Part-15

7.8K 1K 66
                                    

ပြင်းထန်သည့် ကြာပွတ်ရိုက်ချက်သည် Moko ၏ ကျောပြင်ထက်သို့ကျရောက်လာသည်။ ပုံခနဲလဲကျသွားသည်ကို ကမန်း ကတန်း အားတင်းထကာ ဒူးထောက်ခစားသည်။ Master Haru ၏ မျက်နှာသည် အေးစက်တင်းမာလျက် ခက်ထန် နေသည်။ ဘေးနားတွင် တော့ Sarki မှာမူ ကြမ်းပြင်ပေါ်တွင်လဲလျက် လှုပ်ပင်မလှုပ်နိုင်တော့။

"ခေါင်းဆောင်တာဝန်ပေးလိုက်တာ ယုံကြည်လို့.။ငါ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ် Moko ။ ဘယ်လိုလုပ် ပြန်ရှာမလဲ အဲ့ဓါးကို-တောက်- သေသင့်တဲ့ဟာ"

ထပ်မံလွှဲရိုက်လိုက်သော ကြာပွတ်ချက်က တစ်စုံတစ်ယောက်၏ လက်တွင်ဖမ်းဆုပ်တားဆီးခြင်းကိုခံလိုက်ရသည်။ Master ၏ မျက်နှာပို၍မှောင်ကုတ်သွားသည်။

"ဘာကိစ္စလဲ Krist. ငါ့ ကို မင်းက တားဆီးရဲတယ်လား"

Krist က Moko မျက်နှာလေးကိုတစ်ချက်ကြည့်လျက် ဆွဲကိုင်ထားသည့် ကြာပွတ်ကို လွှတ်လိုက်သည်။ ဒူးပါ တစ်ဆက်တည်း ထောက်လိုက်၏။

"ဒီနေ့ကိစ္စမှာ ကျွန်တော်ပါ လိုက်သွားခဲ့ပါတယ်။ လုံးဝမတတ်သာတဲ့အခြေအနေမှာ တစ်ဖက်က သေချာကြိုတင်ပြင်ဆင်ထားပြီးသားမို့ -"

"မင်း ပါရဲ့သားနဲ့ ဒီလိုဖြစ်တယ်ဆိုတာ ပိုပြီး တာဝန်ကြီးသွားပြီ။ "

"အပြစ်ကိုခံယူပါ့မယ်။"

"ငါ ညှာမယ်မထင်နဲ့ Krist. ။"

Krist ခေါင်းငုံ့နေခြင်းဖြင့်သာ နာခံခြင်းကိုသိစေလိုက်သည်။ တုပ်တုပ်မျှ မရွေ့အောင် ဒူးတုပ်ထိုင်ရင်းကျောပေါ်ကျလာသည့် ကြာပွတ်ချက်များကို တောင့်တောင့်ခံသည်။ နာကျင်မှုကြောင့်မျက်နှာပျက်နေရသည်တွင် Krist ကိုကြည့်ကာ Moko က မျက်ရည် လည်သည်။အချက်တစ်ချို့လွှဲရိုက်ပြီးချိန်တွင်မှ Master က စိတ်လျှော့သည်။

"ပြန်ရဖို့နည်းလမ်းက မလွယ်တော့ပေမယ့် စဉ်းစားထား.။ကိုယ့်အပြစ်ကိုကိုယ်သုံးသပ်ကြ-"

Master ထွက်သွားတော့မှ စိတ်လျှော့လိုကိတော့သော Krist သည်လည်း ဘေးသို့လဲကျရတော့သည်။ Master သည်ငယ်စဉ် ကတည်းက ကြာပွတ်ဖြင့်သာ ရိုက်နှက်ဒဏ်ပေးတတ်သည်မို့ ဖြစ်နေကျပေမယ့် ရိုက်အား က လျော့သွားသည်သာ မဟုတ်ဘဲ အစဉ်တိုးလို့သာ လာသည်မို့ တစ်ခါအရိုက်ခံလိုက်ရတိုင်း သူတို့မှာမသက်သာ။

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now