Part-7

8.7K 1.1K 91
                                    

တွေ့ဆုံပွဲတစ်လျှောက်တွင် Tay ၏ မျက်နှာက ပြုံးနေခဲ့သည့်အတွက် Singto တောင်အနည်းငယ်အံ့အားသင့်ခဲ့ရသေးသည်။ တစ်ဖက်က မိန်းမပျိုသည် Singto တို့မျိုးနွယ်စု၏ ကျန်းမာရေးကို တာဝန်ယူထားပေးသော ဆေးရုံအုပ်ကြီး၏ သမီးဖြစ်သည်မို့ သခင်ကြီးကမပျက်မကွက်သွားတွေ့ရန်မှာကြားခဲ့ခြင်းသာ။သို့ပေမယ့် မိန်းမပျိုကလည်း သူမ ဖခင်ဆန္ဒကြောင့်သာ မဖြစ်မနေ လာတွေ့ရပြီး သူမတွင်သက်ဆိုင်သူရှိကြောင်းကို အေးအေးဆေးဆေးရှင်းပြခဲ့ခြင်းဖြစ်သည်။
အပြင်ဘက် ပြန်ရောက်ပြီး ကားပေါ်ရောက်လာသည်ထိ Tay က ပြုံးစိစိဖြင့်။

"ပိုင်ရှင်ရှိတယ်တဲ့နော် သခင်လေး။ ကြည့်ရတ သခင်လေးက သဘောကျနေပုံရတယ်"

"အင်း သဘောကျတာပေါ့.။မထုံတတ်တေးမျက်နှာလေးရယ်။ ကြင်နာတတ်တဲ့ပုံပေါ်နေတဲ့ မျက်လုံးလေးတွေရယ်။အနေအေးတယ်လို့ထင်ရတဲ့ပုံစံလေးရယ်."

တကယ်ကိုပင် Tay ကမြင်ယောင်လျက် တွေးတွေးဆဆပြောနေခြင်းကို Singto က ဘေးချင်းကပ်ထိုင်နေရင်းမှ စောင်းငဲ့ကြည့် လာသည်။ မျက်မှောင်လည်းကြုံ့၏။

"ပြောနေတာ မိန်းကလေးကိုတော့ ဟုတ်ပုံမပေါ်တော့ပြန်ဘူး။မဟုတ်မှလွဲရော--"

"သူ့အကိုဝမ်းကွဲဆိုတဲ့ တစ်ယောက်လေ။ New ဆိုတဲ့တစ်ယောက်။ အားးးး အဲ့မျက်နှာလေးကို အသည်းယားလို့သေတော့မှာပဲ"

"ချက်ချင်းကြီး !"

Singto က ထောပနာပြုသည်ကိုတောင် Tay တို့ခွန်းတုံ့မပြန်နိုင်။ မျက်လုံးထဲတွင် New ၏ မျက်နှာလေးကိုမြင်ယောင်ကာ ပြုံးစိစိဖြင့် အတွေးရေယာဉ်ထဲ ဝဲနေတော့သည်။

"ဒီတစ်ခေါက်တွေ့ဆုံပွဲလောက် စိတ်ချမ်းသာစရာကောင်းတာမရှိဘူး။မိန်းကလေးကလည်းအေးဆေး။ဒါနဲ့ P' ကျွန်တော် မိန်းမ မယူဘဲ ယောကျာ်းယူလို့လည်းရတယ်မလား။ ချစ်ရတဲ့သူတွေ့ပြီမို့လို့ တွေ့ဆုံပွဲတွေမလုပ်လည်းရပြီလို့ Por ကိုပြောပေး.."

"အသက်လေးဖြည်းဖြည်းရှုဦး သခင်လေး။ ရူးသွားမှာစိုးလို့"

Singto ကရယ်ဟဟပြောတော့ Tay က မဲ့ကာ ကားပြတင်းဘက်ပြန်လှည့်လျက် ပြုံးရိပ်သမ်းနေပြန်သည်။ Tay ကိုကြည့်ကာ Singto ပြုံးမိသည်။ ဟိုဘက်က New ဆိုသည့် တစ်ယောက်က ခပ်အေးအေးပုံစံလေးနှင့်သူ့ညီမအတွက်အဖော်လိုက်ပေးခဲ့ ပုံပင်။ အဲ့လို အေးဆေးဆေး ဆရာဝန်လေးကိုမှ ခပ်ဂျစ်ဂျစ် Tay က ရည်စူးနေသေးသည်။ မတူညီသည့် ခံယူချက်တွေနှင့်မို့ Singto အသံထွက်၇ယ်မိသည်။

နှစ်ပြည်ထောင်ချစ်ခရီးKde žijí příběhy. Začni objevovat