Ep9

4.3K 280 28
                                    

Unicode
မနေ့ကကမ်းခြေမှာထိုင်တာကြာသွားတော့ လေစိမ်းတွေတိုက်တာခံလိုက်ရပြီး ကျွန်မဖျားကာအိပ်ယာထဲမှာခွေနေရတော့သည်။

"ဟပ်ချိုး"

"လီလီကိုယ်တွေပူနေတာဘဲ အဖျားတွေလဲတက်နေတယ်။ အဲ့ဒါကြောင့်ကိုယ်ပြောပါတယ် စောစောပြန်ရအောင်ဆိုတာကိုနားမထောင်ဘူး"

"မိုးချုပ်တဲ့အထိနေတော့အခုနေမကောင်းဖြစ်ပြီကြည့်"

မမကကျွန်မကိုစိတ်ပူသည်လေသံဖြင့်ပြောကာဆူနေသည်။ မမပြောတော့ကျွန်မမှာမျက်နှာငယ်လေးဖြင့်သာ။

ကျွန်မကလဲကျွန်မပါဘဲ မမကညဘက်ရောက်ရင်ပိုလဲအေးလာတော့မှာ လေတိုက်တာကြာကြာခံရင်အအေးပတ်မယ်ပြောတာကို နားမထောင်ဘဲ ပေကပ်နေနေတော့ အခုတော့ အိပ်ယာထဲကနေကိုမထနိုင်တာ့ပါ။

မမနှင့်အတူူတူခရီးထွက်ရတုန်းပျော်ပျော်ရွှင်ရွှင်လျှောက်လည်မည်ဟု အားခဲထားသမျှအခုတော့သဲထဲရေသွန်သလိုဖြစ်ကုန်ပြီ။

"အခုမှမျက်နှာငယ်လေးနဲ့သနားအောင်လုပ်ပြမနေနဲ့။ ပြောစကားကြနားမထောင်ဘူး"

"miyanae, လီလီကြောင့်မမလဲဘယ်မှမသွားရတော့ဘူး။ ခရီးထွက်ပါတယ်ဆိုမှအခုဟိုတယ်ထဲမှာဘဲနေနေရတော့တယ်။ လီလီကြောင့်ပါ"

ကျွန်မမျက်ရည်လေးတွေဝဲကာပြောတော့မမက

"ကိုယ်ကအပြင်မထွက်ရလို့ပြောနေတယ်များထင်နေလား။ လီလီကိုစိတ်ပူလို့ပြောတာ။ လီလီနေမကောင်းဖြစ်တော့ကိုယ့်မှာဘယ်စိတ်ကောင်းရမလဲ"

"ဟူး...... တော်ပြီငိုမနေနဲ့တော့။ ဖျားနေရတဲ့ကြားထဲ ငိုနေရင်ခေါင်းကိုက်လိမ့်မယ်။ ပိုဆိုးမယ်။ တိတ်တော့"

"ကလေးလဲမဟုတ်ဘဲနဲ့ တစ်ခုခုဆူလိုက်ရင်ငိုမယ်ဆိုတာကြီးဘဲ"

"ဆေးသောက်မယ်ရော့" မမကဆေးလုံးလေး လုံးကိုကျွန်မလက်ထဲထည့်ပေးသည်။ တစ်ဖက်ကရေခွက်လေးကို
ကိုင်ထားကာ။

Back To YouWhere stories live. Discover now