Part-12

7.8K 1K 64
                                    

ခြံဝန်းအသေးလေးထဲတွင်ရှိသည့် အိမ်ငယ်လေးက ဂျပန်ရိုးရာအိမ်ကလေးဖြစ်သည်။ခြံထဲတွင် ပန်းပင်အချို့နှင့်မျက်စိပသာဒ လည်းဖြစ်သည်။ ဒါသည် Krist ၏အိမ်သို့ ပထမဦးဆုံးရောက်ဖူးခြင်းပင်။အခန်းနှစ်ခန်းလောက်ရှိပုံရပြီး ထိုင်ခုံစားပွဲဝိုင်းချထား သည့် ဧည့်ခန်းငယ်လေးရှိသည်။နံရံထောင့်က ဗီရိုပေါ်တွင်တော့ ပန်းပင်ပုံလေးတွေ၊ ငှက်ပုံလေးတွေနှင့်၊ချယ်ရီပန်းပုံတွေ krist ကိုယ်တိုင်ရိုက်ကာ ပုံထုတ်ထားပုံရသည်။တခြားရှုပ်ရှုပ်ယှက်ယှက်ဘာပစ္စည်းမှလည်းမရှိဘဲ အိမ်ကလေးက ရှင်းသန့်ဆိတ်ငြိမ် လှသည်။

ဒဏ်ရာကိုစိတ်ပူသောကြောင့် Krist သူငယ်ချင်းဖြစ် သည့် New ကိုခေါ်ကာ ပြစေချင်သော်လည်း Krist က အဲ့လောက်ထိ မလိုဟုဆိုကာ ဆေးသေတ္တာလေးကို သာ ယူလာသည်မို့ Singto ကိုယ်တိုင်ပဲ ဆေးထည့်ပေးလိုက်သည်။Krist ကလည်း ရပါတယ် တွေ အားနာလိုက်တာတွေ လုပ်မနေ။ ခပ်တည်တည် ပင် ခွေးခြေပုလေးပေါ်တင်ထားသည့်သူ့ခြေထောက် ကို ဆေးထည့် ပေးနေသည့် Singto ကို ခပ်ပြုံးပြုံးသာကြည့်နေမိသည်။ သူတို့အဖြစ်က ဘာနဲ့တူနေမှန်းကိုမသိတော့ပါဘူး။

“တစ်ခါမှမဖြစ်ဖူးပါဘူး။ဘယ်လိုဖြစ်ပြီး ကန်ထဲမှာ ထိခိုက်ရှနာစရာရှိနေတာလဲ.။သေသေချာချာကြီးကို ဟက်တက်ကွဲနေတာ.”

“အင်း---မပြောတတ်ဘူးလေ။ ကျွန်တော့်အလှည့်ကျမှကံဆိုးသွားတာနေမှာပေါ့။”

“ပိုပြီးသတိထား နောက်ဆို-”

Singto ဆေးထည့်ပေးနေခြင်းကိုလက်စသတ်ကာ ပလာစတာအကြီးဖြင့်ကပ်ပေးလိုက်သည်။ပြီးမှ ထိုင်ခုံပေါ် ပြန်ထိုင်၏။ ရေပူစမ်းမှာကတည်းက Krist ကဝတ်ထားသည့် ဘောင်းဘီအတိုပေါ်တွင် ထွက်ကာနီးမှ သူဝတ်လာသည့်အပေါ်ရုံ ရိုးရာ အင်္ကျီကို ခပ်မြန်မြန်ကောက်စည်းခဲ့တာဖြစ်တော့ အိမ်ရောက်တော့ ပြန်ချွတ်ထားသည့်အခါ အောက်ကဘောင်းဘီသည် ပေါင် အလည်အနားထိမရောက်တရောက်ဖြစ်နေမှန်း ခုမှ Singto သတိထားမိသည်။ ခြေတစ်ဖက်ထောင်ထားပေးသည်မို့ ဝင်းဥနေ သည့် ပေါင်အတွင်းသားတို့ကိုယောင်ကာ စေ့စေ့တောင်မကြည့်ရဲမိ.။Krist သည် မူမှန်စွာလည်း ဖြားယောင်းတတ်သေးသည်။

နှစ်ပြည်ထောင်ချစ်ခရီးDonde viven las historias. Descúbrelo ahora