Ep 11

4.3K 262 20
                                    

Unicode

ရက်သတ္တပတ်တွေကုန်ဆုံးလာခဲ့တာ ယခုဆိုမမနှင့်ကျွန်မတို့ရဲ့ချစ်သူသက်တမ်း ၆လပြည့်ရောက်ခင်နီးပြီ။ ကျွန်မမမကိုပထမဆုံးကျွန်မတို့ရဲ့နှစ်ပတ်လည်နေ့မှာ ဘာလက်ဆောင်ပေးရမလဲစဉ်းစားခဲ့တာ ကျွန်မတို့စတွဲတဲ့နေ့ကစလို့ပါဘဲ။

တွဲလာတာကြာလာသည်နှင့်အမျှကျွန်မတို့ကြားကအချစ်
ကြိုးလေးတွေကပို၍ခိုင်မာလာသည်။ မမပေါ်ထားရှိသည့်
ကျွန်မရဲ့အချစ်တွေကလဲပိုပိုပြီးလေးနက်လာခဲ့သည်။ သေချာပါသည် မမက ကျွန်မအတွက် အောက်ဆီဂျင်ဘဲ။ မမမရှိဘဲကျွန်မရဲ့နှလုံးသားလေးဟာမရှင်သန်နိုင်ပါ။

~~~~

At Jennie's home,

အခုကျွန်မတို့နှစ်ယောက်လုံး မမအိမ်မှာရှိနေတာဖြစ်ပြီး မမကဆိုဖာပေါ်ထိုင်ကာစာအုပ်ဖတ်နေသည်။ ကျွန်မကတော့မမပေါင်ပေါ်လှဲအိပ်ကာ လက်ချောင်းလေးတွေဖြင့် မမဆံပင်တွေကိုဆော့ကစားနေသည်။

" မမ "

" ဟင် "

မမကစာအုပ်ဖတ်နေရာမှ ကျွန်မဘက်ကိုလှည့်မကြည့်ဘဲတုံ့ပြန်စကားဆိုလာသည်။

" ဒီဆံပင်တွေကိုမညှပ်ပစ်နဲ့နော် "

ကျွန်မပြောလိုက်တော့ မမက သူ့ရဲ့စာကြည့်မျက်မှန်လေးကိုပင့်ကာကျွန်မဘက်သို့လှည့်ကြည့်လာခဲ့သည်။

" အရောင်တွေလဲမဆိုးပစ်နဲ့။ လီလီက အခုလိုဆံပင်အနက်လေးကိုဘဲသဘောကျတာ "

" သက်တစ်လုံးကြိုက်မယ်လို့အာမခံလို့လား "

" လီလီက မမနဲ့ပတ်သတ်စမျှအရာအားလုံးကိုမြတ်နိုးတာ။ ဆံပင်လေးတွေကအစ ရှိသမျှအကုန်လုံး "

" အခုခေတ်ကြီးမှာ မိန်းကလေးတွေက ဆံပင်တွေကိုအရောင်ဆိုးလိုက် ကောက်လိုက် ပုံပြောင်းလိုက်နဲ့စုံနေတာဘဲ "

" လီလီကတော့ မမရဲ့အခုလိုနက်မှောင်ပြီး ဖြောင့်စင်း
ရှည်လျားနေတဲ့ဆံပင်လေးတွေကိုဘဲတန်ဖိုးထားတယ် သဘောကျတယ် "

" ဆံပင်အရှည်ထားရတယ်ဆိုတာဘယ်လောက်ပင်ပန်းလဲသိလို့လား။ ခေါင်းလျှော်ပြီးရင်လဲ ခြောက်အောင်အကြာကြီး မှုတ်ရသေးတယ် "

Back To YouWhere stories live. Discover now