Ep 14

3.9K 250 23
                                    

Unicode
မမအိမ်ကပြန်လာတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်လာတာ ကျွန်မအိမ်ပြန်ရောက်တဲ့အထိဆိုပါတော့

အိမ်ရှေ့ကားရပ်သွားတော့မှ ကျွန်မအတွေးတွေက လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့သည်။

" လီလီ "

ကိုကိုကျွန်မကိုခေါ်လိုက်သည်မို့ ကျွန်မကိုကိုဘက်သို့လှည့်ကာပြောလေဆိုသည့်သဘောဖြင့်

" ကိုကိုကိုစိတ်မဆိုးဘူးလားဟင် "

" ဘာကိုလဲ "

" ခုနကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေအတွက်လေ "

" မဆိုးပါဘူး။ ဒါပင်မဲ့စိတ်မကောင်းတော့ဖြစ်မိသည် "

" ကိုကိုကမမကိုအဲ့လောက်ထိဒေါသထွက်စရာတော့မလိုပါဘူးလေ "

" မမကိုလက်ပါတဲ့အထိတော့မလုပ်သင့်ဘူး "

" ကိုကိုတောင်းပန်ပါတယ်လီလီရယ်။ အဲ့တုန်းကကိုကိုအရမ်းထူပူသွားနေလို့ ဘာကိုမသေချာမစဉ်းစားမိလိုက်ဘဲဖြစ်သွားတာပါ "

" တစ်ဖက်မိန်းကလေးကိုထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိပါဘူး "

" ထားလိုက်ပါ။ ပြီးတာတွေလဲပြီးခဲ့ပြီဘဲ။ နောက်ပြီးကိုကိုတကယ်လဲမမကိုထိခိုက်အောင်မှမလုပ်ခဲ့တာ "

" ကျေးဇူးပါလီလီ။ ကိုကိုကိုနားလည်ပေးလို့ "

" ဒါဆိုလီလီဆင်းတော့မယ်။ ကားကိုဂရုစိုက်မောင်းနော်"

ကျွန်မလဲကိုကိုကိုနှုတ်ဆက်ပြီးကားပေါ်ကဆင်းမည်အ
လုပ်တစ်ခုသတိရသွား၍ အနောက်သို့ပြန်လှည့်ပြီး

" လီလီတစ်ခုတော့ပြောစရာရှိတယ် "

" မမကိုလီလီလုံးဝလမ်းမခွဲဘူး။ မဟုတ်ဘူး လမ်းမခွဲပေးနိုင်ဘူး။ အဲ့ဒါကိုတော့ ကိုကိုသိထားပေးပါ "

" လီလီသွားပြီနော် "

~~~~

ကျွန်မအိမ်ထဲရောက်လာတော့ဖေဖေနှင့်မေမေကိုတွေ့၍နှုတ်ဆက်ကာအပေါ်ထပ်သို့တက်မည်အလုပ်ဖေဖေမှ

Back To YouTahanan ng mga kuwento. Tumuklas ngayon