Part-23

7.7K 964 26
                                    

Part-23

“သေချာစုံစမ်းပါ။ကျူပ်ကိုကိုယ်တိုင်ဦးတည်ချင်တဲ့ လူသတ်သမားကို အလွတ်ပေးလို့မရဘူး။ ကိုယ်က မသတ်ရင် ကိုယ့်ကိုသတ်သွားမယ့်သူတွေချည်းပဲ.။”

သခင်ကြီး Yoka ၏ မျက်နှာသည် တင်းမာခက်ထန်နေလေတော့ Singto၏ဖခင်ဖြစ်သူ Mr.Shinta က ခေါင်းညိတ်ကာ ထောက်ခံသည်။ဒါသည် Taira ၏သခင်ကိုထိပါးရန်ရှာသည့်ကိစ္စ။

“တော်သေးလို့ Singtoအမြန်ရောက်လာလို့သာပဲ.။သူရော ခု အိမ်တော်ပြန်ရောက်နေပြီလား။ ဆက်သွယ်လိုက်ပါဦး.။ကုန်သွယ်ရေးအမတ်ရဲ့သမီးနဲ့ တွေ့ဆုံပွဲလေးစီစဉ်ထားတယ်။သူ သွားတွေ့ပါစေ.။သဘောကျတော့လည်းကောင်းတာပေါ့.”

“ဟုတ်ကဲ့ သွားတွေ့ခိုင်းလိုက်ပါ့မယ်”

“အင်း ကျူပ်လည်း ကလေးတွေကို အိမ်ထောင်ပြုဦးစီးဦးရွက်လုပ်တာမြင်ချင်လှပြီ။ကျူပ်တို့တွေက အသက်ကြီးနေပြီမလား။”

“ဒါကြောင့် အမြန်ဆုံးလက်ထပ်ပေးပါ Por. ကျွန်တော် P’New နဲ့လက်ထပ်ချင်ပြီ”

ခြံဝန်းထဲရှိ နားနေဆောင်ငယ်လေးထဲ Tay က ရောက်လာပြန်ပြီ။အားတိုင်းထိုစကားသာရွတ်နေသည်မှာလည်း အထပ်ထပ်အခါခါ။သခင်ကြီး၏မျက်နှာက ဒေါသအပြင်စိတ်ရှုပ်ခြင်းပါ စွက်လာပြီဖြစ်၏။

“သွားစမ်း Tay ။ဒီမှာ စကားပြောနေတယ်.”

“ပြောလေ ဦးလေး Shinta က သူစိမ်းမှမဟုတ်တာ.။ကျွန်တော့်ဦးလေးဝမ်းကွဲပဲကို။ခုနကဟာဆက်ပြောပါရစေ Por.။ ပြောသလို Por လည်းအသက်ကြီးနေပြီ။ ကျွန်တော်တို့ကိုအိမ်ထောင်ရက်သားကျတာမြင်ချင်ပြီဆို ခုပဲ ပေးစားလိုက်ပါ။ ကျွန်တော်က P”New ကိုယူဖို့အဆင်သင့်ဖြစ်နေပြီ”

တဇွတ်ထိုးဆန်နေပုံကို Mr.Shinta က တိတ်တိတ်ခိုးပြုံးသည်။ သခင်ကြီးကတော့ တင်းမာနေသည့်မျက်နှာကမလျော့.။

“မဖြစ်နိုင်ဘူးလို့ပြောပြီးပြီလေ။ ဒီတိုင်းတွေ့ဆုံခွင့်ပေးထားတာက မင်းကိုငါမနိုင်လို့မဟုတ်ဘဲ လွှတ်ထားပေးတယ်ဆိုတာ နားလည်။ ငါ စိတ်တိုရင် ဘာမှမမြင်ဘူးဆိုတာ မင်း သိတယ်မလား။ မင်းရဲ့ကောင်လေးကိုလည်းလက်စသတ်ပစ်ဖို့ဝန်မလေးဘူး။ဒါ အပွင့်လင်းဆုံးပြောတာ.။”

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now