Part-3

12K 1.2K 51
                                    

Hojo အိမ်တော်ထဲသို့ Krist ၀င်လာသည်နှင့် အစောင့်ငယ်သားများက ဦးညွှတ်လျက်အရိုအသေပေးကြသည်ကို Krist ပြန်ပြုံးပြလျက် ခေါင်းညိတ်ပြခဲ့သည်။ ငယ်သားတို့သည် အမြဲလိုလို Krist မျက်နှာထက်ကအပြုံးကို နှစ်သက်ကြသည်။ သဘောကျကြသည်။ ထို့ပြင် ကြောက်လည်းကြောက်ကြသည်။ Krist သည် အပြုံးတစ်ဖက်နှင့် လူသတ်ရက်သူ။

“Master က မင်းကိုစောင့်နေတယ် Krist.။ ကြာနေပြီ”

ဂျပန်ဘာသာစကားဖြင့် ဆီးကြိုလာသည့် အသံရှင်ကို Krist နှုတ်ခမ်းတစ်ချက်တွန့်လျက် တုံ့ပြန်လိုက်သည်။ အိမ်တော် ဧည့်ခန်း အတွင်းတွင် Master Haru သည် လက်ဖက်ရည်ပန်းကန်လေးကိုမလျက် အဆိုပြုလေသူ Sarki ၏ စကားကို အသာလေးခေါင်းခါပြသည်။

“နေပါစေ။ Krist ပင်ပန်းလာမှာပေါ့ Sarki ရဲ့”

“စိတ်မရှိပါနဲ့ Master.ကျွန်တော့် အားလပ်ရက်ဆိုတော့ အပြင်ထွက်သွားလိုက်တာ.။   ဒီရောက်မှ Master စောင့်နေမှန်းသိတာပါ။ ဖုန်းလည်းမယူသွားမိဘူးလေ။”

Krist က အပြုံးမပျက်ပင် ဖြေရှင်းချက်ထုတ်လျက် နေရာတွင် ပုဆစ်တုပ်ဝင်ထိုင်သည်။ Sarki က တော့ မည်သူမျှ မမြင်အောင် မဲ့ရွဲ့လိုက်သေးသည်။ဘယ်လို အကြောင်းမျိုးနှင့် စိတ်ဝင်စားမှုရယူယူ Krist က တော့သူ့ကိုအာရုံမရှိလာတာခက်သည်။

Moko ဆိုသည့် မိန်းကလေးကတော့ အခါးအိုးကိုမလျက် Krist အတွက် တစ်ပန်းကန်ထည့်ပေးလိုက်သည်။

“ကိစ္စမရှိဘူး။ Moko. လူစုံပြီမို့ ဟိုတစ်ကောင်ရဲ့ကိစ္စကို ပြောပါဦး”

“ဟုတ်ကဲ့။ သူ့သေဆုံးမှုကို နောက်လိုက်တွေကတော့ စုံစမ်းနေတယ်ဆိုပေမယ့် ထိထိရောက်တော့မရှိပါဘူး။ ရိပ်မိတဲ့သူတွေကတော့ ကျွန်မတို့ Hojo အုပ်စုရဲ့လက်ချက်ဆိုတာရိပ်မိကြတယ်။ အဲ့ဒါကြောင့် Taira ရဲ့ပိုင်နက်ထဲမှာ ဖြစ်ခဲ့တာတောင် Taira တွေက မသိချင်ယောင်ဆောင်နေခဲ့ပါတယ် Master.”

“အဟွန်း --အေးပေါ့ Taria အုပ်စုက အနေတတ်ဆုံးအုပ်စုပဲကိုး.။ ကဲ ထပ်ပြီးကိစ္စအကြောင်းရင်းလေး ပြောမယ် Krist.။ မကြာခင်မှာ ဆာမူရိုင်းတွေရဲ့ ရှေးဟောင်းဓားတစ်လက် ကို မျိုးနွယ်စု တစ်ခုက လေလံတင်ဖို့ရှိလိမ့်မယ်။ ဒါပေမယ့် အဲ့လေလံပွဲမှာ ငါတို့က အနိုင်ရမယ်ဆိုတာ မသေချာလေတော့ ဒီကြားထဲ ဓားကို ငါတို့လက်ထဲရလာဖို့ နည်းလမ်းကြံဆရမယ်။ ဓားတစ်လက်ရဲ့ဈေးက မှန်းတောင်မမှန်းနိုင်တဲ့ ပမာဏမို့ လုံခြုံရေးတွေလည်း တင်းကြပ်လိမ့်မယ်။ အချိန်ရသေးတာကြောင့် မင်း ထဲထဲဝင်ဝင်လေ့လာပြီး အောင်မြင်ဖို့လိုတယ် Krist ။လိုအပ်ရင်ကြိုက်တဲ့နည်းလမ်းသုံးနိုင်တယ်။ မင်းရဲ့ ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး စုံစမ်းဖို့လိုရင်လည်း လိုမပေါ့.။ဒီအတောအတွင်း အိမ်တော်ကို မင်း မလာလို့လည်းရတယ်။”

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now