Unicode
ဘာလိုလိုနဲ့လက်ထပ်ပွဲစဖို့ တစ်ရက်သာလိုတော့သည်။
ဟူး!!! ဘဝကြီးကခါးလိုက်တာ။
" ဒေါက်! ဒေါက် "
" ဝင်ခဲ့ပါ "
ကျွန်မစကားသံဆုံးတော့မေမေကအခန်းထဲကိုဝင်လာသည်။
" သမီးအဆင်ပြေရဲ့လား "
" မေမေ့အမြင်မှာရောလီလီကအဆင်ပြေနေတဲ့ပုံပေါက်
နေလို့လား "" သမီးရယ်ကျေးဇူးတင်ပါတယ်။ အခုလိုခက်ခဲတဲ့ဆုံး
ဖြတ်ချက်ကိုချပေးတဲ့အတွက်။ သမီးပင်ပန်းနေမယ်ဆိုတာမေမေတို့နားလည်ပါတယ် "" နားမလည်နိုင်ဘူး။ ဘယ်လောက်ဘဲလီလီခံစားချက်ကိုနားလည်တယ်ပြောပြော မေမေတို့ကလီလီမှမဟုတ်တာ "
" တစ်ခြားတစ်ယောက်ရဲ့ခံစားချက်၊ နာကျင်မှုကို
ထပ်တူခံစားမပေးနိုင်ပါဘူး "" ထားပါတော့လေ။ အခုချိန်မှလဲဘာမှလုပ်လို့ရတော့တာမှမဟုတ်တာ။ စိတ်ညစ်စရာအကြောင်းတွေပြောမနေပါနဲ့တော့ "
" ဒါနဲ့သမီးချယ်ရောဘယ်လိုနေလဲ။ သူ့ကိုရောမင်္ဂလာပွဲဖိတ်ပြီးပြီလား "
ဘယ်လိုတောင်မေးလိုက်တာလဲမေမေရယ်။
" အဟက်! လီလီကသူ့ကို 'နင့်ချစ်တဲ့သူနဲ့ငါရဲ့လက်ထပ်
ပွဲကိုဂုဏ်ပြုပေးဖို့တက်ရောက်ပေးပါလို့' သွားပြောပြီး
ဖိတ်ရမှာလား "" ဘယ်လိုမျက်နှာမျိုးနဲ့ လီလီကသူ့ကိုငါ့လက်ထပ်ပွဲကိုလာခဲ့ဘာလို့သွားပြောရမှာလဲ "
" ဒူးထောက်တောင်ပန်ရင်တောင်မလုံလောက်တဲ့ဟာကို။ ကိုယ့်သူငယ်ချင်းရဲ့ချစ်သူကိုမှယူလိုက်ရတယ်လို့။
လီလီကဘယ်လိုမိန်းမမျိုးဖြစ်သွားမလဲမစဉ်းစားတော့ဘူးလား "မေမေကကျွန်မလက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး
" အိုသမီးရယ်! ဘာလို့ဒီလိုမဟုတ်တဲ့အတွေးမျိုးဝင်ရတာလဲ။ ဒီကိစ္စတွေကသမီးအမှားမှမဟုတ်တာ။ အရာအားလုံးက ကံစီမံရာအတိုင်းဖြစ်လာတာကြီးပါဘဲ "
" ဒါဆိုမမနဲ့လီလီက ကံစီမံရာအတိုင်းခွဲခွာရတာပေါ့။ မတရားလိုက်တာကံတရားက ဒါဆိုအစကထဲကကျွန်မကိုမမနဲ့နီးစပ်ခွင့်မပေးပါနဲ့လား။ အခုကျမှ ဘာလို့လဲ!!"
YOU ARE READING
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa