Unicode
Jennie's point of view,
ကောင်ကင်ကိုမော့ကြည့်မိတော့ နေမင်းကြီးကသာယာနေပြီးကျွန်မရဲ့ဝမ်းနည်းမှု နာကျင်မှုတွေကိုပျောက်ကွယ်အောင်
လုပ်ပေးနေသည်။
ကျွန်မရဲ့မျက်ရည်တွေခြောက်သွေ့ကုန်ကာ မျှော်လင့်ချက်မဲ့သောအိမ်မက်တွေလဲမရှိတော့လေပြီ။အဲ့နေ့..... မိုးရေထဲမှာရပ်နေပြီး ကိုယ့်ကိုကြည့်ခဲ့တဲ့
ကလေးရဲ့အကြည့်တစ်ချက်က ကိုယ့်နှလုံးသားကို
လှုပ်ခတ်စေခဲ့သည်။ အဲ့ကထဲကသိခဲ့တယ် ကိုယ်တို့
နှစ်ယောက်ရဲ့အချစ်က မိုးရေတွေကြားမှစတင်ခဲ့တယ်
ဆိုတာ။ဒါဟာအချစ်မဟုတ်ခဲ့ရင်တောင် ဘာလို့သိပ်ကိုပြီးပြည့်စုံ
ခဲ့ရသလဲ။ ကိုယ့်အတွက်စိတ်မပူပါနဲ့။ ကိုယ်က ကလေးကိုအခုချိန်ထိ ချစ်နေဆဲပါ။ ကလေးမရှိတော့ကိုယ့်ရဲ့
နှလုံးသားဟာတစ်ဆစ်ဆစ်နဲ့နာကျင်နေရပါသည်။
နောက်ပြီး ကိုယ်ကလေးကိုသိပ်လွမ်းပါတယ်။ကိုယ်အပြုံးတွေနဲ့ဘဲ ကလေးကိုလက်လွှတ်နိုင်ဖို့ကြိုးစားပါ
သေးတယ်။ ကလေးနဲ့ပတ်သတ်တဲ့အမှတ်တရ
တွေအားလုံးပျာက်ကွယ်သွားခဲ့ရင်တောင်
ကလေပေးခဲ့တဲ့အချစ်ရဲ့နွေးထွေးမှုကို ကိုယ့်နှလုံးသားက
အမြဲခံစားမိနေမှာပါ။ကလေးနဲ့အတူရှိစဉ်အခါက ကောင်းကင်းကြီးကမိုးသား
ကင်းစင်လို့ အချစ်တွေနဲ့ပြည့်နှက်နေပြီး အခုတော့
တိမ်ညိုတိမ်မဲတွေအုံ့ဆိုင်းကာ ဖုံးအုပ်လို့နေသည်။
ကိုယ်ကလေးကို စောင့်နေမှာပါ။ အရင်ကကိုယ်တို့
ဆုံခဲ့သလိုမျိုးပေါ့။
ကလေးထွက်သွားတဲ့နေ့ကမိုးတွေရွာခဲ့သည်။
မိုးတွေရွာသွန်းပြီးကျန်ခဲ့တာကတော့အေစက်စက် အမှတ်တရတွေပါဘဲ။ကိုယ်ကလေးကိုလွမ်းသောလဲ ကလေးနှင့်အတူရှိမနေ
နိုင်ပါ။ ကြေကွဲနေတဲ့နှလုံးသားလေးကို မျက်ရည်တွေ
နဲ့သာဟန်ဆောင်နှစ်သိမ့်ထားရသည်။ ကိုယ်ကလေးကို
အခုထိချစ်နေပါတယ်။ ဒါပင်မဲ့အမှန်တရားကိုလက်ခံရ
တော့မယ်။ ကိုယ်ဟာမင်းနဲ့အမြဲဘယ်တော့မှအတူရှိမ
နေနိုင်ပါဘူး။.......
တစ်လောကလုံးငိုနေသည့်အချိန်မှာ ကိုယ်ရယ်မော
နေခဲ့မိပြီး ကိုယ့်ကိုလှောင်ရယ်နေတဲ့ကံကြမ္မာကိုတော့
ကိုယ်မမြင်ခဲ့ပါ။ ကိုယ်ငိုကြွေးနေချိန်မှာတော့ လောက
ကြီးက ရယ်မောနေခဲ့ပြီး ခုတော့ကံကြမ္မာရဲ့ရက်စက်မှုကို
ကိုယ်မြင်တွေ့ခဲ့ရပြီ။
YOU ARE READING
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa