သခင်ကြီး Yoka အပါအဝင် Singto ၏ဖခင်ပါ အိမ်တော်ထဲရောက်နေကြသည်။ အခြေအနေသည် တိတ်ဆိတ်နေသော်လည်း အေးစက်နေသည်။စားပွဲဝိုင်းရှေ့တွင် Aki သည် စိတ်ပျက်ခြင်းကြီးစွာဖြင့် မျက်နှာပျက်နေရသလို Singto သည်လည်း ခေါင်းငုံ့လျက်သား။
"ဘယ်လိုလုပ်ကြမလဲ Aki.ကျူပ်တို့ထက် Aki တို့ဘက်က ဆုံးရှုံးမှုပိုများမှာပဲကိုး။ဒီကိစ္စက ဘယ်လိုဖြစ်ရပါလိမ့်။လျှို့ဝှက်နံပါတ်က Aki တစ်ယောက်ထဲ သိတာပါနော်.။မနေ့က မသင်္ကာစရာများ ."
Singto ၏ဖခင်ဖြစ်သူ Mr.Shinta က စကားအရင်စသည်။ သခင်ကြီးကတော့ ငြိမ်နားထောင်နေ၏။ Aki ခေါင်းကို အသာခါယမ်း မိလိုက်သည်။မသင်္ကာစရာများ ဆိုတာရှိမှမရှိခဲ့ဘဲလေ.။မူမမှန်တာဆိုလို့ မူးနေကြသည့် Singto နှင့် သူသာ...ရေချိုးခန်းထဲမှာ.။ တခြားဘာမှ မတွေ့ရလောက်အောင် ညက အတော်လေးလည်း နှစ်ခြိုက်အိပ်ပျော်ခဲ့သည်မလား။မနက်လင်းလို့မှ သူ့ဘေးတွင် အိပ်ပျော်နေသည့် Singto မျက်နှာကိုငေးမိနေရင်းနှင့်မှ ကဒ်ကခေါင်းထဲ ဒိန်းခနဲရောက်လာကာ မတွေ့တော့သည့်အဖြစ်ကနေမှ စ-Singto ပါ နိုးလာပြီး ကိစ္စကိုသခင်ကြီးထံ အစီရင်ခံခဲ့ခြင်းဖြစ်သည်။
"အလုပ်ကိုဘယ်လိုလုပ်သလဲ Singto.လေလံပွဲပြီးသွားပြီဆိုပေမယ့် အဆုံးထိကာကွယ်ရမှာ မေ့လျော့တာ မင်း အပြစ်မင်းသိရဲ့လား.။"
"တောင်းပန်ပါတယ် Por. ကျွန်တော့်မှာ အပြစ်ရှိပါတယ်."
Mr.Shinta မျက်နှာသည် တင်းမာခက်ထန်နေသည်။ကျန်သည့်အချိန်များတွင် ပြုံးရွှင်ဖော်ရွေတတ်သော်လည်းအလုပ်ကိစ္စနှင့် ပတ်သက်လျှင် ပြတ်သားတိကျမှနှစ်သက်သည့်သူဖြစ်သည်။
"Singto အပြစ်လည်း မဟုတ်ပါဘူး။ ထိန်းသိမ်းရတဲ့ကျွန်တော် သတိလစ်ဟင်းသွားခဲ့လို့ပါ.။ဒီကိစ္စကို ကျွန်တော် အမြန်ဆုံးစုံစမ်းပြီး ဓါးကို ပြန်ရယူမှာပါ.။ Taira ဘက်ကပဲ ကျွန်တော်တို့ကိုပူးပေါင်းကူညီပေးပါ.။ကျွန်တော့် အဖေကို ကျွန်တော်ပဲ တာဝန်ယူရှင်းပြလိုက်ပါ့မယ်။"
"ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့.။ကျူပ်တို့ပိုင်နက်အတွင်းဖြစ်သွားတာ ကျူပ်တို့လည်းသံသယမကင်းသလိုဖြစ်စရာရှိတာမို့ အစွမ်းကုန်ကူညီပေးသွားမယ်။လေလံအောင်တဲ့သူဆီက ငွေမချေရသေးတာလည်း တစ်မျိုးကောင်းတာ ပေါ့.။သူ့ကိုတော့ပွင့်ပွင့်လင်းလင်းအသိပေးလိုက်တာကောင်းမယ်ထင်တယ်။ ကျန်တာတော့ လျှို့ဝှက်ပြီးစုံစမ်းတာကောင်းလိမ့်မယ်။"
YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---