Part(24)

25.2K 1.5K 32
                                    


"စစ်လန်"
စစ်လန်အဆောင်သို့ပြန်အလာကိုကိုစီယွမ်
၏ခေါ်သံကြားလိုက်ရလေသည်။
"ကိုကို​  ဘယ်လိုလဲဟင်​ ပွဲမဖြစ်ဘူးမလား"
မျှော်လင့်တ့ဲမျက်လုံးလေးတွေန့ဲမော့ကြည့်
ကာပြောလာသောညီမတော်လေးအား
ဘယ်လိုဖြေရမှန်းပင်မသိတော့
ခမည်းတော်တို့ကအပြတ်ပြောပြီးသားပင်။
စစ်လန်ကိုမိဖုရားမမြှောက်ရင်ငြိမ်းချမ်းရေး
မကမ်းလှမ်းနိုင်ဘူး။ ဘယ်လိုလုပ်ရပါ့မလဲ...
"လန်အော်​   ကိုကိုပြောတာသေချာနား
ထောင်နော်​ လန်အော်လေးကမွန်ဂိုပြည်
ကအတော်ဆုံးမင်းသမီးလေ။ တခြားမင်း
သမီးတွေထက်ငါ့ညီမလေးကသာတယ်။
ဒါပေမ့ဲခုချိန်ကစစ်ဘယ်ချိန်ထဖြစ်မလဲ
တွေးပူနေရတ့ဲအချိန်။ ကိုကိုတို့နိုင်ငံထက်
ဂိိုဂူလျောကပိုလုံခြုံတယ်လန်အော်။
လီဝမ်ယွန်ရဲ့အရိပ်အောက်မှာညီမလေးကို
ဘယ်သူမှမထိရဲဘူး​  ကိုကိုတို့မွန်ဂိုကကြွယ်
ဝပေမ့ဲစစ်အင်အားနည်းတယ်။ ဒီတော့
ဂိုဂူလျောန့ဲမဟာမိတ်ဖွဲ့မှကိုဖြစ်မယ်လန်အော်"
သူပြောတ့ဲစကားကိုနားထောင်နေရင်းတစ်စတစ်စ
မျက်ရည်ဝဲလာသောညီမအားမြင်ပေမ့ဲ
ခပ်တည်တည်မျက်နှာလွှဲလိုက်ရင်း
" အ့တာကြောင့်​  ညီမလေးအဆင့်၄မိဖုရား
ဆူဘင်ဘွဲ့န့ဲလိီဝမ်ယွန်ကိုလက်ဆက်ရမယ်"
" လန်အော်မယူချင်ဘူး​   လန်အော်ဆယ့်ခြောက်နှစ်
ဘဲရှိသေးတယ်လေ​ အကိုတော်"
လက်မောင်းအားဆုပ်ကိုင်ကာငိုသံ
နှော၍ အသနားခံပါသော်လည်း။
စီယွမ်မတတ်နိုင်တော့။ တိုင်းပြည်ရေး
အတွက်သွေးသားကိုစွန့်လွှတ်ရတော့
မည်။
" ကိုကို့ကိုကြည့်စမ်း​  လန်အော်​ စိတ်ချ
ဘုရင်လီဝမ်ယွန်ဟာ​ ဧကရီရှောင်ချင်ကလွဲ
ရင်ဘယ်သူ့ကိုမှထည့်စဉ်းစားတာမဟုတ်
ဘူး​ လက်ဆက်ပြီးရင်​ အဆောင်မှာအေးအေးဆေးဆေး
နေရုံဘဲ​ ကိုကိုတို့ဘက်ကအမတ်တွေလဲရှိတာဘဲ
လန်အော်လေးကိုဘယ်သူမှမထိစေရဘူး
လီဝမ်ယွန်ကိုလဲမှာခ့ဲမှာ​  ညီမလေးကို
စောင့်ရှောက်ဖို့​ ကိုကို့ကိုကတိပေးထားတယ်
အ့ဲတာကြောင့်​ ဘာမှမစိုးရိမ်န့ဲနော်
ကိုကိုလဲခနခန​လာမယ်​ မငိုန့ဲတိတ်တော့"
ပါးဖောင်းဖောင်းလေးအပေါ်ကျလာသော
မျက်ရည်တို့အားဖိသုတ်ပေးမိသည်။
တောင်းပန်ပါတယ်ညီမလေးရယ်
တိုင်းပြည်ရေးထဲဆွဲထည့်မိတ့ဲအတွက်
တောင်းပန်ပါတယ်......
....
....
......
" ပေါက်စ"
ဂျုံရှစ်နားချိန်ရသောကြောင့်
ကိုယ်ပိုင်အဆောင်ထဲတွင်ခနမှိန်းနေစဉ်
ယိ့ဖန်​ေရာက်လာလေသည်။
" ပင်ပန်းနေလား​   အချစ်"
နဖူးထက်အနမ်းခြွေရင်းမေးလိုက်မိသည်။
"ပင်ပန်းတာပေါ့​ သံတမန်တွေရောက်
နေတာရော​ နယ်စပ်ကသတင်းတွေစု
နေရတာရော​ ငွေလရောင်ဂိုဏ်းက
ဂိုဏ်းသားကိုစစ်ဆေးရတာရော​ သေတော့
မယ်"
ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ကာချွဲလိုက်မိသည်။
"ဟင်​  ဖမ်းမိလို့လား"
"အင်းတစ်ယောက်မိတယ်​ သူကလုပ်ကြံမ့ဲ
အဖွဲ့ထဲမှာတော့ပါတယ်ဒါပေမ့ဲ​ မင်းသားအဆောင်
ထဲတော့မရောက်လိုက်ဘူး​လေ​ အ့ဲတာကြောင့်
မိတာ "
ယိ့ဖန်ပေါက်စမျက်နှာလေးအားသေချာ
ကြည့်မိတော့အနည်းငယ်ပိန်သွားလေဟန်ရှိသည်။
"အနားလဲယူဦး​  အလုပ်တွေသိပ်လုပ်မနေန့ဲ
ကိုယ်စိတ်ပူလို့"
" သွားပါသူကျ​ မင်းသားအနားကခွာရတာမဟုတ်
ဘဲန့ဲ"
" ရပါတယ်ပေါက်စရဲ့​  ရှောင်ချင်လေးက
သူ့ဘာသာသူသက်သက်အဖွဲ့တစ်ဖွ့ဲစီစဉ်
ပြီးသား​ "
" ဘယ်လို"
"အွန်း​ ဟုတ်တယ်​  ဟိုနေ့ကအဖွဲ့တစ်ဖွဲ့
စီစဉ်ခိုင်းတယ်​ လျို့ဝှက်အဖွဲ့ပေါ့"
" သူပြောင်းလဲသွားတယ်နော်
အင်းပေါ့လေ​ အနောက်နန်းဆောင်အရှင်သခင်
ဘဝကိုနားလည်လာပြီထင်ပါတယ်"

ချစ်သောအရှင်Season(1)CompletedWo Geschichten leben. Entdecke jetzt