Ep 12

3.9K 267 24
                                    

Unicode
အခုကျွန်မနဲ့ကိုကိုအိမ်ခြံဝန်းလေးထဲမှာထိုင်နေကြတာ
ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်စကားမပြော
ဖြစ်ကြသေး။ မပြောဖြစ်ဘူးဆိုတာထက် ဘယ်ကနေဘယ်လိုစပြောကြရမှန်းမသိတာဖြစ်သည်။ နှစ်ယောက်စလုံးရင်ထဲမှာတော့ သိချင်သည့်မေးခွန်းများပြည့်နှက်နေမည်မှာ အမှန်ပင်ဖြစ်သည်။ တိတ်ဆိတ်မှုကို ကျွန်မကဘဲစတင်၍

" ကိုကိုဘယ်နေ့ကပြန်ရောက်တာလဲ "

ကျွန်မကစတင်ကာစကားလမ်းကြောင်းစလိုက်တော့မှ

" ဒီမနက်ကဘဲပြန်ရောက်တာလီလီရဲ့။ ရောက်ရောက်
ချင်းလီလီကိုလာတွေ့တာ။ ဒါပင်မဲ့လီလီကမရှိဘူးအပြင်သွားတယ်ဆိုလို့ "

" အော်ဟုတ်တယ်လီလီအပြင်ခဏသွားနေလို့။ မေမေတို့နဲ့တော့တွေ့ပြီးပြီမလား "

" အင်းအန်တီရောဦးကိုရောနှုတ်ဆက်ပြီးသွားပြီ "

" ....... "

ထို့နောက်ကျွန်မတို့ကြားပြန်လဲတိတ်ဆိတ်သွားပြန်သည်။

" နောက်ကျတယ်နော် "

" ရှင် "

ကိုကိုရဲ့အဆက်အစပ်မရှိသောစကားကြောင့်ကျွန်မ ကိုကို့ ကိုကြည့်မိတော့

" အိမ်ပြန်တာနောက်ကျတယ်လို့ပြောတာပါ။ မိန်းကလေးတစ်ယောက်ကဒီလောက်နောက်ကျတဲ့အထိအပြင်မှာရှိတာမကောင်းဘူးလေ "

" နောက်ပြီး အရင်ကနဲ့မတူတော့သလိုဘဲ။ လီလီက   အရင်ကဆိုအခုလိုနောက်ကျတဲ့အထိအပြင်ထွက်ဖို့မ
ပြောနဲ့ တစ်နေ့လုံးနေမှဘယ်မှတောင်သိပ်မသွားတဲ့ကလေးမလား "

" ကိုကိုကလီလီကို ကလေးလို့ထင်နေသေးတုန်းလား။ လီလီကအရင်လိုကလေးမဆန်တော့ပါဘူး။ ရင့်ကျက်နေပါပြီ "

" ကိုကိုစိတ်ပူလို့ပြောတာကိုနားလည်ပါတယ်။ လီလီကအခုဆိုကိုယ့်ဘာသာကိုယ်ထိန်းတက်နေပါပြီ "

" ........ "

" ဟိုမိန်းကလေးကြောင့်လား "

" ရှင် "

" ဘယ်သူ.... "

" ကိုကိုပြောချင်တာကိုလီလီသိပါတယ် "

Back To YouWhere stories live. Discover now