Part{34}

26.3K 1.6K 91
                                    


"ချောက်!!"
အသံကြားရာသို့အကုန်ကြည့်မိတော့မိမိတို့အားအကျဥ္းချထားသောအခန်း၏သော့အိမ်ကထက်ပိုင်းပြတ်
ထွက်သွားသည်ကိုမြင်လိုက်ကြရသည်။
"အချုပ်ခန်းသော့ပွင့်သွားပြီ ပြေး ပြေးကြ"
အော်သံအဆုံးဘေးမှအဖွားအိုကအားချင်ကိုလာတွဲကာပြေးလေသည်။တစိတ်အဖွားအိုတစ်ယောက်ကအ့ဲလောက်သန်မာနိုင်သလား။သူတို့ဝေးဝေးမရောက်မီှစစ်သူကြီးဆိုသူက
"ဧကရီလေး ကျေးဇူးပြုပြီးမယ်မယ်တောင်းဆိုတာကို
လိုက်လျောပေးပါ။"
ရှောင်ချင်ခဏရပ်လိုက်ကာနောက်သို့ပြန်လှည့်ကြည့်လိုက်တော့ဒူးထောက်အရိုအသေပေးနေလေ၏။
"စိတ်ချပါ ကျွန်တော်သဘောတူပါတယ်"
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဧကရီလေး"
အကြိမ်ကြိမ်ဦးချ ပြီးနောက်လိုက်ဖမ်းဟန်ပြင်နေသည့်မိမိတပ်သားတို့အားတားလိုက်သည်။
"မင်းတို့မသေချင်ရင် ဧကရီလေးကိုလွှတ်ပေးလိုက်"
=====

ရှောင်ချင်တို့တောအုပ်ထဲရောက်သည်နှင့်လူစုကွဲသွားကြသည်။အဖွားအိုကသူ့ကိုတွဲ၍ပြေးရသောကြောင့်သာ
ယခုထိအတူတူရှိနေနိုင်ခြင်းဖြစ်သည်။ထိုအချိန်
"အ့"
"ဘယ်လိုဖြစ်လို့လဲ နာလာလို့လား"
အဖွားအို၏အမေးစကားကိုခေါင်းသာငြိမ့်ပြနိုင်လိုက်သည်။
"လုပ်ပါဦး အားးး မွေး မွေးတော့မယ်ထင်တယ်"
"လာ ဒီမှာလှဲလိုက်"
သစ်ပင်ကြီး၏ခြေရင်းတွင်လှဲချလိုက်မိကာ
"မကြောက်ပါန့ဲ အဖွားရှိပါတယ် စိတ်ကိုအေးအေးထား"
သူ့ပေါင်နှစ်ချောင်းကြားတွင်နေရာဝင်ယူကာဝတ်ရုံကိုလှန်လိုက်သောအချိန်ရှောင်ချင်တွင်ရှက်စိတ်ပင်မရှိနိုင်တော့ချေ။
"အ့ အားးးးးး!!!!"
"နဲနဲအားထည့်ပေး"
ဘေးမှသစ်မြစ်ကြီးအားယောင်ယမ်းကာကုတ်ဆွဲလိုက်မိသည်။
"အားးးးး!"
လျိုရှောင်ချင်အားတင်းထားစမ်းရအောင်ခေါ်ထုတ်ရမယ်ကလေးကို။လက်ဖျံအားကိုက်ချလိုက်တော့သွေး
တို့ကတစ်စက်ပြီးတစ်စက်ကျလာလေသည်။
"ရတော့မယ်သား မြင်နေရပြီ နဲနဲလေးပိုပြီး"
အရှင်ရေ.....ကျွန်တော်ပင်ပန်းလာပြီ
"သား အားမလျော့န့ဲကလေးကိုစဥ္းစား
နဲနဲဘဲ ပိုပြီး"
လက်သီးကိုကျစ်ကျစ်ပါအောင်တင်းထားမိကာခန္ဓာကိုယ်တစ်ခုလုံး၏အားများကိုထိုနေရာသို့ပို့လိုက်မိသည်။
"အားးးးးးး!! ဟားးး"
"အင့် အူဝဲ ....."
ပူခနဲဖြစ်သွားသောခံစားချက်န့ဲအတူကြားလိုက်ရသောငိုသံလေးကြောင့်နုံးခွေနေသည့်ကြားမှခေါင်းထောင်ကြည့်လိုက်မိသည်။အနှီးထုပ်လေးတစ်ခုမှလွဲ၍ဘယ်သူမှမရှိတော့သောကြောင့်ထိုအရာလေးအားအမြန်ဆွဲယူကာဖွင့်ကြည့်မိသည်။
"အ့ဲ....."
"သား သားလေး ဖေ့ဖေ့သားလေး"
ပါးစပ်သေးသေးလေးဟကာတစ်ခုခုကိုလိုက်ဟပ်နေသည်မို့နှစ်ခါပင်မစဥ္းစားမိဘဲရင်ခွင်ထဲထည့်ကာအလိုရှိသည်လေးကိုတိုက်ကြွေးလိုက်မိသည်။ထိုအခါမှငြိမ်ကျသွားလေသည်။ရှောင်ချင်အဖွားအိုကိုသတိရမိတော့။လူမဖြစ်နိုင်မှန်းသူအစကတည်းကရိပ်မိပြီးသားဖြစ်သည်။
"ကျေး ကျေးဇူးတင်ပါတယ်"
ထိုအချိန်
"မလိုပါဘူးရှင် အ့ဲအကောင်ကသူ့ကိုမကူညီရင်ကျွန်မနတ်နန်းကိုဖြိုချ ပြစ်မယ်လို့ခြိမ်းခြောက်ထားလို့ရှင့်နဂါးစုတ် !! ဧကရီလေးဒီအရှေ့တည့်တည့်အတိုင်းသာခရီးနှင်ပါ မျှော်လင့်နေတ့ဲသူန့ဲစုံစည်းရပါလိမ့်မယ်"
မည်သူမှမတွေ့ရဘဲမိန်းမပျိုလေးတစ်ယောက်အသံသာကြားနေရသည်မို့ခပ်ရဲ့ရဲ့ပြုံးလိုက်မိပြီးသူမလမ်း
ညွှန်သည့်အရပ်ကိုသာခရီးဆက်လိုက်တော့သည်။

ချစ်သောအရှင်Season(1)CompletedDonde viven las historias. Descúbrelo ahora