Unicode
သို့ချစ်ရပါသောကိုယ့်ရဲ့ကလေးငယ်.........ကလေးကိုပထမဆုံးစတွေ့တဲ့နေ့ကပေါ့
ကျွန်မကိုစူးစိုက်ကြည့်နေတဲ့သူ့ရဲ့မျက်ဝန်းတစ်စုံ။ချယ်မိတ်ဆက်ပေးလို့သိခဲ့ရသူလေး နာမည်က
လာလီဆာတဲ့။ အဲ့ကထဲကကိုယ်ဘာသာကိုယ်နာမည်
လေးပေးခဲ့တယ် Lily ပန်းလေးနဲ့သူတဲ့ကလေးကို လီလီ
လို့ခေါ်မယ်ဆိုပြီး ကိုယ်တိုင်နာမ်စားလေးသတ်မှတ်ခဲ့
သည်။ပထမဆုံးတွေ့တဲ့နေ့မှာတင် ကိုယ့်ရှိကဖုန်းနံပါတ်ကို
ရအောင်ယူခဲ့သေးတယ်။ အဲ့နေ့ကသူ့ပုံစံလေးကိုမှတ်မိ
ပါသေးရဲ့ ကိုယ့်ဖုန်းနံပါတ်လိုချင်တာတစ်ခုထဲနဲ့ အမော
ပြေးတက်လာပြီး အသက်ရှုမဝ၍ ဟစဟစလေးနဲ့လေကို မနဲရှုနေရတဲ့သူ့ရဲ့နှုတ်ခမ်းပါးလေး။အဲ့ကထဲကကလေးရဲ့နှုတ်ခမ်းပါးတွေကို ကိုယ်စွဲလမ်း
မိခဲ့သည်။ တစ်ချိန်မှာကိုယ့်အပိုင်ဖြစ်လာလိမ့်မယ်လို့
တော့သတ်မှတ်ထားခြင်းမရှိပါ။သူလိုချင်တာရသွားလို့ကျေနပ်နေတဲ့မျက်နှာလေးက
သိပ်ကိုချစ်ဖို့ကောင်းသည်။
သူ့ရဲ့အပြုံးတစ်ပွင့်က
ကျွန်မရင်ကိုအေးမြစေမှန်းနောက်တော့မှသိခဲ့ရသည်။.......
ကလေးပထမဆုံးဖုန်းဆက်တုန်းကလဲ ကိုယ့်မှာပျော်
လွန်းလို့အသံတွေမတုန်အောင်ထိန်းပြီးပြောရသေး
သည်။အကြောင်းမရှိအကြောင်းရှာပြီးဖုန်းဆက်မှန်းသိပ်သိသာတာဘဲ။
ညဘက်ကြီးဖုန်းဆက်ပြီး အိပ်နေပြီလားတဲ့။ ကိုယ်ကသူ့
ရှိကဖုန်းကိုမျှော်နေလို့အိပ်မပျော်တာတော့ကလေးမသိ
ပါ။သူ့ပါးစပ်ကဘဲအယောင်ယောင်အမှားမှားဖြင့်ထွက်လာ
လေသလား။ ကျွန်မကိုတွေ့ဖို့သူဘဲချိန်းသေးတယ် သူဘဲယောက်ယက်တွေခတ်လို့။ဒုတိယအကြိမ်သူနှင့်ပြန်တွေခဲ့သည်။ ဆံပင်လေးတွေကိုမြင့်မြင့်ထုံးစည်းထားပြီး ဆွယ်တာလည်ထောင်အနီ
လေးဝတ်ထားတဲ့သူမ။ ကျွန်မကိုမြင်တော့ပါးလေးနှစ်
ဖက်ကလဲရဲလို့။ ကျွန်မအမြင်မှာကလေးက ချယ်ရီသီး
လေးလိုမျိုး သိပ်ကိုချစ်ဖို့ကောင်းနေသည်။

YOU ARE READING
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa