Part-10

8.6K 1.1K 92
                                    


ဖြတ်ခနဲပွင့်လာသည့်မျက်လုံးနှင့်အတူ ကျင့်သားရနေသည့်စိတ်က ချက်ချင်းပင် ထထိုင်လျက် ပတ်ဝန်းကျင်ကို အသင့်အနေထား ဖြင့် စေ့စပ်ကြည့်ရှုလိုက်သည်။
အခင်းအကျင်းက ဟိုတယ်တစ်ခု ဟု သရုပ်ပြနေသည်။မနေ့က မှတ်ဥာဏ်တွေကို ဖြည်းဖြည်းချင်းပြန်ခေါ်တော့ ဘားတွင် သောက်တာများပြီး Singto ရင်ခွင်ထဲတွင် စိတ်ချလက်ချ အိပ်မောကျခဲ့မိတာကိုသတိရ၏။

“Shit-- ရူးနေလို့ ငါ ကသတိလွတ်ရတာလား။”

ဒါသည်လည်း Krist မဖြစ်ခဲ့ဖူးသည့်အပြုအမူပါပဲ။ လျှို့ဝှက်လှုပ်ရှားနေသည့် ဘဝတွင် မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်ခဲ့ ဖူး။ သတိလက်လွတ်မနေခဲ့ဖူး။

“နိုးပြီလား။ ဗိုက်ဆာနေပြီထင်တယ်.”

ရေချိုးခန်းထဲကနေ Bathrobe လေးဖြင့်ထွက်လာသည့် Singto ကိုမြင်မှ မျက်ခုံးတို့ပင့်သွားရသည်။ ထပ်ပြီးသတိလွတ်မိခဲ့ပြန် တာပဲ.။Krist လိုလူက ရေချိုးးခန်းထဲတွင် လူတစ်ယောက်လုံးရေချိုးနေတာကို မသိဘူးတဲ့လား။

“နည်းနည်းပါ ခေါင်းတော့ ကိုက်တယ်.”

“အရက်မူးပြေဖို့ အာဟာရပြည့်ဝတဲ့ မနက်စာ စားပေးရတယ်.။ခဏနေ အခန်းထဲကိုပဲလာပို့ပေးလိမ့်မယ်။ မင်း ရေအရင်ချိုးရင်ချိုးလိုက်လေ.”

Singto က တဘက်ဖြင့်ရေစိုနေသည့်ခေါင်းကို နာနာသုတ်သည်။ မွေ့ရာပေါ်က ဆံပင်စုတ်ဖွားနှင့် Krist ကိုကြည့်နေဟန်မှာ လည်း ပြုံးစစဖြင့်ကျီစယ်ချင်နေသည့်နှယ်။

“မင်း ကမနက်ခင်းမှာတောင် ဆွဲဆောင်မှုရှိတာပဲ။ ဘယ်လိုလုပ်မလဲ ကိုယ် မင်းကို မနက်တိုင်းမြင်ချင်ရင်-”

ဖွာနေသည့်ဆံစတို့ကို တစ်ချက်ဖွလျက် krist က ရယ်သည်။ မွေ့ရာပေါ်မှဆင်းလိုက်ကာ Singto ရှေ့သို့လာရပ်သည်။ ရင်ဘတ် ဟနေသည့် Singto ၏ အင်္ကျီစနှစ်ဖက်ကို ဆွဲစိပေးကာ--

“ခင်ဗျားလည်း အဲ့လောက်ဆွဲဆောင်မှုမရှိနဲ့လေ.။တော်ကြာ ကျွန်တော်လည်း ခင်ဗျားကိုတစ်ချိန်လုံး မြင်ချင်နေမှ ခက်မယ် P’Sing-”

“အဟွန်း-- မင်း တကယ်ကို မပြောရဲတာမရှိဘူးပဲ.”

“အရင် ပြောရဲတာ P’Sing မဟုတ်ဘူးလား.။ ကဲ-- မနေ့ညက ကျွန်တော့်သူငယ်ချင်းကိုရော ဘယ်ပို့လိုက်လဲ.”

နှစ်ပြည်ထောင်ချစ်ခရီးTempat cerita menjadi hidup. Temukan sekarang