Ep 13

3.7K 258 26
                                    

Unicode

ကျွန်မ မမအိမ်ကထွက်လာပြီးခြေဦးတည့်ရာလျှောက်လာခဲ့သည်။ အိမ်လဲမပြန်ဖြစ်ခဲ့။ ကျွန်မအခုချိန်အိမ်ပြန်သွားရင် ဖေဖေရောမေမေရောရှိနေမှာဖြစ်သည်။ ကံဆိုးရင်ကိုကိုပါရှိနေနိုင်သည်။ ကျွန်မအခုလိုငိုထားသည့်ပုံကိုတွေ့ရင် မေးခွန်တွေမေးကြမှာမလွဲဧကန်ပင်။

ကျွန်မလဲပန်းခြံတစ်ခုကခုံတန်းလေးပေါ်မှာထိုင်ပြီး အိပ်ထဲကဖုန်းကိုထုတ်၍ တစ်စုံတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက်သည်။

" တီ... တီ "

ဖုန်းသံမြည်ပြီးမကြာ တစ်ဖက်လူမှဖုန်းကိုင်လာသည်။

" ဟယ်လို လီဆာပြော "

" ချယ်... ဟင့်.... အဟင့် ငါ့ ကို မမ က မချစ် တော့ ဘူး ထင် တယ် "

" ငါ့ ကို ဟင့်.... မမ စိတ် ဆိုး သွား ပြီ "

" လီဆာနင်အခုဘယ်မှာလဲပြော ငါလာခဲ့မယ်အဲ့ဒီကို "

ကျွန်မလဲဘေးပတ်ဝန်ကျင်ကိုတစ်ချက်ကြည့်ပြီး

" အခုလား ငါပန်းခြံတစ်ခုရောက်နေတယ်။ ငါ လဲ မ သိဘူး "

" ဟာ နင်ကလဲ ကိုယ်ရောက်နေတဲ့နေရာတောင်ကိုယ်မသိဘူးလား ! "

" အဟင့် နင် က လဲ ငါ က ဒီ တိုင်း ခြေ ဦး တည့် ရာ လျှောက် လာ တာ လေ "

" ဘယ်သိပါ့မလဲ။ ငါ့ ကို လာ ဆူ နေ သေး တယ် အီး!! "

" အေးပါဟယ် အေးပါ။ အခုနင့်ဖုန်း Location ကိုဖွင့်လိုက်။ အဲ့ဒါကြည့်ပြီး ငါ့ဘာသာငါလာတော့မယ် "

" အဲ့မှာဘဲနေနေနော်။ ဘယ်မှာလျှောက်မသွားနဲ့ ငြိမ်ငြိမ်နေ "

" အင်း။ နင် မြန်မြန် လာခဲ့နော် "

" အေးပါအခုလာပြီ "

ကျွန်မလဲဖုန်းချပြီး ချယ်ကိုထိုခုံတန်းလေးမှာသာထိုင်၍စောင့်နေသည်။ အဲ့ဒါကြောင့်ပြောပါတယ် ချယ်ကလွဲပြီးကျွန်မမှာဘယ်သူမှမရှိပါဘူးလို့။ တစ်ခုခုဖြစ်ရင် ချယ်ကိုဖုန်းသာခေါ်လိုက် ဘယ်နေရာရောက်ရောက်ကျွန်မရှိကိုမရောက်ရောက်အောင်ပြေးလာတတ်သည်။

Back To YouWhere stories live. Discover now