“Taira တွေရဲ့အိမ်တော်ထဲ ၀င်ပြီးလူသတ်သွားတာတော့ သတ္တိခေပုံမရဘူး။ သက်ဆိုင်ရာကရော ဘယ်လိုလုပ်နေသလဲ”“စုံစမ်းနေပါတယ်။ဒါပေမယ့်လည်းသခင်ကြီးသိတဲ့အတိုင်း. မျိုးနွယ်စု ကတောက်ကဆတွေ အင်အားကြီးတွေကြားမှာ ရဲတွေလည်း ဘာမှ တတ်နိုင်တာမှမဟုတ်တာ။”
“အင်း ငါတို့ဘက်က အားစိုက်ပြီးစုံစမ်းစရာမလိုတာသိတယ်မလား။ ကိုယ့်အိမ်တော်ဆိုပေမယ့် ဒီလိုပွဲမှာ ဒီလိုကိစ္စတွေရှိတတ်တာ လူတိုင်းသိတယ်။ ပြီးတော့ သူများ ဓားခုတ်ရာကို လက်ဝင်မလျှိုမိစေနဲ့။ Ze ဆိုတဲ့လူ ကငါတို့နဲ့ဘာပတ်သက်ရာပတ်သက်ကြောင်းကြီးကြီးမားမား မရှိဘူး”
“ဟုတ်ကဲ့ပါ သခင်ကြီး။”
သခင်ကြီး Yoka ၏ အမေးကို Singto အလေးအနက်ထားပြန်ဖြေလိုက်သည်။ တကယ်လည်း သူတို့အုပ်စုတွေကြားလူသတ်မှု သည် လူမသိသူမသိပျောက်ကွယ်သွားမှုတွေသည် အများသားမလား ။သို့သော်ဒီတစ်ကြိမ်တော့ဖြင့် Singto တို့သတိရှိရပေ တော့မည်။ပစ်မှတ်ထားခံရသူသည် Ze ဆိုသည့်သူမဟုတ်ဘဲ သူတို့Taira က လူဖြစ်နေလျှင် ဒုက္ခအများသားမလား။
“Tay ကိုနည်းနည်းပိုစောင့်ရှောက်လိုက်ပါ Singto- ငါစိတ်ပူတယ်။”
“စိတ်ချပါ သခင်ကြီး။ သခင်လေးကို ကျွန်တော် အသက်နဲ့ထပ်တူ အလေးထားပြီး စောင့်ရှောက်ပါ့မယ်။”
Singto ၏ဖခင် က တရုတ်ဘက်ကို ခေတ္တသွားနေသဖြင့် သခင်ကြီး၏သီးသန့်စာကြည့်ခန်းထဲတွင် Singto ကိုခေါ်တွေ့ခြင်း ဖြစ်သည်။ ပုံမှန်ဆို Singto ၏ ဖခင်သည် သခင်ကြီး၏ သက်တော်စောင့်ဖြစ်သည့် အလျောက် သခင်ကြီးက သူ့ဖခင်နှင့်သာ စကားအပြောများလေ့ရှိသည်။သို့သော် ဖခင်မရှိသည့်အချိန် သူ့ကိုယုံကြည်ပေးသဖြင့် Singto ၀မ်းမြောက်ရသည်။
ဦးညွှတ်နှုတ်ဆက်ကာအရိုအသေပြုပြီးနောက် အိမ်တော်ရှေ့တွင်အသင့်ရပ်ထားသည့် ကားတန်းသုံးစီးနားသို့ရောက်လာခဲ့ သည်။ Singto အတွက် အလယ်ကား၏ အနောက်ခန်းတံခါးကို Ri ကအသင့်ဖွင့်ပေးသည်။ ကားထဲတွင်ကြိုရောက်နေသည့် Tay က မကြည်ကြည့် ကြည့်လာသည်။
“တွေ့ဆုံပွဲကသွားချင်တာမဟုတ်ဘူးနော် ။ P’Singto နောက်ကျတာကိုရမယ်၇ှာလိုက်မယ်။”
YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---