“ကျွန်တော် မတွေ့ချင်ဘူးလို့ပြောပြီးပြီလေဗျာ။ဘယ်နှစ်ခါမြောက်တွေ့ဆုံပွဲကိုလုပ်ရဦးမှာလဲ။Por က ဘယ်တော့ပြီးမှာလဲ”
“သင့်တော်တဲ့အရွယ်မှာ မိန်းမကောင်းလေးနဲ့လက်ဆက်ပြီး ငါ့နေရာကို မင်းဆက်ခံရမှာ Tay. ဟိုပြေးဒီပြေးနဲ့ခြေမငြိမ်တဲ့ မင်းကို မိန်းမပေးစားချင်တာ ငါမလွန်ဘူးမလား။”
Tay ၏ မျက်နှာသည် စိတ်ပျက်ခြင်းအတိဖြင့် စားပွဲရှေ့ ဒူးတုပ်ထိုင်နေသလို သခင်ကြီး Yoka ၏မျက်နှာထားသည် လည်း နည်းနည်းမှမလျှော့။ဒီကလေးဒီအရွယ်ရောက်နေတာတောင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် စိတ်ဝင်စားခြင်းမရှိ။ထူးချွန်ပေါက် မြောက်ဖို့ကို အဘယ်မျှော်မှန်းအံ့။
“ကျွန်တော် မသွားချင်ဘူး။”
“Kan Tay.”
“ကဲ ခဏလေး ကျွန်မ ပြောပါ့မယ်ရှင်။သခင်ကြီးကလည်း စိတ်နည်းနည်းလောက်လျှော့ပေးပါ။ဟုတ်ပြီလား။”
သခင်မကြီးက လက်ဖက်စိမ်းအခါးရည်နှစ်ခွက်တင်ထားသည့်လင်ဗန်းလေး ကို စားပွဲပေါ်အရင်ချလိုက်ပြီးမှဆိုသည်။မှုန်ကုတ် နေသည့် သားဖြစ်သူကို ပြုံးလျက်ကြည့်ကာ-
“သားက ဘာလို့မသွားချင်တာလဲ Mae ကိုပြောပြပါဦး။ လက်ခံနိုင်တဲ့အကြောင်းပြချက်ဆို Mae တို့စဉ်းစားပေးမှာပေါ့နော်.”
အပြုံးချိုချိုဖြင့် သခင်မကြီးကို Tay ခဏစိုက်ကြည့်ပြီးမှ သက်ပြင်းချလိုက်သည်။
“ကျွန်တော် လက်မထပ်ချင်တာမဟုတ်ဘူး Mae. ဘယ်သူနဲ့မှမယူချင်တာ။ကျွန်တော်သဘောကျတဲ့သူ ရှိတယ်။”
“ဆိုစမ်းပါဦး မင်း မိန်းကလေးကို.”
သခင်ကြီးက ခပ်ဆတ်ဆတ်ဝင်ပြောပြန်တော့သခင်မက ဟန့်တားသည်။ သခင်ကြီး Yoka ကတခြားနေရာများတွင် အေးဆေး တညိငြိမ်ပြတ်သားသလောက် သားဖြစ်သူနှင့်ပတ်သက်လျှင်အမြဲ စိတ်တိုင်းမကျ ဖြစ်နေတတ်သည်။
“ကျွန်တော်တို့မိသားစုဆရာဝန်ကြီးရဲ့တူ ဒေါက်တာ New ။ ကျွန်တော် သူ့ကိုလိုချင်တယ်။”
“ဟမ် တူ ? ဒေါက်တာ New ဆိုတော့။ ဟေ့ကောင် မင်းယူချင်တာ ယောကျာ်းလေး လေ။မျိုးဆက်ပြန့်ပွားပြီး အိမ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်ဆို မင်း ကဘယ်နှယ့် ..မင်း လွန်ပြီ Kan Tay”

YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---