Part-6
ဓါတ်ပုံဆိုင်ရှေ့တွင် မတ်တပ်ရပ်စောင့်နေသည့် လူကိုမြင်တော့ Krist မျက်မှောင်တစ်ချက်ကြုံ့သွားသည်။ ဆိုင်ကယ်ပေါ်က ဆင်းလိုက်ကာ ဆိုင်ရှေ့သာ တန်းတန်းမတ်မတ်လာခဲ့လိုက်သည်။
“မတွေ့တာကြာလို့ မင်း ပိုချောလာတယ် Krist.”
“လာရင်းကိစ္စပြော! ”
ဆိုင်ခန်းသော့ဖွင့်ကာအထဲထိဝင်လာတော့ Sarki က တောက်လျှောက်လိုက်လာသည်။
“ဝိုး- တကယ့်ဓါတ်ပုံဆိုင်လေးပဲ မိုက်တယ်.သေချာကိုပြင်ဆင်ထားတာပဲ”
Krist က စကားမပြန်.။ လျှပ်စစ်ရေနွေးအိုးလေးကို တည်လိုက်သည်။ သူလုပ်သမျှကို Sarki က မျက်တောင်မခတ် လိုက်ကြည့် ၏။ ဖြူသွယ်သည့် လက်ချောင်းလေးတွေ.။အင်္ကျီကလက်ခေါက်ဝတ်ထားသည်ကြောင့် မြင်နေရသည့် လက်ဖျံက သွေးကြော စိမ်း တွေ.။ဘေးတိုက်မြင်နေရသည့် မျက်တောင်ဖျားတွေ--တည်တင်းနေသည့် နှုတ်ခမ်းတွေ.။ အားလုံးကို သူ ရူးမတတ် မက်မောမိပါသည်။
“Krist.”
Krist ၏နောက်ပါးဆီကနေ ပုခုံးနှစ်ဖက်ကို အသာဆုပ်ကိုင်လာသည်။Krist မျက်နှာညိုသထက်ညိုလာသည်။
“ငါ့ကို အမြဲတမ်းဘာလို့အခွင့်အရေးမပေးတာလဲ”
“မင်း လက်တွေခုချက်ချင်းဖယ်လိုက်.။မဟုတ်ရင် တစ်သက်လုံးလူဖြစ်ရှုံးစေဖို့ ငါတာဝန်ယူတယ်”
Krist မျက်ဝန်းတို့အောက်ဘက်သို့ရွေ့လျားသွားသည်ကြောင့်လိုက်ကြည့်မိတော့ Sarki ကျောချမ်းသွားရသည်။ အသီးခွါသည့် ဓါးချွန်လေးသည် Sarki ၏ အလယ်ပိုင်းရပ်ဝန်းဒေသတွင် ရစ်သီနေသည်။ Krist မျက်နှာသည် ခပ်မဲ့မဲ့အပြုံးနှင့် စိန်ခေါ်ဟန်တို့ ပြည့်နေပေမယ့် သူကတော့ ပြန်မတုံ့ပြန်ရဲ.။Krist တကယ်လုပ်တတ်တာကို သူ သိသည့်အတွက် နောက်ကိုချက်ချင်း ဆုတ်လိုက်ရသည်။ အမြဲလိုပင် ပန်းဝတ်ရည်ကိုသောက်သုံးလိုသည့် ပျားပိတုန်းပမာ သူသည် နောက်ဆုတ်ရစမြဲ.။ခက်ခဲ လှသည့်အတွက်လည်း Krist ကို သူပိုလိုချင်နေမိသည်ထင်။
“Krist ..အယ် Sarki ရောက်နေတယ်ပေါ့”
မျက်နှာမအီမသာနှင့် Sarki ပုံစံမြင်ကတည်းက Krist ထံမှ ကန်ထုတ်ခြင်းခံရပြီးသည်ကို တွေးကာ Moko က ရယ်သည်။ ပေါင်လည်လောက်ရှိသည့် ပြာနုနု ဂါဝန်တိုလေးကို ဆင်ကာ ဆံပင်ဂုတ်ဝဲလေးနှင့် MoKo က တော်တော်လှသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ဂိုဏ်းအဆင့်ပွဲတွေတွင် Master ဘေးကနေတက်ရောက်တိုင်း တခြားဂိုဏ်းမှ ပုရိသတို့၏ မျက်စိကျဖွယ်နတ်သမီးတစ်ပါးလည်းဖြစ်သည်။

YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---