Ep 18

3K 231 13
                                    

Unicode
ကျွန်မဆီမှာရှိသမျှအရာအားလုံးကိုယူဆောင်ပြီး
ကျွန်မဘဝထဲကနေမမတိတ်တဆိတ်ထွက်ခွာသွားခဲ့
သည်။

ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေအားလုံးပျက်စီးသွားခဲ့ပြီး ကွဲအက်သွားသောနှလုံးသားတစ်စုံဟာလဲ လေနှင့်အတူလွင့်ပါသွားသည်။

တစ်ချိန်ချိန်ဒီလိုအဖြစ်မျိုးနဲ့ကြုံရလိမ့်မည်ဆိုတာသိခဲ့လျှင်ကိုယ့်စိတ်ကိုယ်အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ထားမိမှာပါ။

မမနှင့်ကျွန်မကြားတစ်ခုခုဖြစ်တိုင်းမိုးတွေကလဲအငြိုးနဲ့ရွာနေသလားဘဲ။ အရင်ကလိုကျွန်မကိုလာခေါ်မည်
အထင်ဖြင့်ရူးမိုက်စွာ မိုးရေထဲမှာစောင့်နေမိသေးသည်။

ကျွန်မတို့ရဲ့ အမှတ်တရတွေကဘာမှမဟုတ်ခဲ့သည့်အတိုင်း မမမလို့နေနိုင်ရက်တယ်။ မမကိုချစ်ခဲ့တဲ့အချစ်
တွေကမမေ့နိုင်စရာတွေဖြစ်ပြီး ကျွန်မဘဝအဆုံးထိ ထိုအချစ်တွေကရပ်တန့်မည်မဟုတ်ပါ။

အရင်ကအတူသွားခဲ့ဖူးသည့် ညဈေးကိုလဲရောက်ခဲ့ပြီး
အမှတ်တရတွေကိုပြန်သတိရမိသေးသည်။ ဘယ်နေရာ
ရောက်တစ်ချိန်ကကျွန်မတို့နှစ်ယောက်ရဲ့ပုံရိပ်တွေသာ
မြင်ယောင်နေမိသည်။

{ လီလီကလဲကလေးကျလို့စားတာပေပွနေတာဘဲ }

{ မမလီကိုဘယ်လောက်ထိချစ်လဲ။ ပြောမပြတတ်အောင်
ချစ်တယ်။ ကိုယ်ကဒီကမ္ဘာပေါ်မှာကလေးကိုအချစ်ဆုံး }

{ စိတ်ချ ကိုယ်ကကလေးကိုလုံးဝခွဲမသွားဘူး။ ဒီလက်တွေကိုဘယ်တော့မှဖြုတ်မချဘူး }

" အား!!! "

တော်ပါတော့။ ဘာလို့ခဏခဏနားထဲမှာမမပြောတဲ့စကားတွေဘဲပြန်ကြားယောင်နေရတာလဲ။

ကြာရင်ကျွန်မရူးသွားလိမ့်မည်။ မခံစားတော့ဘူး။ ဘယ်ဘက်
ရင်အုံကမမအကြောင်းစဉ်းစားမိလိုက်တိုင်းနာကျင်ရသည်။

ဒီမိန်းကလေးကိုရူးမတတ်ချစ်သည်။ ကျွန်မကိုနာကျင်မှုတွေ
ပေးခဲ့တာတောင်မှဒီမိန်းကလေးကိုဘဲတမ်းတနေမိသည်။

သိပ်ချစ်ခဲ့တာကျွန်မဖြစ်လို့ ရူးမတတ်ခံစားရသည်မှာလဲကျွန်မဘဲဖြစ်သည်။

Back To YouWhere stories live. Discover now