Part-26
ညနေစောင်းကာနီးထိ သူတို့နှစ်ယောက်သား စကားတစ်ခွန်းမှဆို တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်လျက် လှဲလျောင်းနေခဲ့ ကြသည်။ Singto က နမ်းတာထက်ပိုပြီး ဘာမှမလုပ်။ Krist ကလည်းဖြစ်စေချင်လွန်းလို့တော့ မဟုတ်ပေမယ့် တောင်းဆိုလာ ရင် လည်း ငြင်းဖို့စိတ်ကူးမရှိ။ လက်ထပ်ပြီးမှ အတူနေရတာတွေ ဘဝတစ်ခုတည်ဆောက်မှာတွေ ကို စိတ်မဝင် စား။ ကိုယ်တိုင်ကလည်း အဲ့လောက်ထိ စည်းကမ်းလိုက်နာတိကျတတ်သူမဟုတ်။
ထိုစဉ်တံခါးခေါက်သံထွက်ပေါ်လာ၍ နှစ်ယောက်လုံး လူးလဲထလိုက်ကြသည်။
“P’Singto သခင်ကြီးကGuardian Mate ကို မြို့စွန်အိမ်တော်ကိုခေါ်လာခိုင်းလို့ပါ။ Hojo က ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ပါတဲ့။ ပြီးတော့ P’Singto လိုက်လာစရာမလိုပါဘူးတဲ့.။”
အပြင်က အသံကို Singto ထပ်တုံ့ပြန်တော့မည်ပြုစဉ် Krist ကလက်မောင်းကိုဆွဲလျက် တားသည်။
“မလိုက်ခဲ့ပါနဲ့။ကျွန်တော့်ကိုခေါ်တာ ကျွန်တော်ပဲ သွားမှာပေါ့.။ကျွန်တော် Master နဲ့လည်းတွေ့ရမှာပဲ”
Singto စိတ်မချသလို ကြည့်နေမိသေးပေမယ့် ခေါင်းညိတ်ပြလိုက်သည်။ သူ ကာကွယ်ပေးချင်နေသည့် Krist က နူးနူးညံ့ညံ့ ပန်းကလေးတစ်ပွင့်မှမဟုတ်ဘဲ.။
“အင်း ဂရုစိုက်.”
Krist ခေါင်းညိတ်ပြလိုက်သည်။ အခန်းထဲမှ ထွက်လာတော့ အသင့်စောင့်နေသည့် ကိုယ်ရံတော် တစ်ချို့က Krist ကို လမ်းပြခေါ်ဆောင်သည်။ စိတ်တွေရှုပ်ထွေးနေရသည့်ကြားမှ Krist ပြုံးမိသွားသေးသည်။ လုပ်ကြံသူကို ကောင်းကောင်းမွန် မွန် ဆက်ဆံတာ Taira အိမ်တော်ပဲဖြစ်မည်ထင်။ဖြစ်နိုင်တာကတော့ သူက Guardian Mate ဖြစ်နေလို့သာ။
“Ri လည်း မတွေ့ဘူးနော်.”
“ဟုတ်ကဲ့ P’Ri က ခရီးထွက်သွားပါတယ်”
ကားပေါ်ရောက်တော့လည်း သူမေးတာကို ကိုယ်ရံတော်တစ်ယောက်က ရိုရိုသေသေပဲ ပြန်ဖြေသည်။ ဘေးကမြင်သမျှ မြင်ကွင်းတွေကိုသာကြည့်ရင်း လိုက်ပါလာခဲ့တော့သည်။
သူ အသက်သေဆုံးရမည်ကို ဘယ်တုန်းကမှမကြောက်ခဲ့ဖူးပါ။ ခုများတော့ ခက်နေပြီ။ သူ ရှင်သန်လိုသည်။ Singto နှင့် ဘဝတစ်ခုကိုဖြတ်သန်းလိုသည်။ ဘယ်ကစလို့ ဘယ်သူက စချစ်ခဲ့မှန်းလည်းမသိပေမယ့် သူတို့ကြားချစ်စကားတစ်ခွန်း အတည်မဆိုဖူးပေမယ့် ထိုသူကိုထားခဲ့ရမည်ကိုတော့ဖြင့် သူ စိုးရွံ့နေတတ်ခဲ့ပြီဖြစ်သည်။
YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---