Part-8

8.7K 1.1K 47
                                    

Master Haru ၏ မျက်နှာသည် အေးစက်နေသည်။ သူ ကိုင်နေကျ ကင်ဒိုဓားရှည်ကို အဝတ်ဖြူတစ်ခုဖြင့် ဖြည်းဖြည်းသာသာ ပွတ်သုတ်နေသည်။ Krist သည် ရှေ့တွင် ဒူးတုပ်ထိုင်လျက် မျက်လွှာချထားသည်။

သူသိတာပေါ့။တခြားသူသာဆို Master ၏ ဒေါသသင့်မှုကြောင့် ထိခိုက်ဒဏ်ရာ တစ်ခုခု ရမည်မှာမလွဲဧကန်ဖြစ်သော်ငြား Krist မို့လို့သာ လက်ဖျားဖြင့်မထိသေးသည်ကို။

"ဖြစ်နိုင်သလား Krist. မင်းက ခန် ကို မသတ်နိုင်ခဲ့ဘူးဆိုတာ။ Gozen မသတ်နိုင်တဲ့သူရှိသေးသလား.။"

"မလွဲသာတဲ့အခြေအနေကြောင့်ပါ Master. ။ ခန် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘေးကလူနဲ့တိုက်ခိုက်နေတဲ့ချိန် သက်တော်စောင့်တွေ ချက်ချင်းရောက်လာကြတာပါ။ လျှို့ဝှက်လှုပ်ရှားမှု မလို့ တန်ပြန်မတိုက်ခိုက်ဘဲ ထွက်လာခဲ့တာ Master နားလည်ပေးစေချင်ပါတယ်။"

Master Haru ၏ မျက်နှာ အနည်းငယ်တွန့်ကုတ်သွားပြီး ဓားရှည်ကို Krist ၏ လည်တိုင်ဆီ ခပ်ဆဆ ချိန်ရွယ်သည်။ Krist ဒီတစ်ခါတော့မျက်တောင်မခတ်ဘဲ ပြန်လည်စိုက်ကြည့်နေလိုက်သည်။ Hojo တွင် Master ကို ဤကဲ့သို့ပြန်ကြည့်ရဲသည်မှာ လည်း Krist တစ်ယောက်တည်းသာဖြစ်သည်။

"ဒါကို နားလည်တယ်။ ခက်တာက မင်း ဘာလို့ Mission မအောင်မြင်တာလည်းဆိုတာ ငါစဉ်းစားနေတာ.။မင်း သာဆို ခန်ကို အချိန်တိုအတွင်းသေချာပေါက်သတ်နိုင်မှာ.ဒါပေမယ့် ဘာလို့ လဲ "

"ပြောခွင့်ပြုပါ Master "

အခန်းတံခါးဝတွင်ရပ်ကာ ခွင့်တောင်းလာသူ Sarki ကြောင့် Master ကရွယ်ထားသည့် ဓားကို ပြန်ချကာ ခေါင်းညိတ် ပြလိုက်သည်။ Sarki သည် အဆောတလျင်ဝင်လာပြီးမှ ဘေးမှာထိုင်နေသည့် krist ကိုတစ်ချက်စောင်းငဲ့ ကြည့်သေးသည်။

"တခြားလူတွေသာဆို Krist က ပြောစရာမလိုအောင် လက်စသတ်နိုင်ခဲ့မှာပါ Master. ။ခုက Guardian ပါ.။ Taira ရဲ့ Guardian ခေါင်းဆောင်က Krist နဲ့တိုက်ခိုက်ခဲ့တာပါ။"

Krist ၏ အကြည့်စူးစူးတစ်ချက် Sarki ထံကျရောက်သွားသည်။ ကျောထဲစိမ့်ခနဲဖြစ်သွားသော်လည်း Sarki လျစ်လျူရှုလိုက်ကာ Master ထံသာ အကြည့်ပို့ထားလိုက်သည်။

နှစ်ပြည်ထောင်ချစ်ခရီးOù les histoires vivent. Découvrez maintenant