Episode-13

12K 725 1
                                    

//မတောင်းပန်ပါနဲ့လား Sehun ရယ်……// ကျွန်တော် Sehun ကိုပြောချင်မိတယ်။ သူသာ ကျွန်တော့ကိုတောင်းပန်ရင် သူမက ကျွန်တော့ထက်အရေးကြီးတဲ့သူဖြစ်သွားလိမ့်မယ်။ သူမက ကျွန်တော်မက်မောတဲ့ Sehun နှလုံးသားရဲ့ ထောင့်တစ်နေရာကို ယူသွားလိမ့်မယ်… မတောင်းပန်ဘဲနဲ့ ခိုင်လုံတဲ့ ဖြေရှင်းချက်လေး ကျွန်တော့ကိုပေးရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကိုယ့်ကိုယ်ကို လိမ်ရာကျမယ်ဆိုတာသိပေမဲ့လည်း သူမက သူနဲ့ဘယ်လိုမှမပက်သက်ဘူးလို့ ပြောစေချင်တယ်။ Taro လက်ဖျားတွေ Sehun လည်တံမှာသွယ်ဝိုက်ပြီး ပွေ့ဖက်ထားလေပြီ။ ကျွန်တော့နှလုံးသားလည်းနာကျင်လှပြီ။ ကျွန်တော်မတ်တပ်ထပြီး ကြည့်နေသည်အထိ သူမ သူ့ကိုပွေ့ဖက်ထားလေရဲ့…… ကျွန်တော်သူတို့နှစ်ယောက်ကိုလစ်လျူရှုကာ အပြင်ထွက်မယ်လုပ်တော့ Sehun အမူရာတွေက လုံးဝကိုကြောက်ရွံ့နေလေပြီ။

မဖြစ်နိုင်မှန်းသိနေသော်လည်း Sehun သူမကိုထားပြီး ကျွန်တော့ဆီအပြေးရောက်လာမယ်လို့ မျှော်လင့်နေမိတယ်။ ဒါပေမဲ့ သူမလိုက်လာပါလား……………

ဓာတ်လှေကားတံခါး ပိတ်မည့်စဲစဲမှာ ကျွန်တော်ထပ်ပြီးမျှော်လင့်မိတယ်။ Adze မှာ ပထမဆုံးတွေ့ခဲ့သလိုမျိုး သူ့လက်နဲ့တံခါးကိုခံပြီး အထဲဝင်လာမယ်လို့ပေါ့…… ဒါပေမဲ့လည်း တံခါးသာ လုံးလုံးကြီးပိတ်သွားသည်…… သူမပေါ်လာပြန်တော့ မျက်လွှာချပြီး နေလိုက်ရပြန်ပြီ……………………

ကျွန်တော့ရုံးခန်းထဲရောက်တော့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကို ဖျောက်ဖျက်နိုင်အောင် အံဆွဲထဲက ဖိုင်တွေကိုဆွဲထုတ်ပြီး စာရင်းတွေတွက်နေမိပြီ။ ကျွန်တော့နှုတ်ဖျားကနေ ကိန်းဂဏန်းတွေကိုရေရွတ်ပြီး စာရင်းစာအုပ်ကိုင်ကာ တွက်ချက်နေသော်လည်း ထိုမြင်ကွင်းက ကျွန်တော့မျက်ဝန်းထဲက ဘယ်လိုမှမထွက်…… ကျွန်တော့အတွေးထဲရိုက်ခတ်နေတဲ့ ထိုပုံရိပ်ကြောင့် ကျွန်တော် ဘယ်လိုမှမရတော့သည့်အဆုံး နားနေခန်းဘက် ထွက်သွားရာ Nana နဲ့ Minmin နှစ်ယောက်သား စကားပြောနေကြတာကို တွေ့လိုက်လေရဲ့။ ကျွန်တော် ဘာဆက်လုမ်ရမလဲ… ကျွန်တော်ဘယ်လိုဆုံးဖြတ်သင့်သလဲဆိုတာ ဘယ်သူ့ကိုမှ တိုင်ပင်လို့မရ…… ကျွန်တော် coffee တစ်ခွက်ထည့်လိုက်ချိန် ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့နှစ်ယောက်ကြားက အခေါ်အဝေါ်တောင်မသတ်မှတ်ရသေး… သူ့ချစ်သူလို့လည်း ပြောလို့မရသေးတော့ Sehun ကိုလည်း အဲ့အကြောင်းမေးပိုင်ခွင့်မရှိသေးပါဘူးလေ……

StrangerDonde viven las historias. Descúbrelo ahora