Part-25
သူလျှို ပေးပို့လာသည့် Message ကိုကြည့်ရင်း Master Haru မျက်မှောင်ကြုံ့သွားသည်။ ပြီးတော့ ဟက်ခနဲရယ်သည်။ တကယ်ကို Singto ဆိုသည့် Guardian ခေါင်းဆောင်က လျှော့တွက်လို့မရဘူးပဲ။
“Master—Krist ဖမ်းခံမိထားတယ် ။ Sarki က အဲ့ဘက်ကိုသတင်းပေးလိုက်တာ။ အဲ့ဒါ ဘယ်လိုလုပ်ကြ-”
အလောသုံးဆယ်ပြေးဝင်လာသည့် Moko သည် လက်ကာပြသည့် Master ကြောင့် တုံ့သွားရသည်။ခြံဝန်းထဲရှိ ရေကန်ငယ်ကို ကြည့်နေသည့် master က သူမကိုကျောပေးထားရာကနေ လှည့်ကြည့်လာသည်။ တည်ငြိမ်အေးစက်နေသည့် ပုံစံကြောင့် Moko အနည်းငယ်အံ့သြသွားသည်။ Krist ကို Master က စိတ်မပူဘူးလား။ ပြီးတော့ Sarki သစ္စာဖောက်ပြီး နောက်ကျောကို ဓါးနဲ့ထိုးတာကိုရော ဒေါသမထွက်ဘူးလား။
“မင်း စိတ်ထဲမှာပြောချင်နေတာတွေ ငါ အားလုံးသိတယ် Moko ။ Sarkiကို အပြစ်ပေးစရာမလိုဘူး။ ငါကိုယ်တိုင်ခိုင်းလိုက်တာမို့.။ပြီးတော့ Krist ကိုငါ ကယ်ထုတ်စရာမလိုဘူး။ အဲ့ဘက်ကနေ ငါ့ကိုဆက်သွယ်လာလိမ့်မယ်။အဟက်--ဟက် ဒါမျိုးပွင့်ပွင့်လင်းလင်းမေးမြန်းရတာကို Yoka ကသိပ်ကြိုက်တတ်တာလေ.။”
“ဒါပေမယ့် Master. Krist က လုပ်ကြံသူအနေနဲ့အဖမ်းခံထားရတာပါ။ အဲ့ဘက်က နှိပ်စက်ညှင်းပန်းမှုမလုပ်ဘူးလို့ ပြောလို့မရဘူးမလား။ Taira က သူ့ကိုမထိရင် အေးဆေးနေတတ်ပေမယ့်ထိလာရင် အဆုံးစွန်ထိရက်စက်တတ်တယ်ဆိုတာ Master လည်းသိတယ်မလား။ Krist တစ်ယောက်ထဲ-”
“စကားတွေတအားကိုများနေပါလား Moko. ဒဏ်ရာရတာလောက်တော့ Gozen က မှုစရာလား။ငါသူ့ကို ဘယ်လိုလေ့ကျင့်ပေးခဲ့သလဲ.။ပြီးတော့ သူ့ကို Yoka နှိပ်စက်ပါစေ. ငါ ပိုတောင်ကြိုက်သေးတယ်။ အဟား--ဟား---”
စိတ်လွတ်သူတစ်ယောက်လို ဟားတိုက်ရယ်မောနေသည့် Master ကိုကြည့်ကာ Moko ကြောင်ရပ်နေမိသည်။ဘာလို့လဲ။ Taira ၏ ခေါင်းဆောင် သခင်ကြီး Yoka နှင့် Master Haru က ဘယ်လိုပတ်သက်မှုများရှိနေခဲ့ပါလဲ။လွန်ခဲ့သောနှစ်တွေက ထိတ်တိုက်ရင်ဆိုင်ခဲ့ဖူးသည်များ မရှိပေမယ့် ခုမှ ဘာလို့ပါလဲ။
“Master ။ ဟိုဘက်က ဆက်သွယ်လာပါတယ်။ သူတို့အိမ်တော်တစ်ခုနေရာကိုပေးပို့ထားပြီး စိတ်မချရင် လိုအပ်တဲ့ လူအင်အားပါခေါ်လာဖို့ Taira ၏ပြောရေးဆိုခွင့်ရှိတဲ့ Mr.Shinta က ပြောလာပါတယ်။ ပြောရမယ်ဆို စိန်ခေါ်တာပဲမလား Master.”
YOU ARE READING
နှစ်ပြည်ထောင်ချစ်ခရီး
Fanfiction#BOTH WITH ZAWGYI & UNICODE #COVER ARTIST -LucyXellies Artwork is mine and don't allow to reupload. နှလုံးသားက အဖြူစင်ခဲ့ဆုံးဆိုတာတော့ ယုံ---