ညဥ့်အမှောင်သည် တဖြည်းဖြည်းချင်းချည်းနင်းဝင်ရောက်လာခါစအချိန်.။မြို့တော်၏ နာမည်ကြီး ဟိုတယ်တစ်ခု၏ အထူးခန်း တစ်ခုတွင် အုပ်စုတစ်ခုရှိနေသည်။ ကျွန်းစားပွဲရှည်ကြီး၏တစ်ဖက်တွင် ဂျပန်လူမျိုးသုံးယောက်နှင့် ကျန်တစ်ဖက်တွင်တော့ Moko ဦးဆောင် သည့် Krist နှင့် Sarki ရှိနေသည်။ခပ်လှမ်းလှမ်းတွင်တော့ နှစ်ဖက် အဖွဲ့မှ သက်တော်စောင့်များက အကဲခတ် အသင့်အနေအထားဖြင့်။
"အဲ့လောက်ဈေးက အဆင်မပြေဘူးဆိုတာ ရှင်လည်းသိပါတယ် Mr.J။ဒီဓါး က ဘယ်လောက်တန်ကြေးရှိသလဲမသိလို့ ပြောနေတာလား."
"ခက်ပြီ Moko လေးရယ်။ ကျူပ်က ဒီလောက်ပေးနိုင်တာကိုပြောတာလေ."
မျက်နှာတွင်ကန့်လန့်ဖြတ်ဓါးဒဏ်ရာတစ်ခုဖြင့် Mr.J ဆိုသူက ရုပ်အကျည်းတန်သလို အကြည့်တို့ကလည်းအကြည်းတန် သည်။Moko ကိုကြည့်သော မျက်လုံးတို့သည် တပ်မက်မှုအပြည့်။သို့ပေမယ့် Moko သည်ယုန်သူငယ်မလေး မဟုတ်ပါ။ ကျားသစ်မလေးပေမို့ ဒီလို မသတီစရာအကြည့်တို့ကိုဂရုစိုက်မနေဘဲ ခပ်ရဲရဲပြန်ကြည့်သည်။
"ပြီးတော့ ဒီဓါးက လုပ်ငန်းရှင်တစ်ယောက် လေလံအောင်သွားပြီလို့ကြားထားတာ.။ဘယ်လိုလုပ်မင်းတို့လက်ထဲရောက်လာလဲ ကျူပ်ပြေးကြည့်စရာတောင်မလိုဘူးသိနေတယ်"
"စကားတွေဝေ့မနေဘဲ ဖြစ်ချင်တာပြော!"
ထိုအသံကတော့ ထိုင်ခုံတွင်လျော့တိလျော့ရဲကျောမှီကာ ပျင်းဟန်ပြုလာသော Krist ထံမှ ဖြစ်သည်။ Kristကိုမည်သူမှန်းမသိစွာ ဘဲ Mr.J က ခပ်လှောင်လှောင်ပြုံးကာ-
"ဘယ်ကကောင်လေးက ကျူ့ပ်တို့စကားဝိုင်းထဲဝင်လာပြောရဲရသလဲ.အဆင့်အတန်းမရှိလိုက်တာ.။မင်းတို့ Hojo က ဒီလိုမျိုးပဲ သင်ပေးထား-"
"ဝှစ်--"
"ဒေါက်!"
စကားစတန်းလန်းရပ်လျက် Mr.J မျက်လုံးအဆမတန်ပြူးသွားသလို သူ့ဘေးက ထိုင်နေသည့်နှစ်ယောက် က ပြူးပြူးပြာပြာ ထရပ်သည်။ ပစ်လွှတ်လိုက်သော ဓါးတိုလေးသည် စားပွဲပေါ်တင်ထားသည့် Mr.J ၏ လက်မ နှင့်လက်ညှိုးကြားတွင် ထိုးစိုက်လျက်။အသားကိုထိရန်အနည်းငယ်သာလိုသည်။

ВЫ ЧИТАЕТЕ
နှစ်ပြည်ထောင်ချစ်ခရီး
Фанфик#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---