'
မသတ်ရက်ဘူး။"
"ငါကကလေးလို့ ဘယ်သူပြောလဲ"
ဟုဆိုကာသစ်ပင်ပေါ်ကခုန်ဆင်း
လာသည်။
ရွှေအိုရောင်ဆံပင်လေးအား
ပိုင်းဆိုင်ထားကာမျက်လုံးများက
စိမ်းပြာရောင်သန်းနေသည်။
ဝတ်ထားသောအဖြူရောင်ကိုယ်ကျပ်
လေးနောက်တွင်ဓားအလတ်တစ်ချောင်း
လွယ်ထားသည်။
ခမောက်အနက်ရောင်အောက်မှ
မျက်နှာလေးအားပုဝါဖြင့်တစ်
ခြမ်းထပ်အုပ်ထားကာ
မြေပြင်ပေါ်သို့ဆင်းသက်လာသော
ကြိုးကြာငှက်လေးနှင့်တူသည်။
ထို့နောက်သူ့အားတစ်ချက်ကြည့်
ကာလုပ်ကြံသူ၁၀ယောက်ဆီသို့
အကြည့်ပို့လိုက်သည်။
" အကယ်၍မင်းတို့သခင်ကိုဒီထဲမှာအသက်ရှင်
ကျန်ခ့ဲတ့ဲသူရှိရင်ပြောလိုက်
ကင်မ်ဂျုံရှစ်ရှိနေသ၍ဂိုဂူလျော
ဘုရင်ကိုလက်ဖျားန့ဲတို့ဖို့တောင်
မကြံန့ဲလို့"
ပြောပြီးပြီးချင်းကျောမှလွယ်ထား
သောဓားအားဆွဲထုတ်ကာ
တဟုန်ထိုးဝင်တိုက်တော့သည်။
ယိ့ဖန်လဲကြောင်ကြည့်နေရာ
မှအမြန်ဝင်ကူရတော့သည်။
တိုက်ပုံတိုက်ကွက်တွေကိုကြည့်ရ
တာဒီကလေးလဲအဆင့်မနှိမ့်လှဘူး
တစ်ဖက်ကလဲတိုက်တစ်ဖက်ကလဲ
အကဲခတ်ရင်းသတိကြီးစွာထားနေရ
သည်။
လုပ်ကြံသူများကလဲအဆင့်မနိမ့်
သတိတစ်ချက်လွတ်တာန့ဲ
အသက်ပျောက်သွားနိုင်သည်။
တိုက်ပွဲကပိုမိုပြင်းထန်လာသည်။
၂ယောက်၁၀ယောက်လက်ရည်
တူနေသော်လဲအချိန်ကြာလာတော့
လက်ပန်းကျလာလေသည်။...
"အားးးးးး "
ယိ့ဖန်သတိလွတ်သွား
စဉ်လက်မောင်းသားတို့အား ဖြတ်တောက်
သွားသောဓားရာ....။
.....
.....
....
....

ချစ်သောအရှင်Season(1)CompletedDonde viven las historias. Descúbrelo ahora