Ep 16

3.6K 228 15
                                    

Unicode

ကျွန်မတို့နှစ်ယောက်ပန်းခင်းကြီးထဲမှာလျှောက်ပတ်ကြည့်နေတာအချိန်အားဖြင့်တော်တော်ကိုကြာနေပြီဖြစ်သည်။

" လီလီပြန်ရအောင်ခဏနေဆိုမှောင်တော့မှာ "

" ဟုတ်ကဲ့မမ "

မမနှင့်ကျွန်မ အိမ်လေးရှိပြန်ရောက်တော့ဦးလေး Han က
ကျွန်မတို့စားဖို့အတွက်ဆိုပြီးပြင်ဆင်ထားသည်။

" Nini တို့လာဒီမှာ ဆန်မုန့်လုပ်ထားတယ်လာစားအုံး။ နောက်ပြီးအေးနေတာဆိုတော့ ဆန်အရက်လေးပါဦးလေးလုပ်ထားတယ် လာသောက် "

ကျွန်မတို့နှစ်ယောက်လဲအိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ
ထိုင်ပြီး ဦးလေးချပေးထားတဲ့မုန့်တွေကိုစားရင်းစကား
ပြောနေကြသည်။

" လီလီဆန်အရက်သောက်ဖူးလို့လား။ မသောက်နိုင်ရင်
မသောက်နဲ့နော် "

" မသောက်ဘူးပင်မဲ့ သောက်ကြည့်ချင်တယ်ဘယ်လိုအ
ရသာရှိလဲဆိုတာ "

" ဒါဆိုလဲနည်းနည်းဘဲသောက်နော်။ အများကြီး
သောက်ပြီးမူးနေအုံးမယ် "

" ရပါတယ်မမရဲ့။ တစ်ခွက်နှစ်ခွက်လောက်နဲ့တော့
ဘာမှမဖြစ်ပါဘူး "

ကျွန်မ မမကိုစိတ်မပူစေရန်ပြောပြီး တစ်ခွက်ကိုတစ်
ကြိုက်ထဲမော့ချလိုက်သည်။

" အာ! ကောင်းသားဘဲ "

ကျွန်မကောင်းကောင်းနှင့်တစ်ခွက်ပြီးတစ်ခွက်သောက်နေတာ နောက်ဆုံး ၄ ခွက်မြောက်ရောက်မှမမကတားယူရသည်။

" ဟာလီလီတော်ပြီ မသောက်နဲ့တော့များနေပြီ။
တော်တော့ "

မမကကျွန်မလက်ထဲမှခွက်ကိုဆွဲယူကာခုံပေါ်ပြန်တင်လိုက်ပြီးကျွန်မကိုလဲမနဲဆွဲထူနေရသေးသည်။

" မ မ လီ လီ မ မူး ပါ ဘူး အေ့ အ ခု မှ ၂ ခွက် ထဲ ရှိ သေး တာ ကို "

ကျွန်မမူးမူးဖြင့်အာလေးလျှာလေးစကားတွေပြောကာ
လက်ကလဲ ၂ ချောင်းထောင်ပြလိုက်သေးသည်။

" ဘယ်က၂ခွက်ရမှာလဲ ဒါနဲ့ဆို ၄ ခွက်ရှိနေပြီ။ မမူးပေလို့ဘဲ "

" လာအိမ်ထဲဝင်ရအောင်ထထ "

မမကကျွန်မကိုပြန်ဆွဲချကာထိုင်စေပြီး မမပေါင်ပေါ်မှာခေါင်းအုံးကာအိပ်လိုက်သည်။

Back To YouTempat cerita menjadi hidup. Temukan sekarang