Part-28
ဆေးပိုက်တန်းလန်းဖြင့် နိုးမလာသေးသည့် သက်ဆိုင်သူကိုကြည့်ကာ Singto ပူလောင်လွန်းလှသည်။ဘဝတွင် နှစ်ကြိမ်တိတိ သောအခေါက်ကသာ လူကိုထိတ်လန့်ကြောက်ရွံ့စေခဲ့ဖူးသည်။ပထမတစ်ခါ သူ ငယ်စဉ် Mae ကွယ်လွန်သွားတုန်းက.။ယခု ဒုတိယတစ်ခါက မျက်စိရှေ့က ချစ်ရသူ။
“သတိရလာမှာပါနော် ဒေါက်တာ.။တကယ်ဘာမှမဖြစ်ဘူးမလား.”
“ဘာမှမဖြစ်ပါဘူးခင်ဗျ. လိုအပ်တဲ့ကုသမှုတွေလည်းလုပ်ထားပြီးပါပြီ။သာမန်လူဆို မသိပေမယ့် Krist ကတော့ကြံ့ခိုင်တဲ့သူပါ။ ဒါကို P’Singto လည်းကောင်းကောင်းသိတယ်မလား။ သူကျော်လွှားနိုင်မှာပါ။”
New က နှစ်သိမ့်သလို ပြုံးပြတော့ အသာပြန်ပြုံးပြလိုက်သည်။ ဟုတ်ပါသည်။ Krist ကဘယ်သူမို့လို့လဲ.။Killer လေး Gozen.။ဒီလောက်တော့ အသာလေးဖြတ်ကျော်နိုင်ပါလိမ့်မည်။ စိုးရိမ်တာကသက်သက်ဆိုပေမယ့် Krist ကို သူယုံကြည်ပါ သည်။
“P’ New..”
ရုတ်တရက်ဆိုသလို အခန်းပေါက်နားဆီက ကြားလာရသည့် တိုးဖွဖွလေသံကြောင့် Newလှည့်ကြည့်လိုက်မိသည်။ မျက်လုံးအစုံပြူးကျယ်သွား၏။ Tay ၏တစ်ကိုယ်လုံး သွေးစွန်းလျက်သားနှင့်.။ဆောင့်တိုးလာသည့်စိုးရိမ်စိတ်နှင့်အတူ အပြေးသွားကာ မျက်ရည်တွေပါ ဝိုင်းလာရသည်။
“ဘယ်လိုဖြစ်တာလဲ. ဘယ်လိုလုပ်ပြီး Tay ရယ်။ ဒဏ်ရာက ဘယ်မှာလဲ.။ခဏလေး ခဏလေး..ဆေးအရင်ထည့်ရမှာပေါ့.။ဆေးအိတ်--”
“ခဏ-P’ ခဏ..ကျွန်တော်ဘာမှမဖြစ်ဘူး ကျွန်တော့်ကိုကြည့်.”
အထိတ်ထိတ်အလန့်လန့်ဖြင့်ဆောက်တည်ရာမရသည့် New ကြောင့် သူစတာလွန်သွားသည်ကို နောင်တရမိသည်။မျက်နှာ ပေါ်က ဒဏ်ရာတွေနှင့် လက်မောင်းထက်က ပြတ်ရှရာတွေကတော့ အစစ်ဆိုပေမယ့် ကိုယ်ပေါ်စွန်းနေသည့် သွေးတို့က တိုက်ခိုက်ခြင်းကြောင့် တခြားသူ သွေးတွေစွန်းထင်းလာတာ.။ သူ စမ်းသပ်ကြည့်ချင်ခဲ့သည်။အမြဲ သူကပင် သည်းသည်းလှုပ်ခဲ့ ပေမယ့် မတုန်မလှုပ်လေးကို ခဏလေးဖြစ်ဖြစ် စနောက်လိုက်မိတာ။
“ဒဏ်ရာက နည်းနည်းပါ.။ဒါတွေက တိုက်ခိုက်ရင်းစွန်းလာတာ.”

YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---