Ep1

17.9K 513 14
                                    

Unicode

နံနက် ၆ နာရီ~~~

အရာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်လို့နေသည်။ လေတိုက်၍ သစ်ရွက်ကလေးတွေတစ်ခုနှင့်တစ်ခု ပွတ်တိုက်သံကအစသေချာကြားရအောင်ကို ငြိမ်သက်နေသည်။

Seoul University ကျောင်းခေါင်မိုးထပ်မှာတော့ နံနက်ခင်း ထွက်ပေါ်လာမယ့်နေမင်းကြီးကိုစောင့်ဆိုင်းရင်း သဘာဝအလှကိုခံစားရေးဆွဲနေတဲ့ကောင်မလေးတစ်ယောက်။ နေရောင်ခြည်အလင်းတန်းက မျက်နှာသို့ထင်ဟပ်နေသည်။ ဖြောင့်တန်းနေသောမျက်ခုံးနှစ်ခုထိစပ်အောင်အထိကျုံ၍ တစ်ခုခုကိုတွေးတော်စဉ်းစားရင်း လက်ထဲမှစုတ်တံဖြင့် အဆုံးသတ်မျဉ်းတစ်ကြောင်းကိုဆွဲခြစ်လိုက်သည်။

ထို့နောက်ဆွဲလက်စပန်းချီကားကိုသိမ်းပြီး အောက်သို့ပုံမှန်အတိုင်းဖြည်းဖြည်းမှန်မှန်တစ်ထစ်ချင်းဆင်းလာသည်။ အရင်နေ့တွေကလောက်ကျောင်းသူ ကျောင်းသားများမတွေ့ရ။ မတွေ့ရဆို ဒီကနေ့က စနေ ကျောင်းပိတ်ရက်။

ကျွန်မ သည်လိုစနေနေ့တိုင်းကျောင်းခေါင်းမိုးပေါ်သို့လာသည်မှာ ဖြစ်မြဲဖြစ်စဉ်ပင်။ နံနက်နေမထွက်ခင်အရောက်လာ နေမင်းကြီးထွက်လာတာကိုကြည့် ပတ်ဝန်းကျင်တိတ်ဆိတ်အေးချမ်းမှုကို ခံစားရင်း စိတ်ကူးထဲကထွက်ပေါ်လာသမျှကို ပိတ်ကားပေါ်မှာဆေးရောင်ခြယ် သကာ အလှပန်းချီရေးဆွဲရသည်ကိုနှစ်သက်သည်။

ယခုလိုနေ့မျိုးဆို ကျောင်းပိတ်ရက်ဖြစ်၍ မည်သူမှလဲကျွန်မကိုမမြင်။ တိတ်ဆိတ်ငြိမ်သက်ချင်းကို သဘောကျသည့် ကျွန်မအတွက် နှစ်သက်ရာအလုပ်ကို နားအေးပါးအေး အေးဆေးစွာ လုပ်ကိုင်လို့ရသည်။ ကျွန်မကိုမှတ်မိသည်ဆို၍ ဤကျောင်းရဲ့ကျောင်းစောင့်ဦးလေးကြီးသာရှိသည်။

-"ကလေးမ ဒီနေ့ရောလာပြန်ပြီလား ပုံကောင်းကောင်းရောရခဲ့ရဲ့လား"

ဦးလေးကြီးကကျွန်မကိုပြုံးပြရင်းဆိုလာသည်

"ဟုတ်ကဲ့ဒီနေ့တော့စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ အရင်နေ့တွေကထက်ဆွဲရတာပိုအသက်ဝင်သလိုပါဘဲ"

"အေးအေးကောင်းပါတယ်။ ဒါပင်မဲ့ဒီလိုအစောကြီးထွက်ထွက်လာတော့မကောင်းဘူးကွယ်။ မိန်းကလေးတစ်ယောက်ထဲဆိုတော့ အန္တရာယ်များပါတယ် ကလေးမရယ်။"

Back To YouOù les histoires vivent. Découvrez maintenant