Unicode
သွေးသားမတော်စပ်တဲ့သူစိမ်းတစ်ယောက်ကို ရင်နှင့်အမျှရင်းပြီးချစ်ရတာလဲ ဒုက္ခတစ်မျိုးလို့တစ်ချို့ကပြောကြတယ်။
ဒါပင်မဲ့ မမ ကိုချစ်ရတာ ဒုက္ခလို့တော့ကျွန်မ မသတ်မှတ်ထားပါဘူး။မမကကျွန်မအတွက်တော့ ပန်ရမှာတောင်နှမြောလို့ ဖန်ပေါင်းလေးထဲထည့်သိမ်းထားပြီး တစ်စိမ့်စိမ့်ထိုင်ကြည့်နေချင်တဲ့ ပန်းလေးတစ်ပွင့်ပါ။
ညတိုင်း မမကိုသိပ်ချစ်ပါတယ်လို့ ကောင်းကင်ကြီးကိုမော့ကြည့်ရင်းပြောမိတယ်။ မမ မကြားနိုင်တဲ့တစ်ဖက်ကနေပေါ့။
~~~~~" ဆိုတော့ကား အဆုံးသတ်ကိုဆွဲချလိုက်မယ်ဆိုရင်ဖြင့် နင်က Jennie unnie ကိုသဘောကျတယ်ပေါ့"
ဒီနေ့ပြခန်းမှာလူရှင်းတာနဲ့ မမအပေါ်ထားတဲ့ကျွန်မရဲ့ခံစားချက်တွေကို ချယ်အားပြောပြနေသည်။
ချယ်ယောင်းက ကျွန်မအပေါ်နားလည်ပေးနိုင်ဆုံး ကျွန်မယုံကြည်ရဆုံးသူငယ်ချင်းလဲဖြစ်သည်လေ။
အနဲဆုံးတစ်ယောက်ထဲမျိုသိပ်ခံစားနေရတာထက်စာရင် ချယ်ယောင်းကိုရင်ဖွင်ပြောလိုက်တာက ခံစားရပိုသက်သာနိုင်မည်။
"သဘောကျတာမဟုတ်ဘူး။ ချစ်မိသွားတာ"
"ငါကမမကိုချစ်တာ ငါ့နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး"
"လီဆာ နင်ဆေးများမှားသောက်မိသလား"
"နင်တော်တော်ပြောင်းလဲသွားတာဘဲ။ အရင်ကငါသိတဲ့လာလီဆာဆိုတာ မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားဖို့မပြောနဲ့ အချစ်ဆိုတာတောင်ဘာမှန်းမသိတဲ့လူကလေ"
" လူတိုင်းကအချစ်နဲ့တွေ့ရင်ပြောင်းလဲသွားတတ်တာသဘာဝဘဲ"
"အေးပါနင်တော့ မမ မမ နဲ့ရူးနေပြီ"
"ချယ်!"
"အင်းပြောလေ..."
"နင်ငါကိုကူညီမယ်မလား"
"ဘာကိုလဲ..."
"ငါ့ကိုမမနဲ့ပတ်သတ်ပြီးနင်သိသလောက်ပြောပြပါလား"
"မမရဲ့အကြိုက်တွေ၊ မမရဲ့အပြုအမူတွေ၊ မမဘဝအကြောင်း နောက်ပြီး........."

YOU ARE READING
Back To You
Romance" ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa Both Zawgyi/Unicode " ဘယ်လိုအခက်အခဲတွေနဲ့ဘဲရင်ဆိုင်ရပါစေ မမရှိကို မရောက်ရောက်အောင်ပြန်လာခဲ့ပါမယ်" JenLisa