Episode-25

12.6K 638 7
                                    

ဖုံးကာမှ ပိုလို့ပေါ်နေပြီပေါ့ဗျာ...... သူခေါ်တော့လည်း ၀င်သွားရတာပေါ့။ ဟိုနှစ်ယောက်ကတော့ ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့လေပြီ။ တံခါးနှစ်ဖက်စေ့သည်နှင့် Sehun ဘက်လှည့်ပြီး "ဘာတွေလျှောက်လုပ်နေတာလဲ?" သူ့ကိုအော်လိုက်ပြီ... "VIP ဓာတ်လှေကားထဲဝင်သွားရတဲ့ reason ကို ငါဘယ်လိုပေးရတော့မလဲ? ပြီးတော့... Oh My God!!! သူတို့ရှေ့မှာ Luhan-ah လို့ပါခေါ်လိုက်သေးတယ်!!"

ဘယ်လိုမှ မမူတဲ့ Oh Sehun ကတော့ သွားဖြဲလျက်...

တခစ်ခစ်ရယ်ကာ... "ကိုယ့်နားလည်းကွဲထွက်သွားဦးမယ်... ဖြေးဖြေးအော်ပါ..." ကျွန်တော့လက်ကို ယူချိတ်လိုက်ပြီး "Reason လား? မင်းကြိုက်သလိုပေးလိုက်... ကိုယ်က မင်းအခန်းဖော်... မင်းသူငယ်ချင်း... ဘာညာကွိကွ... ကြိုက်သလိုပြောလိုက်... မင်းရှေ့ အတင်းမပြောရင် ကျေနပ်ပြီ။ သူတို့ပါးစပ်မလုံလို့ကတော့ ကိုယ့်ဆီရောက်မယ်ဆိုတာသိသွားလောက်ပြီ။ မင်းလည်း နားငြီးသက်သာသွားတာပေါ့"

မလက်ခံချင်သော်လည်း... လက်ခံချင်သလိုလိုပင်... ဒါလည်းကောင်းပါတယ်လေ... နောက်ထပ် အော်ငေါက်မနေတော့ဘဲ ငြိမ်သက်လိုက်ပြီ။ တံခါးဝရောက်လာတော့ နှုတ်ဆက်ဖို့ကို ကျွန်တော့နှုတ်ခမ်းက ၀န်လေးနေသည်။

"စိတ်ဆိုးတုန်းလား?" ကျွန်တော့လက်ကို ဖမ်းဆုပ်ကာ "ကိုယ်ကတော့ နောင်တမရဘူး... မင်းစိတ်ဆင်းရဲနေမှာကို မကြည့်ရက်လို့"

တောင့်တင်းတဲ့ သူ့လက်မောင်း ကျွန်တော့ကိုဖက်လိုက်ချိန် ကျွန်တော်လည်း သူ့ရင်ခွင်ထဲ ခေတ္တ၀င်ခိုပြီး "စိတ်မဆိုးပါဘူး... နောက်တစ်ခါ အဲ့လို မိုက်ရူးရဲဆန်တာတွေမလုပ်နဲ့... Arraso?"

ခေါင်းလေးညှိတ်ကာ နားထောင်နေတဲ့ Sehun... ကျွန်တော့ခါးကို တင်းကျပ်စွာ ဆွဲဖက်ပြီး "ဒီလိုလေးနေပြီး... မင်းနဲ့အတူတူအိပ်ချင်တယ်ကွာ..."

"အင်း..... Nadoo"

"အခုလို ပွေ့ဖက်ပြီးနေနိုင်ဖို့တွက် ကိုယ်တို့ တော်တော်လေးရုန်းကန်ခဲ့ရတယ်..."

"အင်း..."

ဖက်ထားတဲ့ သူ့လက်မောင်းလေး ဖြေလျော့ပြီး ကျွန်တော့လက်ချောင်းကို ပွတ်သပ်ကာ "မင်းအိမ်ကို မနက်... ၇ နာရီလောက် အရောက်လာခဲ့မယ်။ ၀ယ်စရာရှိလို့... ပြီးတာနဲ့ မြန်မြန်ထွက်လာခဲ့မယ်"

StrangerDonde viven las historias. Descúbrelo ahora