Episode-10

15.1K 737 2
                                    

“ငါ မင်းကို အရမ်းသတိရတာပဲကွာ…” သူ့နှုတ်ဖျားက တိုးတိုးလေးထွက်လာတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် Luhan ကျောက်ရုပ်ဘ၀ ရောက်သွားပြန်လေပြီ။

     သူ့နှုတ်ဖျားက ထွက်လာတဲ့ ထိုစကားလေးတစ်ခွန်းကို ကျွန်တော်ဘယ်လိုမှမယုံနိုင်ဘူး။ ကျွန်တော့ခန္ဓာတစ်ခုလုံးကို သူ့မူပိုင်အဖြစ် သိမ်းပိုက်ခဲ့တယ်။ အကြောင်းပြချက်လေးတစ်ခုတောင်မပေးဘဲ ကျွန်တော့ကို ကျောခိုင်းခဲ့တယ်။ အခုတော့ ကျွန်တော့ကို သွေးဆောင်ဖျားယောင်းနေပြန်ပြီ။ သူ့နှုတ်ဖျားကနေ ကျွန်တော့ကို သတိရတယ်ဆိုတဲ့ စကားပြောထွက်နိုင်သေးတယ်။ သူ့စကားလေးတစ်ခွန်းကြောင့် ကျွန်တော်ရယ်ရမလိုလို ငိုရမလိုလိုဖြစ်နေပြီ။ အဆိုးဆုံးက ကျွန်တော်သူ့လက်ထဲက မရုန်းထွက်နိုင်ပါလား… သူပေးခဲ့တဲ့ ဒဏ်ရာအတွက် ကျွန်တော်သူ့ကို ကလဲ့စားပြန်ချေဖို့ စိတ်ကူးရင်း…

“တကယ်လား?” ကျွန်တော်မေးပြီတော့… “ဘယ်လောက်သတိရလဲ?”

ဘ၀င်လေဟပ်နေတဲ့ မျက်နှာထားနဲ့ ကျွန်တော့ကို တိုးတိုးလေးထပ်ပြောတယ်… “နည်းနည်း… မကြာခဏဆိုသလို… အချိန်တိုင်းလိုလို…”

ဒါပေါ့… သူ့မျက်နှာကို လက်သီးနှင့်ပိတ်ထိုးချင်စရာ…… ပူးကပ်နေတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ပို၍နီးကပ်အောင်ရှေ့တိုးလိုက်ပြီး သူ့နားရွက်ဆီသို့ တိုးတိုးလေးကပ်ပြောလိုက်တယ်…

“ဒီအကြောင်းပြချက်လောက်နဲ့…… ခုတင်ပေါ်တက်အိပ်လို့ရမယ်လို့ မထင်နဲ့…”

သူ့ဆီက ညည်းညူသံလေးနဲ့အတူ ရယ်သံတိုးတိုးလေးကို ကြားလိုက်ရတယ်။ ကျွန်တော်လည်း သူ့ကိုယ်ပေါ်က ချက်ချင်းဆိုသလို ခွာလိုက်ပြီး ခုတင်ပေါ်တက်လိုက်ချိန် //Oh Sehun ရယ်… Game တစ်ခုကစားဖို့ လူနှစ်ယောက်လိုတဲ့အတွက် ငါကလည်း နင့်ကို အဖော်ပြုပေးရတာပေါ့//

     နောက်တစ်နေ့မနက် နိုးထချိန် ကျွန်တော်လှည့်ကြည့်လိုက်တော့ Sehun မရှိတော့ဘူး။ အိပ်ချင်မူးတူးမျက်လုံးနဲ့ ရေချိုးခန်းထဲဝင်လိုက်ရာ Oh Sehun… သူ့အောက်ပိုင်းကို ပ၀ါနဲ့အုပ်ထားပြီးထွက်လာတယ်။ ကြွက်သားအပြည့်နဲ့ သူ့ရင်ဘက်ကို မြင်လိုက်ရတော့ ကျွန်တော် တံတွေး မျိုချကာ မျက်လုံးပြူပြူးနဲ့ ရပ်ကြည့်လိုက်ချိန်

StrangerTempat cerita menjadi hidup. Temukan sekarang