Unicode
After 1 year,
" လီလီ.....
အခန်းထဲဝင်လာသည့်သူကြောင့်ကျွန်မ laptop မှ
အကြည့်ခွာကာမော့ကြည့်လိုက်သည်။" မအိပ်သေးဘူးလား။ ညဉ့်နက်နေပြီလေ..
ကိုကိုကကျွန်မဘေးကခုံမှာဝင်ထိုင်၍စိုးရိမ်သလိုကြည့်
ပြီးပြောလိုက်သည်။ကျွန်မဝတ်ထားသည့်စာကြည့်မျက်မှန်ကိုချွတ်ကာ
စားပွဲပေါ်အသာတင်လိုက်ပြီး" အိပ်မပျော်လို့ အလုပ်လုပ်စရာတွေအပြီးသတ်လုပ်နေ
တာပါ "" ကိုကိုရောမအိပ်သေးဘူးလား "
" အင်းကိုကိုကခဏရေဆင်းသောက်ရင်း လီလီ့အခန်းကမီးလင်းနေတာတွေ့လို့ လီလီမအိပ်သေးဘူးထင်လို့
လာပြောတာ "အခုကျွန်မနဲ့ကိုကိုလက်ထပ်ထားတာ ၁နှစ်ပြည့်ပြီ။
လက်ထပ်ပြီးကထဲက ဖေဖေတို့ဝယ်ပေးထားသည့်အိမ်
သို့ကျွန်မတို့နှစ်ယောက်ပြောင်းနေကြသည်။
စရောက်ကထဲက ကျွန်မတို့နှစ်ယောက်သဘောတူညီ
ချက်ဖြင့် တစ်ယောက်တစ်ခန်းစီခွဲနေကြသည်။လိုအပ်မှသာတစ်ယောက်အခန်းတစ်ယောက်ဝင်ကြ
သည်။ ဖေဖေတို့ကလဲသူတို့ကိစ္စတွေဖြင့်မအား၍ ကျွန်မ
တို့အိမ်သို့သိပ်မလာကြ။ ထို့ကြောင့်ကျွန်မတို့နှစ်
ယောက်ကြားက လျိုဝှက်ချက်တွေကိုအခုထိဘယ်သူမှ
မသိကြသေးပါ။" အလုပ်ကြိုးစားတာလဲကြိုးစားတာပေါ့...
" ဒါပင်မဲ့ကိုယ့်ကိုကိုယ်အရမ်းဖိအားမပေးပါနဲ့။ ကျန်းမာ
ရေးတော့ဂရုစိုက်အုံး "လက်ထပ်ပြီး ကျွန်မဆန္ဒအရ company မှာအလုပ်စ
ဝင်သည်။ ထို့မှတစ်ဆင့်ကျွန်မကြိုးစားမှုကြောင့်ဖေဖေ့ယုံကြည်မှုရရှိကာ နောက်လကျရင် ဖေဖေကကျွန်မကို company လွှဲအပ်ဖို့စီစဉ်ထားပြီးဖြစ်သည်။ကိုကို့ company ကလဲကျွန်မတို့ဘက်ကကူညီမှု
ကြောင့်အခုချိန်မှာတော်တော်လေးကို ပြန်ရပ်တည်နိုင်
လာပြီဖြစ်သည်။ကျွန်မနှင့်ကိုကိုတစ်ယောက်ကိုတစ်ယောက်ဖေးမရင်းဒီအခြေအနေထိရောက်လာအောင် မနဲကြိုးစားယူခဲ့ရသည်။
YOU ARE READING
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa