Unicode
" မမ "
" အင်းလီလီပြော "
" လီလီတို့အကြောင်းမိဘတွေကိုဖွင့်ပြောလိုက်ကြရ
အောင်လား "ကျွန်မစကားကြားတော့မမကကျွန်မကိုကြည့်လာသည်။
" ကလေးကပြောချင်လို့လား "
" ဟုတ်တယ်လေမမရဲ့အခုကထဲကပြောပြထားတာပို
ကောင်းမယ်ထင်လို့ "" နောက်တော့မှသိရတာထက် လီလီကအရင်ပြောပြထားတော့ကောင်းတာပေါ့။ မဟုတ်ဘူးလား "
" မမရောဘယ်လိုသဘောရလဲ "
" ကိုယ်ကတော့ဘာမှမဖြစ်ပါဘူး။ ကလေးပြောချင်ရင်
ပြောပါ။ ဒါပင်မဲ့နောက်ဆက်တွဲဖြစ်လာမယ့်ကိစ္စတွေကိုရင်ဆိုင်နိုင်လို့လား "" လီလီမိဘတွေကသဘောတူရင်တော့ကောင်းတာပေါ့
တကယ်လို့သူတို့သာမတူခဲ့ဘူးဆိုရင် လီလီခံစားရမှာဆိုးတယ် "" လီလီကရှေ့ဆက်လျှောက်ရမယ့်လမ်းတွေအများကြီးရှိသေးတယ်။ ကလေးရဲ့အနာဂတ်ကိုကိုယ့်ကြောင့်မထိခိုက်စေချင်ဘူး "
" နောက်ပြီးကိုယ့်ကြောင့်ကလေးရဲ့မိဘတွေနဲ့လဲအ
တိုက်အခံမဖြစ်စေချင်ဘူး "" မမဘာကိုစိတ်ပူနေလဲဆိုတာလီလီသိပါတယ်။ လီလီကမေမေတို့ဖေဖေတို့နဲ့လဲအတိုက်အခံမလုပ်ပါဘူး။ သူတို့ကိုနားလည်အောင် လီလီတို့နှစ်ယောက်ကိုလက်ခံလာအောင်သေချာပြောပြမှာပါ "
" နောက်ပြီးဘာတွေဘဲဖြစ်လာဖြစ်လာ ဘယ်သူတွေတားတား လီလီကမမကိုဘဲရွေးချယ်မှာ "
ကျွန်မအဲ့လိုပြောတော့မမကသက်ပြင်းချကာ
" အဲ့ဒါတွေကြောင့်လီလီကိုစိတ်ပူတာ "
" ကိုယ့်ကိုဘဲမရွေးချယ်နဲ့။ လီလီဘဝအတွက်အကောင်းဆုံးဖြစ်မယ့်ဟာကိုသာရွေးချယ် "
" လီလီအတွက်အကောင်းဆုံးဆိုတာလဲမမဖြစ်သလို
လီလီရွေးချယ်မယ့်သူကလဲမမဘဲဖြစ်ရမယ် "" ကိုယ့်ကိုအဲ့လောက်တောင်ချစ်လားကလေး "
" အင်းစကားတွေနဲ့ကိုမဖော်ပြနိုင်အောင်မမကို
ချစ်တယ် "
ESTÁS LEYENDO
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa