Ep10

4.4K 278 6
                                    

Unicode

မမကနေနိုင်လွန်းသည်။ ကျွန်မကိုဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရ။ ခရီးကပြန်ရောက်သည့်နေမှစ၍ မမစကားအတိုင်းအိမ်သို့ပြန်နေခဲ့သည်မှာ နှစ်ပတ်ကြီးများတောင်ရှိပြီ။

ဖေဖေကလဲအိမ်မှာရှိနေ၍ခဏခဏအကြောင်းပြချက်ပေးကာ မမရှိသို့လာလို့မရ။ ကျွန်မခြေလှမ်းတွေမူမမှန်မှန်းသိသွားလျှင် အပြင်ထွက်ခွင့်ပါမတ်ပါပိတ်သွားနိုင်သည်။

နေ့တိုင်း အလုပ်နှင့်အိမ်၊ အိမ်နှင့်အလုပ်သာလည်ပတ်နေရသည်။ မမကတော့ပြခန်းမှာကျွန်မကိုလာတွေ့ဖို့နေနေသာသာ ဖုန်းလေးတောင်မဆက်။ ကျွန်မကဆက်ရန်ကြိုးစားသော်လည်း အမြဲကိုယ်ကကြီးစခေါ်နေရတော့ တစ်ခါတစ်လေသူ့ဘက်ကစခေါ်သည်ကိုလိုချင်မိသည်။ ထိုကြောင့်မမအသံလေးကိုကြားချင်သောလည်း၊ မမကိုလွမ်းသောြ်ငားလည်း ဖုန်းစမခေါ်၊ သွားမတွေ့ဖြစ်ခဲ့။

~~~~
At gallery,

"လီဆာရေဖုန်းကိုအဲ့လောက်လဲဆိုက်ကြည့်မနေနဲ့ ပေါက်ထွက်သွားအုံးမယ်"

"ဟူး.....!!!!" ကျွန်မသက်ပြင်းအရှည်ကြီးချမိလိုက်တော့ချယ်ယောင်းက

"ဘာလဲ Jennie unnie ရှိကဖုန်းကိုမျှော်နေတာလား။ သူကအခုထိမဆက်သေးဘူးလား"

"အေးဟုတ်တယ်ဟာ မမကငါရှိဖုန်းလဲမဆက် လူလဲလာမတွေ့နဲ့ ခရီးကပြန်လာကထဲကဟ"

"ခရီးသွားတုန်းကနင်တို့ရန်ဖြစ်ထားကြသေးလား။ ဒါမှမဟုတ် unnie စိတ်ခုအောင်နင်တစ်ခုခုများပြောထား၊လုပ်မိသေးလား"

" ဘာမှမဖြစ်ထားပါဘူးဟာ။ ခရီးတုန်းကငါနေမကောင်းဖြစ်လို့တောင်သူ့မှာစိတ်ပူနေတာ။ ပြန်တော့လဲအိမ်ကိုသူကိုယ်တိုင်ပြန်လိုက်ပို့ပေးပြီး ကြည်ကြည်ဖြူဖြူပါဘဲ"

မမကဘာဖြစ်နေပြန်ပြီလဲ။ ကျွန်မအပေါ်မှာဘာလို့ဒီလောက်တောင်စိမ်းကားနိုင်ရတာလဲ။ မမကကျွန်မအပေါ်တကယ်ချစ်တာရောဟုတ်ရဲ့လား။ မမမှာကျွန်မအပြင်နောက်တစ်ယောက်များရှိနေပြီလား။

မမကတစ်ခါတစ်ရံသိပ်တရားလွန်ဖို့ကောင်းသည်။ ကျွန်မနှင့်သူဆက်ဆံရေးကဒီလောက်တောင်အဖြစ်မရှိဘူးလား။ ကျွန်မကသူ့အတွက် သူလိုရင်တစ်မျိုး မလိုရင်ပစ်ထားလို့ရတဲ့ ကစားစရာအရုပ်လေးတစ်ရုပ်လောက်ဘဲတန်ဖိုးရှိတာလား။ မမကကျွန်မကိုကြိုးရှည်ရှည်နဲ့လှမ်းထားသလိုခံစားရသည်။ ကျွန်မကလဲတွေးလိုက်ရင်အဆုံးထိ။

Back To YouTempat cerita menjadi hidup. Temukan sekarang