Part-24
“အဲ့ဒီတော့ Hojo ရဲ့ခေါင်းဆောင်က လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်က ကား အက်ဆီးဒင့်တစ်ခုဖြစ်ခဲ့သေးတယ်။တစ်ချိန်တည်းလိုလိုငါတို့သခင်ကြီးကလည်း အက်ဆီးဒင့် ကျူးလွန်ခဲ့ တယ်။ဖြစ်ခဲ့တဲ့အချိန်လည်းတူနေတယ်။Hojo ရဲ့ခေါင်းဆောင်အနားမှာ အနီးကပ်ဆုံးနေခဲ့တဲ့တစ်ယောက်က ခြေထောက် မသန်တော့လို့ အနားယူလိုက်တယ်တဲ့။ရှင်းရှင်းပြောရရင် ပစ်ထုတ်လိုက်တာပေါ့.။အဲ့တစ်ယောက်ရဲ့ဇာတိကို သွားပါ Ri။မဟုတ်သေးဘူး။ ငါပါလိုက်မယ်.အဲ့ဒီကိုအတူသွားကြစို့”
“ဟုတ်ကဲ့ P’Singto.ဒါပေမယ့် သခင်ကြီးကိုတည့်မေးလိုက်ရင် ရနိုင်သားနဲ့ ဘာလို့လဲလို့ကျွန်တော်မေးခွင့်ရှိမလား။”
စာရွက်စာတမ်းတစ်ချို့လက်မှတ်ထိုးနေရင်း Singto လက်တွေတုန့်သွားသည်။ပုံမှန်အားဖြင့် ဘယ်သူကမှ သူ့ကိုဒီလိုမေးခွန်း ပြန်မထုတ်ရဲကြပေမယ့် Ri က အနီးကပ်ဆုံးလူယုံဖြစ်တာကြောင့် ပြောရေးဆိုခွင့်အတော်ရှိသည်။
“အရေးကြီးလို့ပေါ့.။Taira နဲ့ Hojo က ဘယ်လိုပတ်သက်နေသလဲ သိရမှဖြစ်မှာမို့။ဒါမှ သူ့ကိုကာကွယ်နိုင်မယ်လို့ ငါ ထင်နေတယ်.”
“Krist လား P’Singto. မဟုတ်မှ လွဲရောဟိုနေ့က သခင်ကြီးကိုလုပ်ကြံတာ က-”
Singto ၏အကြည့်တစ်ချက်ကို Ri နားလည်ပါသည်ကြောင့်စကားစကိုရပ်လိုက်သည်။ သခင်ကြီးအတန်တန်စုံစမ်းနေပါလျက် စုံစမ်းမရသည်မှာ Singto ကာဆီးထားလို့များလား။ ဖြစ်နိုင်ချေအရှိဆုံးက ဒါပဲဖြစ်သည်။
“ငါ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး Ri. ဒီလောက်ဆို မင်း နားလည်မယ်ထင်တယ်။ခရီးထွက်ဖို့ပြင်ဆင်လိုက်တော့။ငါ အိမ်တော်ကိုအကြောင်းတစ်ခုပြလိုက်မယ်။”
Ri ခေါင်းညိတ်နာခံလျက် အခန်းထဲမှ ထွက်သွားချိန်တွင် ထိုင်ခုံကျောမှီကို မှီချပြီး မျက်လုံးတွေစုံမှိတ်လိုက်မိသည်။သူ့ကို ပြန်ပေးဆွဲသည့်ကိစ္စကိုတော့အသာထား။ Krist ၏ကိစ္စကို အရင်ဦးတည်ရသည်။ အဖြေမရှာနိုင်သေးသောအခြေအနေတွင် စိတ်တွေပူလောင်ရှုပ်ထွေးလွန်းလှပါသည်။ အဖြေရှာတွေ့လျှင်တောင် ပြေလည် မည်လား မသိသော်လည်း တစ်ခုခုစဉ်းစားလို့တော့ လမ်းပေါ်လာနိုင်မည်ဟုမျှော်ကိုးရမသည်မို့ ။

KAMU SEDANG MEMBACA
နှစ်ပြည်ထောင်ချစ်ခရီး
Fiksi Penggemar#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---