Episode-24

12K 643 0
                                    

စစ်ပွဲတစ်ခု စတင်လေပြီ……

ထင်တဲ့အတိုင်းပဲ Taro အိမ်ရှေ့ရောက်လာပြီ။ မလိုမုန်းတီးတဲ့အကြည့် ကျွန်တော့ပေါ်စိုးမိုးလိုက်တော့ အနည်းငယ် တွန့်ဆုတ်မိပြီ။

“Sehun နဲ့ပြောစရာရှိလို့ သွားခေါ်ပေး” မာကြောခက်ထန်လှသည့်စကားလုံးလေး… သူ့ဒေါသတွေကိုမြင်ပြီး ကြောက်လန့်နေမိတာ တစ်စုံတစ်ယောက် ကျွန်တော့အနားသို့ ချဉ်းကပ်လာတယ်… Sehun! Sehun ကျွန်တော့ဘေးရပ်လိုက်တယ်။ သူရပ်ပြီး Taro ကိုကြည့်လိုက်တာ နှစ်ယောက်သားအကြည့်တွေက ရန်သူလိုပင်…

“ငါနင်နဲ့ စကားခဏပြောလို့ရလား?” Taro သူ့အနားကပ်ပြီး ပြောလိုက်တယ်။ ဒီလိုချိန်မှာ ကျွန်တော့ကိုမလိုအပ်သေးတော့…

“နင့်ကို ထမင်းစားခန်းမှာစောင့်နေမယ်” ကျွန်တော် Sehun ကိုညှင်သာစွာပြောလိုက်တယ်…

ကျွန်တော်ပြန်လှည့်ဖို့ လုပ်နေချိန်မှာပဲ ကျွန်တော့ကို ဆွဲပြီး လက်ကိုတင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်တယ် “ဘယ်မှမသွားနဲ့… ဒီမှာပဲနေ” ကျွန်တော့ကို အမိန့်ပေးလိုက်သလိုပဲ… Taro ကတော့ စိတ်ပျက်ဖွယ်ရာအကြည့်တို့နှင့်… သူတို့နှစ်ကိုယ်ကြားပြောစကားက ဘာမှမရှိတော့လို့ ကျွန်တော့ကိုဆွဲထားတာပေါ့ဗျာ…

“နင်ဘာပြောချင်တာလဲ?? ငါတို့နှစ်ယောက်လုံးရှေ့ပြောလိုက်…” ပြတ်သားသောလေသံတိုနှင့်…

သူမအတော်ကို ဒေါသထွက်နေပြီ… မျက်လုံးစုံမှိတ်ပြီး ကြိတ်ခံကာ… “Sehun… ငါနင်နဲ့ပဲနှစ်ယောက်တည်း ပြောချင်တယ်”

“နင်ငါနဲ့ပြောချင်တယ်ဆိုရင်” Sehun စကားအေးစက်လှသည်… “Luhan ရှိတဲ့ဒီနေရာမှာပဲပြောရမယ်… သူငါ့ကိုအထင်မလွဲစေချင်ဘူး”

ကျွန်တော့ကို လူဆိုးလို့ထင်ချင်လည်းထင်ပါ… Taro ဟိုနေ့ညကပြောသွားတဲ့စကားတွေက နာကျည်းလွန်းလှတော့ ဒီတစ်ခါ အောင်ပွဲခံရပြီဟူ၍ ကြိတ်ကာပျော်နေမိသည်… ခံစားချက်ကို မဖုံးကွယ်နိုင်သူ Taro… အလွန်ဒေါသထွက်ကာ… “နင် စိတ်အေးသွားတော့မှ ငါပြန်လာပြောတော့မယ်”

Sehun ကျွန်တော့လက်ကို တင်းကျပ်စွာဖမ်းဆုပ်ထားတယ်… “ဒီချိန်က ငါ့ဘ၀မှ စိတ်အအေးရဆုံးအချိန်ပဲ”

StrangerNơi câu chuyện tồn tại. Hãy khám phá bây giờ