Part{35}Final💜

43.9K 1.8K 171
                                    


သလွန်တော်ပေါ်တွင်ဖျော့တော့လှဲလျောင်းနေသောအားချင်။ သမားတော်တွေကတော့သွေးလွန်
ပြီးအားနည်းသွားလို့သတိမရသေးတာတ့ဲလေ။ သားတော်လေးကိုလီဂျွန်မြောင်လို့နာမည်ပေးထားလိုက်
တယ်​  အားချင်။ နန်းတော်ပြန်ရောက်ရောက်ချင်းသမားတော်တွေနှင့်ကုသနေသည့်အချိန်လျှောကနဲထွက်ကျလာသောပန်းရောင်အိတ်လေးကိုသူဖွင့်ကြည့်လိုက်တော့။ရှီလာမိဖုရားခေါင်၏စာကိုတွေ့ခ့ဲရသည်။ကလေးငယ်ကသဘောတူညီချက်လုပ်ခ့ဲတာဘဲ။ရတယ် မင်းသဘောအတိုင်းအ့ဲကလေးကိုစောင့်ရှောက်ပေးမှာမို့
ကိုယ့်ကိုထကြည့်ပါဦးကွာ။ဘယ်အချိန်မှအရှင်လို့ခေါ်သံလေးကြားရမှာလဲ။ တစ်ပတ်ရှိပြီတိတ်ဆိတ်ပြီးနေနေတာတစ်ပတ်ရှိပြီအသက်ရယ်။ ဘယ်အချိန်မှကိုယ်တော့်ကိုထွေးပွေ့ခွင့်ပေးမှာလဲ။ အမြန်ဆုံးသတိရပေးပါလားကိုယ်တော်စိတ်ပူလှပြီ။ အေးစက်စက်လက်ကလေးအားအသာယူကာနဖူးတွင်ကပ်ထားလိုက်မိသည်။
"လွမ်းတယ်​အားချင်ရယ်"
ဂျုံရှစ်ခပ်ဟဟလေးပွင့်နေသောအရှင့်အဆောင်တံခါးအားအသာပြန်ပိတ်ကာသက်ပြင်းအသာချလိုက်မိသည်။
"ကိုယ်ရံတော်လေး"
"ဘာကိစ္စလဲ"
"ဟို​ ဟို​ ရှီလာအိမ်ရှေ့စံလေး"
"ဘယ်လိုဖြစ်တာလဲ"
"ထမင်းသွားပို့တော့​ အခန်းထဲမှာမရှိတော့ပါဘူး"
"ကျစ်!!"
"ဂျုံလေး​ ဘာဖြစ်တာလဲ"
" ရှီလာအိမ်ရှေ့စံအဆောင်ကိုသွား
ရအောင်​ လူကြီး"
"ကောင်းပြီလေ"
အထိန်းတော်အားလမ်းပြခိုင်းကာ
အဆောင်သို့လိုက်သွားလိုက်ကြသည်။
" သေချာရှာကြည့်ပြီးပြီလား"
" ဟုတ်က့ဲ"
ယိ့ဖန်အထိန်းတော်တွေအားမေးမြန်းနေစဉ်
" အားလုံးအပြင်ထွက်ပေး"
" ဘာဖြစ်လို့လဲ​ ဂျုံလေး"
" ခနလေးပါ​လူကြီးရယ်"
အကုန်အပြင်ထွက်သွားချိန်အဝတ်စလေးထွက်နေသောသေတ္တာအရှည်လေးရှေ့တွင်မတ်တပ်ရပ်လိုက်သည်။
"ထွက်လာခ့ဲ"
"....... "
" မကြောက်န့ဲ​ ဦးဦးကဘာမှမလုပ်ဘူး"
"......"
"လိမ္မာတယ်နော်​ ထွက်လာခ့ဲ"
မျက်လုံးဝိုင်းဝိုင်းလေးများကအပေါက်ကြားလေးထဲမှချောင်းကြည့်နေလေ၏။
"ဘာမှ​ မလုပ်ပါဘူးနော်"
ကြောက်ရွံ​ ့တုန်လှုပ်နေသောအသံသေသေးလေး။ ဂျုံရှစ်သနားသွားမိသည်။
"မလုပ်ပါဘူး​ ပိစိရဲ​ ့မကြောက်န့ဲအရင်သေတ္တာထဲကထွက်လာခ့ဲလေ​ နော်"
"..... "
လှုပ်လှုပ်လှုပ်လှုပ်နှင့်ထွက်လာသောပိစိလေး။ချိုင်းကြားမှမကာဆွဲချီလိုက်သည်။
"ချစ်ဖို့ကောင်းတယ် ဦးဦးန့ဲထမင်းစားမယ်မလား"
"ဟင့်​ အင်း"
"ဘာလို့လဲကလေးရဲ​ ့"
"ရိုက်​ ရိုက်တယ်"
ဂျုံရှစ်မျက်မှောင်ကျုံ့သွားမိသည်။
" ဘယ်သူကရိုက်တာလဲ"
" ရုပ်ဆိုးဆိုးအဒေါ်ကြီးတွေ"
"အတင့်ရဲလို့"
အဆောင်တံခါးအားအထဲမှဆောင့်ကန်ကာဖွင့်လိုက်သည်။
" ရိုက်တ့ဲလူတွေကိုလက်ညှိုးထိုးပြ​ "
နောက်ဆုံးရှီလာအိမ်ရှေ့စံအဆောင်မှာရှိသမျှအထိန်းတော်အားလုံးကြိမ်ဒဏ်သင့်လေတော့သည်။
"မင်းတို့ကိုဘယ်သူက​ အစေခံလိုဆက်ဆံခိုင်းလို့လဲ မင်းကြီးကိုယ်တိုင်အဆောင်တော်ချီးမြင့်ပြီး အစေခံတွေပေးသနားထားတာ ဒါတော်ဝင်သွေး​
မင်းတို့ထက်အဆင့်အတန်းမြင့်တယ် ရာရာစစ"
လည်ပင်းမှအင်္ကျီလေးအားတင်းကျပ်စွာဆုပ်ကိုင်ထားသောလက်ဖောင်းဖောင်းလေးကိုဆုပ်ကိုင်လိုက်သည်။
"မကြောက်န့ဲ​ နောက်တစ်ခါသူတို့မလုပ်ရဲတော့ဘူး​ ဦးဦးရှိတယ်"
"ဟုတ်"
" နာမည်လေးပြောပြပါ့လားဦးဦးနာမည်က​ ကင်မ်ဂျုံရှစ်ဒီကဦးဦးကလင်းယိ့ဖန်တ့ဲပိစိလေးကရော"
"မင်နာ​ ဘတ်မင်နာ"

ချစ်သောအရှင်Season(1)CompletedDonde viven las historias. Descúbrelo ahora