Final

11.6K 380 40
                                    

Unicode

နှုတ်ခမ်းချင်းထိလုလုဆဲအချိန်ရောက်ကာမှ

"ကိုယ်လီလီ့ကိုမနမ်းနိုင်ဘူး......

" လီလီကိုယ်တို့အခုလိုမလုပ်သင့်ဘူးလေ။ ကိုယ်တို့
မမှားကြရအောင်ကလေး"

ကျွန်မမျက်နှာကိုလွှဲလိုက်ကာကလေးရဲ့ရင်ဘတ်ကို
တွန်းလိုက်သည်။

" ဘာဖြစ်လို့လဲ။ မမလဲကျွန်မကိုချစ်တယ်မလား။
   အခုထိချစ်နေတာဘဲမလား"

" ချစ်ပါတယ်။ကိုယ်ကလေးကိုအမြဲချစ်နေမှာပါ။ ဒါပင်မဲ့အခုလိုကတော့မဟုတ်သေးဘူးလေ"

" လီလီနဲ့မမကအရင်လိုမှမဟုတ်တော့တာ။ လီလီက
လက်ထပ်ပြီးသားလူတစ်ယောက်လေ"

" အိမ်ထောင်ရှိပြီးသားမိန်းကလေးတစ်ယောက်က တစ်ခြားတစ်ယောက်နဲ့ဒီလိုပုံစံမျိုးရှိနေတာတော့မဟုတ်
သေးဘူးထင်တယ်"

" ဟားဟား.... မမရယ်"

လီလီကကျွန်မကိုကြည့်ပြီးရယ်သည်။
ကျွန်မကလေးကိုထူးဆန်သလိုကြည့်တော့ကလေးက
ကျွန်မနဖူးတည့်တည့်ကိုလက်ညိုးဖြင့်ထိုးလိုက်ကာ

" မမကသိပ်တုံးတာဘဲ။ ချစ်ဖို့လဲကောင်းတယ်"

"လာဒီမှာခဏလာထိုင်။ နောက်ပြီးလီလီပြောတာကို
သေချာနားထောင်"

ကလေးကကျွန်မလက်ကိုဆွဲကာသူ့ဘေးနားထိုင်ခိုင်း
သည်။ ထို့နောက်ကျွန်မခါးလေးကိုအနောက်မှသိုင်းဖက်
ကာသူ့ခေါင်းလေးကို ကျွန်မပုခုံးပေါ်တင်ပြီး သူ့ခန္ဓာ
ကိုယ်တစ်ခုလုံးကကျွန်မအပေါ်ကိုမှီခိုထားသည်။
.
.
.
.
. Flashback start,

ကိုကိုနှင့်ကျွန်မ ကုမ္ပဏီကနဲ့ထွက်လာကာစားသောက်
ဆိုင်တစ်ခုသို့သွားခဲ့သည်။

" လီလီထည့်စားနော် အခုတလောလီလီကအစားအ
သောက်ကလဲနဲ အိပ်ရေတွေလဲပျက်ဆိုတော့ လဲသွားမှာကိုကိုကစိတ်ပူနေတာ"

"လီလီကအဲ့လောက်မပျော့ပါဘူး။ ခံနိုင်ရည်ရှိပါတယ်"

"လီလီကိုအခုလိုမျိုးပြန်မြင်ရတာကိုကိုဝမ်းသာပါတယ်"

"ဘာကိုလဲကိုကို"

"လီလီကိုကိုနဲ့လက်ထပ်ပြီးကထဲက ဒီနေ့လိုမျိုးရယ်တာပြုံးတာက ပထမဆုံးပြန်မြင်ရခြင်းဘဲလေ"

Back To YouTempat cerita menjadi hidup. Temukan sekarang