Ep6

4.9K 335 15
                                    

Unicode

'အချစ်' ဆိုတာကိုတစ်ချို့ကရယူပိုင်ဆိုင်ခြင်းလို့ဆိုကြသည်။တစ်ချို့ကတော့ ပေးဆပ်ခြင်းလို့ခေါင်းစဉ်တပ်ကြသည်။

ကျွန်မကတော့ တစ်ခုထဲကိုပုံသေမသတ်မှတ်ချင်ပါ။
နှစ်ခုလုံးညီမျှမှုရှိရမည်ဟုထင်သည်။ ပေးဆပ်သင့်တဲ့နေရာမှာပေးဆပ်၍ ရယူသင့်သည့်နေရာမှာရယူရမည်။

~~~~

ကျွန်မတော့ မမကိုတစ်နေ့ထက်တစ်နေ့ပိုတိုး၍ချစ်လာသည်။ ချယ်ပြောသလိုမမစိတ်ကခန့်မှန်းရခက်သည်။

တစ်ခါတစ်လေကျွန်မကိုဂရုစိုက်ပြ ချစ်ပြဟန်ရှိသော်လည်း တစ်ခါတစ်ရံအေးစက်တဲ့အမူအရာအဖြစ်ပြောင်းလဲသွားသည်။ ကျွန်မချစ်နေသည်ကိုသိသလိုနှင့်မသိဟန်ဆောင်တတ်သည်။

မမနဲ့ကျွန်မ မတွေ့ဖြစ်တာတစ်ပတ်ရှိပြီ။ မမအိမ်ကိုသွားတွေ့ချင်သော်လည်း ပုံဆွဲစရာရှိ၍ အလုပ်မအားဘူးဟု အကြောင်းပြကာ မလာခိုင်းပေ။

ဒီနေ့တော့ မမရှိကိုဖုန်းဆက်ပြီးလာမည့်အကြောင်းမပြောတော့။ ဖုန်းဆက်လဲမလာနဲ့ပြောအုံးမည်။ ထို့ကြောင့်ကိုယ်တိုင်သာအိမ်သို့သွားတွေ့ရန်ဆုံးဖြတ်လိုက်တော့သည်။

အိမ်အထိရောက်လာသည့်လူကိုတော့နှင်ထုတ်မည်မဟုတ်။ မမကသည်လောက်ထိလူမှုရေးခေါင်းပါးသူတော့မဟုတ်ပါ။

ကျွန်မ မမအခန်း password ကိုယ်တိုင်ရိုက်နှိပ်၍ဝင်လိုက်သည်။ အခန်းထဲဝင်ဝင်ချင်း မမက ဧည့်ခန်းထဲကဆိုဖာပေါ်မှာအိပ်ပျော်နေသည်။

ကျွန်မကြောင့်အနှောက်အယှက်မဖြစ်စေလို၍ ခြေသံခပ်ဖွဖွဖြင့်လျှောက်ကာ ဘေးခုံတွင်ဝင်ထိုင်ပြီး မမအိပ်ပျော်နေသည်ကိုသာတစ်စိမ့်စိမ့်ထိုင်ကြည်နေမိသည်။

ဒီရက်ပိုင်းအတွင်းညဉ့်နက်မှအိပ်ရာဝင်သည်ထင်ပါရဲ့ အရင်ကပြည့်ပြည့်ဖောင်းဖောင်းပါးလေးကချောင်ကြလို့။ မတွေ့ရတဲ့တစ်ပတ်အတွင်းမှာ မမကသိသိသာသာပိန်ကျသွားသည်။

ခဏအကြာ မမကအိပ်မှုန်စုတ်ဖွားဖြင့်နိုးလာကာ_

"လီလီရောက်နေတာလား?"

Back To YouWhere stories live. Discover now