Ep7

4.8K 322 12
                                    

Unicode
မမကကျွန်မမနက်တိုင်းနိုးထရခြင်းရဲ့အကြောင်းပြချက်ဖြစ်သည်။
အခုမမကကျွန်မဘေးမှာအိပ်ပျော်နေသည်။ မနက်ခင်းနိုးထတိုင်းဒီမျက်နှာလေးကိုနေ့တိုင်းမြင်ရမည်ဆိုလျှင် ကျွန်မရဲ့နေ့ရက်တိုင်းဟာ ရက်ရာဇာပင်ဖြစ်သည်။

ကျွန်မ မမမနိုးအောင်အသာလေး လက်ချောင်းလေးများဖြင့်မမနှုတ်ခမ်းကိုထိကြည့်မိသည်။ ဒီနှုတ်ခမ်းတွေကိုကျွန်မပိုင်ဆိုင်ခွင့်ရခဲ့သည်တဲ့လား။

အခုချိန်ထိမနေ့ကအဖြစ်အပျက်ကခေါင်းထဲကမထွက်။ အိမ်မက်တစ်ခုလိုပင်။ အိမ်မက်ဆိုပင်မဲ့လဲ သိပ်ကိုပီပြင်ထင်ရှားလွန်းတဲ့အိမ်မက်တစ်ခု။

ကျွန်မဘဝမှာဘယ်တော့မှ မမေ့နိုုင်သည့်နေ့တစ်နေ့လေးအဖြစ်ကျန်ရစ်နေမည်ဖြစ်သည်။

အခုကျွန်မဘေးမှာရှိနေတဲ့မိန်းကလေးကို ကျွန်မဘဝတစ်ခုလုံးနှင့်ရင်းပြီး ချစ်မိသွားလိမ့်မည်ဟုမည်သူထင်မည်နည်း။

ကျွန်မက မိန်းကလေးတစ်ယောက်ကို ကျွန်မနှလုံးသားတစ်ခုလုံးပေး၍ ချစ်မိမည်ဟု ဘယ်တုန်းကမှမထင်ခဲ့ရိုးအမှန်ပါ။

စွယ်တော်ရွက်ကလေးတွေက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်နိုင်သလို ကျွန်မရဲ့နှလုံးသားဟာလဲ မမအချစ်တွေနဲ့ပေါင်းစပ်မှပြီးပြည့်စုံနိုင်မှာပါ။

မမက ကျွန်မပျောက်ဆုံးနေသည့် နံရိုးတစ်ချောင်းရဲ့ပိုင်ရှင်ပင်ဖြစ်သည်။

~~~~

"သူများအိပ်နေတာကိုခိုးကြည့်နေတာမကောင်းဘူးနော်"

မမကမျက်စိမဖွင့်သေးဘဲ ကျွန်မကိုလှမ်းပြောလိုက်သည်။

"မမနိုးနေပြီလား"

"လီလီကမထိတထိတွေလာလုပ်နေမှတော့နိုးပြီပေါ့"

ဒါဆိုကျွန်မသူ့နှုတ်ခမ်းကိုကိုင်ကြည့်တာမမကသိနေတယ်ပေါ့။ အာ! မျက်နှာပူလိုက်တာ။ ရှက်စရာကြီး။

"နိုးနေရဲ့သားနဲ့ဘာလို့မထတာလဲ"

"လီလီဘာဆက်လုပ်မလဲလို့စောင့်နေတာ"

Back To YouDonde viven las historias. Descúbrelo ahora